ကိုယ်တွင်း ဇီဝနာရီက ရုပ်ကျန်းမာရေးရော စိတ်ကျန်းမာရေးနဲ့ပါ ဆက်စပ်နေပါတယ်။ တရုတ်ဆေးပညာအရ ၂၄နာရီအတွင်း စွမ်းအင် အမျိုးမျိုးက အင်္ဂါ အမျိုးမျိုးဆီကို သက်ရောက်နေပါတယ်။ သင်က ညတိုင်း အချိန်တစ်ချိန်တည်းမှာပဲ ပုံမှန်နိုးနေတယ်ဆိုရင်တော့ သင့်ရဲ့ စွမ်းအင် တချို့ပိတ်နေတာ ၊လမ်းကြောင်းလွဲနေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါက သူနဲ့ သက်ဆိုင်တဲ့ အင်္ဂါမှာ ပြဿနာရှိနေတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ည ၉ နာရီကနေ ၁၁ နာရီအတွင်း-
ဟော်မုန်းနဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်တဲ့ စနစ်ထိခိုက်နေလို့ဖြစ်ပါတယ်။ အစားမှားတာ၊ နောက်ကျမှ စားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နေ့ဘက်မှာ ကြုံခဲ့ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မသိစိတ်က ကြိုးစားနေတဲ့ အတွက် ဖြစ်ပါတယ်။
ည ၁၁ နာရီကနေ ၁ နာရီ အတွင်း
သည်းခြေအိတ် ပျက်စီးနေခြင်းကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ည ၁ နာရီကနေ မနက် ၃ နာရီ အတွင်း
ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို အသည်းက ဖယ်ရှားပြီး သွေးသစ်လောင်းတဲ့ အရေးကြီးတဲ့အချိန်ဖြစ်တဲ့အတွက် ဒီအချိန်မှာ ပုံမှန်နိုးနေရင် အသည်းနဲ့ဆိုင်တဲ့ ရောဂါဖြစ်နိုင်ချေ များပါတယ်။ ဒေါသတွေ၊မကောင်းတဲ့ အကြံအစည်တွေကြောင့်လည်း ဒီလို အချိန်မှာ နိုးနေလေ့ရှိပါတယ်။
မနက် ၃ နာရီကနေ မနက် ၅ နာရီ အတွင်း
အဆုတ်က ခန္ဓာကိုယ်ရဲ့ သွေးထဲမှာ အောက်ဆီဂျင် စီးဆင်းနေစေဖို့ လုပ်ဆောင်နေတဲ့ အချိန်ဖြစ်ပါတယ်။ အဆုတ်ရောဂါကြောင့် မဟုတ်ရင် ပူဆွေးမှုနဲ့ ဝမ်းနည်းစရာ ကိစ္စတွေကြောင့် နိုးနေခြင်း ဖြစ်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ညတိုင်း အချိန်မှန် တရေးနိုးနေလေ့ရှိတဲ့ အကြောင်းရင်း
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။