၁ - ရှင်းလင်းရေး
ရုံးရောက်ရောက်ချင်း အရင်ဆုံး ကိုယ့်ရဲ့ အလုပ်ခုံကိုရှင်းပါ။ ဖိုင်တွေ၊ စာရွက်စာတမ်းတွေ စတဲ့ ရှုပ်ပွနေတာတွေကို ရှင်းပါ။
၂ - ပြက္ခဒိန်
ရှေ့လာမယ့်ရက်တွေမှာ ဘာတွေလုပ်စရာရှိမလဲ ပြက္ခဒိန်ကို စစ်ပါ။ အရေးကြီးအီးမေးလ် ဘာရှိထားလဲဆိုတာလည်း စစ်ပါ။
၃ - ဦးစားပေးစာရင်းလုပ်ပါ
အားလပ်ရက်မယူခင်က
လုပ်ဖို့ရှိတာတွေ၊ လုပ်ဖို့တွေးထားတာတွေ ပြန်စဉ်းစားပါ။
နောက်တော့အရင်ဆုံးဦးစားပေးလုပ်ရမယ့်အရာငါးခုလောက်ကို စာရင်းချရေးလိုက်ပါ။
ဒီလို ဦးစားပေးစားရင်းလုပ်လိုက်တာဟာ အလုပ်တွေဝေးပြီး ပြန်ထိတွေ့ရတဲ့အခါ
ဖြစ်ပေါ်တဲ့ ထိုင်းမှိုင်းမှုကို ပျောက်စေပါတယ်။
၎ - တစ်ကြိမ်မှာ တစ်ခု
အလုပ်လုပ်တဲ့အခါမှာ တစ်ခုချင်းလုပ်ပါ။ အလုပ်စတက်တဲ့နေ့မို့ လုပ်စရာတွေများနေတတ်ပါတယ်။ ဒါပေမဲ့ တစ်ခုချင်းလုပ်ပါ။
၅ - စိတ်ပြန့်လွင့်မယ့်အရာတွေ
ပထမဆုံး
အလုပ်ပြန်လုပ်ရတဲ့အချိန်မှာ စိတ်က ထိုင်းမှိုင်းနေတတ်ပါတယ်။ ဒီအချိန်မှာ
အာရုံပြန့်တာတွေ များနေရင် ပိုထိုင်းမှိုင်းလာတတ်ပါတယ်။ အလုပ်လုပ်ရင်း
ဖေ့စ်ဘွတ်သုံးတာ၊ သီချင်းနားထောင်တာတွေ ခဏနားထားသင့်ပါတယ်။ မနက်ပိုင်းမှာ
ပိုအရေးကြီးပါတယ်။
၆ - အလုပ်ဆင်းချိန်
အလုပ်ဆင်းချိန်မှာ
နောက်ကျမှ ဆင်းတာမျိုးမလုပ်ပါနဲ့။ အလုပ်ပြန်တက်ရတဲ့အချိန်မို့ လုပ်စရာတွေ
များနေနိုင်ပေမဲ့ အလုပ်ဆင်းတဲ့အခါမှာ ပုံမှန်အချိန်မှာပဲ ဆင်းပါ။
၇ - လုပ်ရမယ့်အချိန်
အလုပ်ပြန်တက်တဲ့ ရက်သတ္တပတ်ရဲ့ အလယ်ရက်တွေမှာ ပြင်းပြင်းထန်ထန်လုပ်ပါ။ ဗုဒ္ဓဟူး၊ ကြာသာပတေးရက်တွေ ဖြစ်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။