သူငယ်ချင်းအဖွဲ့တွေထဲမှာ ဟိုတစ်ယောက်ကိုပိုခင်တယ်၊ ဒီတစ်ယောက်ကိုသိပ်မခင်ဘူး စသဖြင့် အချစ်စမ်း အခင်စမ်းကြတဲ့အဖြစ်တွေကတော့ သူငယ်ချင်းတွေတိုင်းမှာရှိတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ခင်သလောက် ကိုယ်ချစ်သလောက် ကိုယ့်ကိုပြန်မခင်ပြန်မချစ်တဲ့သူငယ်ချင်းမျိုးကိုကျတော့ ကြာလာတာနဲ့အမျှစိတ်ပျက်မိလာမှာပါပဲ။ အဲ့လိုသူငယ်ချင်းမျိုးမှန်း ကိုယ်ကဘယ်လိုသိမလဲ။
၁။ တွေ့ဖို့ ချိန်းတိုင်း မအားတာကများနေတယ်။
၂။ ဖုန်းဆက်ရင် တစ်ခါတည်းဘယ်တော့မှ မကိုင်ဘူး။
၃။ တခြားသူငယ်ချင်းတွေနဲ့အချိန်ဖြုန်းရတာကို ပိုသဘောကျတယ်။
၎။ စကားပြောရင် ကိုယ်နဲ့အမြင်တူတာနည်းတယ်။
၅။ ဘယ်တော့မှ ကိုယ်နဲ့အတူ မသောက်ဘူး။
၆။ အကူအညီမတောင်းသလို ကိုယ်တောင်းတဲ့အကူအညီကိုလည်း မသိမသာငြင်းတတ်တယ်။
၇။ ကိုယ်ဘာထင်ထင် ဂရုမစိုက်ဘူး။
၈။ ကိုယ့်ဟာသတွေကို စိတ်ပါလက်ပါမရယ်ဘူး။
၉။ သူ့အိမ်ကိုအလည်မခေါ်ဘူး။
၁၀။ သူ့အချစ်ရေးအချစ်ရာတွေကို မတိုင်ပင်မဆွေးနွေးဘူး။
Credit :duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။