ခန္ဓာကိုယ်တွင်း အဆီပိုတွေဟာ ကျန်းမာသန်စွမ်းလိုသူတွေအတွက်တော့
ရန်သူတွေပါပဲ။ တခါတရံမှာ ဝလာစေတယ်လို့ ထင်ရတဲ့ အရာတွေက ဝိတ်ကျဖို့အတွက်
အကူအညီပေးတဲ့ အစားအစာတွေ ဖြစ်နေတက်ပါတယ်။
အောက်မှာဖော်ပြမယ့် အစားအစာ (၆) မျိုးက သင့်ကိုဝိတ်ကျဖို့ အကူအညီပေးတယ်ဆိုရင် အံ့သြမသွားလိုက်ပါနဲ့။
၁။ အုန်းဆီ
အုန်းဆီဟာ အခြားဆီတွေလို ခန္ဓာကိုယ်အတွင်း ကိုလက်စထရောတွေ ကိန်းအောင်စေတဲ့ ဆီတစ်မျိုး မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့
အဆီပိုတွေကိုတောင် တိုက်ဖျက်ပေးပါတယ်။ အုန်းဆီက အသည်းကို တန်းရောက်သွားစေတဲ့ အစားအစာပါ။
၂။ ထောပတ်သီး
ထောပတ်သီးမှာ အဆီအက်ဆစ်တစ်မျိုး ထူးကဲစွာ ပါဝင်ပါတယ်။ အဲဒီအဆီအက်ဆစ်က ကိုယ်အတွင်းရှိနေပြီး မကောင်းတဲ့ ကိုယ်လက်စထရောတွေကို
ဖယ်ရှားပေးပါတယ်။ ဒါကြောင့် ထောပတ်သီးကို နေ့တိုင်းစားပါ။
၃။ ဆယ်လ်မွန်ငါး
မွေးမြူရေးငါးတွေဟာ
သင့်အတွက် လုံလောက်တဲ့ အာဟာရဓာတ်ကို ပေးစွမ်းနိုင်စွမ်း မရှိပါဘူး။
ဆယ်လ်မွန်ငါးကို ကင်ပြီးပဲ ဖြစ်ဖြစ်စားနိုင်ပါတယ်။
မနက်ပိုင်းမှာ ကြက်ဥသို့မဟုတ် ဆလပ်ရွက်နဲ့ တွဲဖက်စားသင့်ပါတယ်။
၎။ ထောပတ်
အဆီခဲကို သန့်စင်ထားတဲ့ ထောပတ်တစ်မျိုးကလည်း သင့်ကို ဝိတ်ကျဖို့ ကူညီပေးနိုင်ပါတယ်။ အသုံးများကြတဲ့ ထောပတ်မျိုး မဟုတ်ပဲ
အရည်အနည်ငယ် ပါတဲ့ ထောပတ်က သင့်ထံက အဆီပိုတွေကို ဖယ်ထုတ်ပေးပါတယ်။
၅။ သံလွင်ဆီ
သံလွင်ဆီကတော့ အဆီကျစေတာ အားလုံးသိထားပြီးသား အရာပါ။ အစာလည်း မြန်မြန်ကြေညက်စေပါတယ်။
၆။ ကြက်ဥ
အချို့ ကြက်ဥအနှစ်က ဝစေတယ်လို့ အယူရှိကြပါတယ်။ စားသာစားပါ။ အနှစ်ကိုရွေးစားရင် ပိုတောင် အဆင်ပြေနိုင်ပါတယ်။ ကြက်ဥအနှစ်မှာ ဗီတာမင်
A, D, E နဲ့ ကယ်ဆီယမ်ဓာတ်တွေပါသလို ဗီတာမင် B6 နဲ့ B12 လည်းပါဝင်ပါတယ်။
Credit: duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဒီအစားအစာတွေက ဝိတ်ကျစေတယ်ဆိုရင် သင်အံ့သြသွားလိမ့်မယ် ..
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။