iMyanmarHouse.com - Best Property Website for Myanmar
×

အသက်ရှည်ကျန်းမာတဲ့ ဘဝကို ရဖို့ အနေအထိုင်၊ အစားအသောက်တွေဟာ အရေးကြီးလှပါတယ်။ နေ့စဉ် သင်ဘာစားလဲဆိုတာနဲ့ ဘယ်လိုနေထိုင်သလဲ ဆိုတာက သင့်ရဲ့ ကျန်းမာရေးကို အဓိက အဆုံးအဖြတ်ပေးမယ့် အရာပါ။


ခက်ခက်ခဲခဲ ကြိုးပမ်းစရာမလိုပဲ သာမန်ထက် အသက်ပိုရှည်မယ့် နည်းလမ်းကို သုတေသီတွေ ရှာတွေ့ခဲ့ပြီ ဖြစ်ပါတယ်။ နေ့စဉ် ပန်းသီးစားပေးခြင်းဟာ သာမန်ထက် ပျှမ်းမျှအသက် ၁၅ နှစ်ပိုရှည်စေတယ်လို့ ဆိုပါတယ်။ လူပေါင်း ၁၄၅၆ ယောက်ကို ၁၅ နှစ်ကြာလေ့လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၀ ကနေ ၈၅ နှစ်ကြား သက်ကြီးရွယ်အိုတွေကို နေ့စဉ် ပန်သီးအပါအဝင် အခြားသစ်သီးတွေ ကျွေးမွေးပြီးတဲ့နောက် ပန်းသီးရဲ့ အကျိုးအာနိသင်ကို သုတေသီတွေ အဖြေထုတ်နိုင်ခဲ့ကြပါတယ်။

သြစတြေးလျအနောက်ပိုင်း တက္ကသိုလ်က သုတေသီတွေက ဒီရလဒ်ကို အတည်ပြုခဲ့တာပါ။ အခြားသော သစ်သီးတွေ စားသုံးခြင်းဖြင့်လည်း အခြားသော ကျန်မာရေး အကျိုးကျေးဇူးတွေကို ရနိုင်ပါသေးတယ်။ ဒါပေမယ့် အသက်ရှည်စေဖို့အတွက် အဓိက အစားအစာကတော့ ပန်းသီးဖြစ်ပါတယ်။
ဖလေဗာနွိုက်ဓာတ်ပါဝင်တဲ့ သစ်သီးမျိုးနွယ်တွေဖြစ်တဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနဲ့ ပန်းသီးတို့ဟာ အသက်ရှည်တဲ့ အာနိသင်ကို ပေးပါတယ်။ ပန်းသီးထဲမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း ဆဲလ်တွေထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးသလို ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ပေးပါတယ်။

 Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top