iMyanmarHouse.com - Best Property Website for Myanmar
×

သင်က သင်ထင်ထားတာထက် ပိုခံနိုင်ရည်ရှိပါတယ်။ ကိုယ်က သတ္တိရှိရှိနဲ့ တစ်ယောက်ယောက်ကိုချစ်မိလိုက်ပြီဆိုရင် အသည်းကွဲလာရင်လည်း ခံနိုင်ရည်ရှိရမှာ ဓမ္မတာပါပဲ။

၁။ သင်ယူလေ့လာပါ

ကိစ္စတိုင်းမှာ သူ့အကြောင်းပြချက်နဲ့သူ ရှိပါတယ်။ ချစ်မိသွားတာလည်း အကြောင်းပြချက်တစ်ခုခုရှိနိုင်သလို လမ်းခွဲပြီးအသည်းကွဲနေရတာလည်း အကြောင်းပြချက်တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်သူဖြစ်နေတုန်းက ကြုံခဲ့တဲ့အရာတွေကနေ သင်ယူမှတ်သားထားပါ။ အမှတ်သည်းခြေရှိပါ။

၂။ ထွက်သွားခွင့်ပေးလိုက်ပါ

ဇာတ်လမ်းဟောင်းပြီးသွားရင် ဇာတ်လမ်းသစ်စပါလိမ့်မယ်။ အသည်းကွဲနေရင် ခံစားလိုက်ပါ။ ထွက်သွားတဲ့သူကိုတော့ တသသနဲ့ အတင်းပြန်ဆက်သွယ်မနေပါနဲ့။

၃။ အချစ်ကို ယုံကြည်မှုလျော့မသွားနဲ့

အခုအဆင်မပြေဘဲအသဲကွဲရလို့ အချစ်ကိုမယုံတော့တာမျိုး မဖြစ်ပါစေနဲ့။ အချစ်ကြောင့်ခံစားရတယ်ဆိုရင်တောင် တန်ပါတယ်။ ထပ်ချစ်ဖို့ကိုလည်း မကြောက်ပါနဲ့။ သင့်တစ်သက်တာအတွက် အကောင်းဆုံးအချစ်မျိုးထပ်မတွေ့တော့ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

၎။ ဒါလည်းပဲ ပြီးသွားမှာပါ

ကိုယ်က အကောင်းဆုံးချစ်ပေးခဲ့ပြီးပြီပဲ။ ရှိသမျှသတ္တိတွေနဲ့ အချစ်ဆိုတာကို ယုံကြည်ခဲ့ပြီးပြီပဲ။ အဲ့လောက်ရင်းခဲ့ပြီး အခုအသည်းကွဲတဲ့အခါမှာမှ လက်မလျှော့လိုက်ပါနဲ့။ ဒီကိစ္စတွေက အချိန်ကြာလာတာနဲ့အမျှ အနည်ထိုင်သွားမှာပါ။ အားလုံး ကောင်းကောင်းမွန်မွန် ပြီးဆုံးသွားပါလိမ့်မယ်။

Credit ; Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top