၁ - မက်မုံသီး
မက်မုံသီးဟာ ဗီတာမင်စီ၊ဗီတာမင်အေတွေ ကြွယ်ဝတဲ့အသီး တစ်မျိုးဖြစ်ပါတယ်။ နွေရာသီလိုအချိန်မျိုးမှာ အရသာ အလွန်ကောင်းမွန်ပါတယ်။ ကယ်လိုရီလည်း နည်းတာကြောင့် ခန္ဓာကိုယ်ဝိတ်ကို ထိန်းရာမှာလည်း အထောက်အကူဖြစ်ပါတယ်။
၂ - စောင်းလျားသီး
ကယ်လိုရီနည်းပြီး ဗီတာမင်စီ ကြွယ်ဝပါတယ်။ ဓာတ်တိုးပစ္စည်းတွေလည်း မြောက်များစွာ ပါဝင်ပါတယ်။ နွေရာသီမှာ စားပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။
၃ - လိမ္မော်သီး
ပိုတက်စီယမ်၊ ဗီတာမင်စီနဲ့ အခြားသဘာဝဓာတ်တွေ ကြွယ်ဝပါတယ်။ ပြင်းပြင်းထန်ထန် လှုပ်ရှားရတာကြောင့် ကြွက်သားတွေထိခိုက်တာကို ကာကွယ်ပေးပါတယ်။
၎ - ဖရဲသီး
ဖရဲသီးဟာ ရာသီပေါ်အသီးဖြစ်သလို နွေရာသီအတွက် အသင့်လျော်ဆုံးအသီး ဖြစ်ပါတယ်။ ဖရဲသီးမှာ လိုင်ကိုပင်း(lycopene) ပါဝင်ပြီး နေရောင်ခြည်ကြောင့် အသားအရေပျက်ဆီးတာကို အထူးကာကွယ်ပေးပါတယ်။
နာနတ်သီး၊ သရက်သီး၊ ကီဝီသီး၊ မာလကာသီးနဲ့ သင်္ဘောသီးတွေဟာလည်း နွေရာသီမှာ စားသင့်တဲ့ အသီးတွေဖြစ်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
နွေရာသီမှာ ဒီအသီးတွေလည်း စားပေးသင့်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။