အနီးဆုံးသူ၊ အချစ်ခင်ဆုံးသူတစ်ယောက် သေဆုံးသွားတဲ့အခါ ၊ ဒါမှမဟုတ်
ရုတ်တရက်ကြီးခွဲခွာသွားတဲ့အခါ ရင်ကွဲနာကျသွားတယ် ၊အသည်းကွဲသွားရတယ်ဆိုတာ
တကယ်ပါတဲ့။
ချစ်သူ၊ အိမ် ထောင်ဖက်ဖြစ်သူ ဆုံးပါးသွားတဲ့အခါ
လူသားတွေရဲ့ နှလုံးခုန်နှုန်းဟာ ပုံမှန်မဟုတ်တာတွေ ဖြစ်လာပါတယ်။ အထူးသဖြင့်
အသက်ငယ်ရွယ်သူတွေ သို့မဟုတ် ချစ်ခင်ရသူက မမျှော်မှန်းထားပဲ ဆုံးပါးသွားတဲ့
အခါမျိုးတွေမှာ ဖြစ်တတ်တယ်လို့ လေ့လာချက်အသစ်အရ သိရှိရပါတယ်။
“
လူနာတော်တော်များများဟာ သွေးလွှတ်ကြောဆိုင်ရာ ပြဿနာတွေဟာ စိတ်ပိုင်းဆိုင်ရာ
ထိခိုက်မှု၊ ဖိအားတွေဖြစ်တဲ့အချိန်မှာ ပိုမိုဆိုးရွားလာကြပါတယ်။
ဒီလိုကိစ္စတွေကို ကျွန်တော်လူနာတွေဆီကနေ မကြာခဏဆိုသလို ကြားနေရတာကတော့
တကယ်ပါ ” လို့ Boston ရှိNew England Cardiac Arrhythmia Center မှ
ဒါရိုက်တာ ဒေါက်တာ Mark Estes က နှလုံးခုန်နှုန်းပြဿနာတွေနဲ့
စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဆက်စပ်မှုရှိကြောင်း လေ့လာချက်တွေအပေါ်
ဆွေးနွေးပြောဆိုထားပါတယ်။
အသက် ၆၀ အောက် ငယ်ရွယ်တဲ့လူတွေဟာ
ချစ်သူခင်သူတွေ ဆုံးရှုံးတဲ့အခါ နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၂ဆခန့််
ပိုမြင့်မားလာကြောင်း လေ့လာချက်အသစ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Credit:ThitHtooLwin
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။