အမျိုးသမီးးတွေ ကိုယ်ဝန်ဆောင်မီးဖွားခွင့် အချိန်ကြာကြာ
ရရှိတဲ့မိခင်တွေရဲ့ ကလေးငယ်က ကျန်ကလေးငယ်တွေထက် ၁၀ ရာခိုင်နှုန်းအထိ
ပိုပြီးကျန်းမာရေးပိုကောင်းမွန်နိုင်ကြောင်း နိုင်ငံ ၂၀ကျော်မှာ
လေ့လာချက်အသစ်ပြုလုပ်ခြင်းအရ သိရှိရပါတယ်။
McGill University နဲ့
University of California Los Angeles က သုတေသီတွေရဲ့ လေ့လာချက်အရ
ပုံမှန်ဝင်ငွေ မြင့်မားတဲ့နိုင်ငံတွေသာမက ၀င်ငွေနိမ့်တဲ့
နိုင်ငံတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို
ကိုယ်ဝန်ဆောင်ခွင့်အချိန်ကြာကြာပေးတာဟာ ကလေးငယ်တွေအပေါ်မှာ
သက်ရောက်မှုရှိကြောင်း သိသိသာသာ တွေ့ရှိရပါသတဲ့။
ကိုယ်ဝန်ဆောင်မီးဖွားခွင့်ပေးတာဟာ
စိတ်ဖိစီးမှုတွေကို လျော့နည်းစေတာကြောင့် ကလေးငယ်ကို
နို့ချိုတိုက်ကျွေးနိုင်ဖို့ အခွင့်အရေးပိုများတဲ့အပြင်
တခြားပြုစုဂရုစိုက်မှုတွေလည်း ပိုပေးနိုင်ပါတယ်။ ဒါ့အပြင်
မိခင်ကိုယ်တိုင်အနေနဲ့လည်း ကလေးမွေးပြီးတဲ့အခါ မိမိအတွက်
ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုပြုလုပ်ဖို့ အချိန်အလုံအလောက်လည်း
ရရှိစေနိုင်ပါတယ်။
Credit:ThitHtooLwin
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
ဗဟုသုတ
» ကိုယ်ဝန်ဆောင်မီးဖွားခွင့် ကြာကြာရလေ မွေးကင်းစကလေးငယ်ရဲ့ ကျန်းမာရေးပိုကောင်းမွန်လေ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။