၁ - အကုန်သိ
တစ်ယောက်ယောက်စကားပြောနေတာကို ကြားတာနဲ့ သင်သိတယ်ဆိုပြီး ဝင်ပြောတာမျိုးဟာ ရေရှည်မှာ လူတွေမနှစ်သက်တဲ့အလုပ်ပါ။
၂ - ဝင်ပါ
မလိုအပ်ဘဲ ကိစ္စတစ်ခုကို ဝင်ပါတာပါ။ မတောင်းတဲ့ အကြံညဏ်တွေကို ဝင်ဝင်ပေးတာမျိုးပါ။
၃ - ငြီးတွား
လူဆိုတာ ငြီးတွားတတ်တာ မှန်ပေမဲ့ တခြားလူတွေ စိတ်အနှောင့်အယှက် ဖြစ်ရလောက်အောင် အမြဲငြီးတွားနေတာပါ။
၎ - စိတ်ရှည်တာမျိုး မရှိ
စိတ်ရှည်တတ်တဲ့လူတွေဟာ တခြားလူကို စကားပြောခွင့်ပေးတယ်၊ သင်ယူခွင့်ပေးတယ်၊
အမှားတွေ လုပ်ခွင့်ပေးပါတယ်။ တစ်ခုခုလေးလုပ်မိတာနဲ့ ပြောဆိုနေတတ်သူတွေ
မဟုတ်ပါဘူး။ ဒီလိုမျိုး သင့်မှာ မရှိပါဘူး။
၅ - ချီးကျူး
လူတွေနဲ့ပက်သက်ရင် ကောင်းတာလေးတွေပဲ ပြောတတ်ပါတယ်။ ဒါကြောင့်
ဒီလိုလူမျိုးကို တွေ့ရင် လူတွေက ပြုံးနေတတ်ပါတယ်။ ဒါမျိုးချီးကျူးတတ်တဲ့
အကျင့် သင့်မှာ မရှိပါဘူး။
၆ - ကောင်းကွက်
လူတော်တော်များများဟာ အခြားလူတွေရဲ့ဆိုးကွက်တွေကိုပဲ သတိထားမိတတ်ပါတယ်။
လူတွေနှစ်သက်သဘောကျတဲ့ လူကတော့ ကောင်းကွက်တွေကိုလည်း သတိပြုမိတတ်သူပါ။
၇ - ကောက်ချက်ချ
တစ်စုံတစ်ယောက်ဟာ ဘယ်လိုလူမျိုးပါဆိုတာကို သင်သိတဲ့ အချက်အလက်လေးအနည်းငယ်နဲ့ ကောက်ချက်ချလိုက်တာမျိုးပါ။
၈ - ကပ်စေးနဲ
ငွေကြေးနဲ့ပက်သက်ရင် တွယ်ကပ်နေတာမျိုးပါ။
Credit : Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
လူတွေ သင့်ကို သဘောမကျတာ ဒီအချက်တွေကြောင့်ပါ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။