၁ - မိဘတွေထက် မောင်နှမတွေနဲ့ ပိုနေပေးပါ။
၂ - နားထောင်ပေးပါ။ မိဘတွေထက် သင်က သူတို့နဲ့အသက်မကွာပါဘူး။ သူတို့တွေ သင့်ကိုနောက်တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သူတို့ပြောတဲ့စကားကို နားထောင်ပေးပါ။
၃ - သူတို့ပြောတာကို အတည်ငြိမ်ဆုံးပုံစံနဲ့ နားထောင်ပါ။ သူတို့ရဲ့အမြင်ကို သေချာသိပြီဆိုမှ မှတ်ချက်ပေးပါ။
၎ - မိဘတွေကို ကူညီပြပါ။ မိဘတွေနဲ့ပက်သက်ပြီး သူတို့အပြစ်လုပ်မိမှ ကိုယ်ကဆူတာမျိုး၊ အပြစ်တင်တာမျိုးလုပ်မယ့်အစား သူတို့ရှေ့မှ မိဘတွေကို ကူညီပြပါ။
၅ - မိသားစုမှာ ကိုယ်က အကြီးဆုံးဆိုတဲ့အနေအထားကို လက်ခံပါ။ မောင်နှမတွေနဲ့ မိဘကြား ပေါင်းကူးပေးသူအဖြစ်နေပါ။ ကိုယ်က မောင်နှမတွေနဲ့အသက်မကွာသလို အကြီးဆုံးဖြစ်တဲ့အတွက် မိဘတွေကိုလည်း နားလည်သူဖြစ်ပါတယ်။
၆ - အငယ်တွေကလည်း သင့်ကိုပျော်အောင်လုပ်ရတာ ကြိုက်ပါတယ်။ သင့်ကို ကူညီပေးချင်ရင်ခွင့်ပြုပါ။ သူတို့စတာလေးတွေကို ခွင့်လွှတ်ပါ။
၇ - အငယ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။
၈ - သင်ကိုယ်တိုင်ဆုံးဖြတ်ဖို့ ဝန်လေးနေတာမျိုးမှာ မိဘတွေနဲ့တိုင်ပင်ပါ။
၉ - ကိုယ့်အတွက်လည်း အချိန်ယူပါ။ ဒီအချိန်မှာတော့ ကလေးလိုနေပါ။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အစ်မကောင်း တစ်ယောက်ဖြစ်အောင် ဘယ်လိုနေမလဲ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။