၁ - စတွေ့တုန်းက
စတွေ့တုန်းက သူ့ဘက်က ဘယ်လိုခံစားရတယ်၊ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မေးသင့်ပါတယ်။
စတွေ့တုန်းက သင်မထင်တဲ့ ခံစားချက်မျိုး၊ အမြင်မျိုး
သူ့မှာရှိနေနိုင်ပါတယ်။ သင်မမှတ်မိတာတွေကိုတောင် သူက မှတ်မိနိုင်ပါတယ်။
၂ - သူအကြိုက်ဆုံးနေ့
သူအကြိုက်ဆုံးနေ့က ဘယ်လိုမျိုးလဲဆိုတာ မေးသင့်ပါတယ်။ မိုးအေးအေးမှာ
စာအုပ်လေးတစ်အုပ်နဲ့ ကွေးနေရတာမျိုးလား၊ ဘော်ဒါအပေါင်းအသင်းတွေနဲ့ အတူတကွ
ရှိရတဲ့နေ့တွေလား။ သူ့အကြောင်းအားလုံးသိတယ်လို့ ထင်ပေမဲ့
ဒီလိုမေးခွန်းလေးတွေကနေ သင်မသိသေးတဲ့ အသစ်တစ်ခုခုကို သိလာနိုင်ပါတယ်။
၃ - ဂုဏ်အယူဆုံး
သူ့ကိုသူ ကျေနပ်ဂုဏ်ယူခဲ့တဲ့ အဖြစ်အပျက်က ဘာလဲလို့ မေးသင့်ပါတယ်။ သူက
အမှန်တိုင်းဖြေမှာ မဟုတ်ပါဘူး။ ကောင်လေးတော်တော်များများက သူတို့ကောင်မလေးက
ငကြွားလို့ထင်သွားမှာ ကြောက်ကြပါတယ်။သိပ်အရေးမကြီးဘူးလို့ထင်တဲ့
အဖြစ်အပျက်လေးတွေကို ပြောပြပါလိမ့်မယ်။
၎ - အနာဂတ်
အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ မသိချင်ဘူးလားလို့ မေးသင့်ပါတယ်။ သူကရယ်ရင်
ရယ်ပါလိမ့်မယ်။ ဒါပေမဲ့ သိရမယ်ဆို ဘာတွေ သိချင်လည်းမေးပါ။ ဘယ်လိုအလုပ်မျိုး
လုပ်ဖြစ်နေမယ်ထင်လဲ၊ မိန်းမရရင်ကော ကလေးတွေ ဘယ်နှယောက်လောက် ရနေမလဲ၊
သူလက်ထပ်တာကကော ဘယ်လိုမိန်းကလေးမျိုးဖြစ်မလဲ။ အပျော်သဘောဖြစ်ဖြစ်
သူဖြေပါလိမ့်မယ်။ ဘဝမှာ သူဘာတွေကို ဦးစားပေးအလေးထားတယ်ဆိုတာ
သင်မြင်ပါလိမ့်မယ်။
၅ - သူ့အပြစ်တွေ
လူတွေမှာ သူတို့အပြစ်လုပ်ခဲ့မိတယ်လို့ထင်တဲ့ အကြောင်းအရာတွေ ရှိတတ်ပါတယ်။
ဒါပေမဲ့ ဒီအပြစ်တွေကို ဘယ်သူကိုမှ မပြောပါဘူး။ သူငယ်ချင်းတွေပေါ်
မမျှမတဆက်ဆံခဲ့တာ၊ မိသားစုမှာ ကိုယ်က ဗိုလ်ကျလွန်းသလိုဖြစ်ခဲ့တာ၊
ဒီလိုကိစ္စမျိုးတွေပါ။ ဒီအကြောင်းအရာတွေကို ပါးပါးနပ်နပ်မေးသင့်ပါတယ်။
သူပြောပြပြီဆိုရင်တော့ သင်က ချစ်သူအဖြစ်တင်မကဘူး အခင်ဆုံးသူငယ်ချင်းလည်း
ဖြစ်နေပါပြီ။
၆ - ပူပန်မှု
သူပူပန်ဆုံးက ဘာလဲဆိုတာ သိအောင်မေးပါ။ မိသားစု၊ သူ့ရှေ့ရေး၊
ဘာသာစကားတစ်ခုသင်ဖို့ စတဲ့အကြောင်းအရာတွေ ဖြစ်နေနိုင်ပါတယ်။
သူ့ပူပန်မှုတွေကို သိထားတဲ့သင့်ကိုပဲ သူ့အကြောင်းတွေ ရင်ဖွင့်ပါလိမ့်မယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သင့်ကောင်လေးနဲ့ ပိုရင်းနှီးစေဖို့ မေးသင့်တဲ့ မေးခွန်း (၆) ခု
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။