ကိုယ်ချစ်နေသူက ကိုယ့်ကို ပြန်မချစ်တာက ဆိုးရွားတာ မှန်ပေမဲ့
လူ့လောကကြီးမှာ အဲဒီထက် ဆိုးရွားတဲ့အရာတွေ ရှိသေးတယ်ဆိုတာ
နားလည်ထားမယ်ဆိုရင် သင်ခံစားရတာတွေ ပေါ့သွားနိုင်ပါတယ်။
၁။ အလုပ်ဖြုတ်ခံရခြင်း
အလုပ်လက်မဲ့တစ်ယောက်ရဲ့ ခံစားချက်ကို လူတိုင်းသိပါတယ်။ လွမ်းရေးထက် ဝမ်းရေးက ပိုအရေးပါတယ် မဟုတ်လား။
၂။ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးခြင်း
ကိုယ်ဖြစ်အောင်လုပ်မယ်လို့
ဆုံးဖြတ်ထားတဲ့အရာတစ်ခုအပေါ် ဝေဝါးလာတဲ့နေ့ဟာ အသက်ရှင်ချင်စိတ်
ပျောက်ဆုံးတဲ့နေ့ပါပဲ။ ငြင်းပယ်ခံလိုက်ရရုံနဲ့ ဘာမှမဆုံးရှုံးပေမဲ့
စိတ်အားထက်သန်မှု မရှိတော့ဘူးဆိုရင် အရာအားလုံး ဆုံးရှုံးရပါလိမ့်မယ်။
၃။ ဆိုးရွားတဲ့သူတစ်ယောက်နဲ့ တွဲနေမိခြင်း
သင့်ကို
ခါချသွားတဲ့သူက မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးလည်း ဖြစ်နေနိုင်တာပဲလေ။
သင်ဘယ်လောက် ကောင်းတယ်ဆိုတာ မမြင်နိုင်တဲ့သူနဲ့ ချစ်သူမဖြစ်ရတာက သင့်အတွက်
ပိုတောင် ကောင်းပါသေးတယ်။
၎။ အသည်းကွဲခြင်း
အသည်းကွဲတာက
အငြင်းခံလိုက်ရတာထက် ပိုဆိုးမယ်ဆိုတာ လူတိုင်းသိပါတယ်။
ရင်းနှီးမှုတွေပိုလာပြီး သံယောဇဉ် တကယ်တွယ်လာမှ အဖြတ်ခံလိုက်ရတာထက် အစကတည်း
ပြန်မကြိုက်တာက ပိုကောင်းပါတယ်။
၅။ နောင်တ
သင်လိုချင်တဲ့
အရာတစ်ခုကို မရလိုက်တဲ့အခါ နှမြောတသနဲ့ လွမ်းမောနေနိုင်သေးရဲ့။ သူနဲ့သာ
ဖူးစာစုံခဲ့ရင် နောက် နှစ် ၂၀ ကြာတဲ့အခါ ဘာကြောင့် ဒီလိုလူကို
ငါစွဲလမ်းခဲ့မိပါလိမ့်လို့ နောင်တရမိတာ ပိုဆိုးပါတယ်။
Credit: Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ဗဟုသုတ
»
လူမှု့ဘဝ
»
ကြီးပွားရေး
» ကိုယ်ချစ်မိသူက ကိုယ့်ကို ပြန်မချစ်တာထက် ပိုဆိုးတဲ့ အရာ (၅) ခု
ကိုယ်ချစ်မိသူက ကိုယ့်ကို ပြန်မချစ်တာထက် ပိုဆိုးတဲ့ အရာ (၅) ခု
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။