မျက်မှန်ကို
မချွတ်တမ်းတပ် ထားရသူတွေမှာ နှာခေါင်းတစ်ဝိုက် အညိုရောင်အရာတွေ
ထင်ကျန်တတ်တဲ့အတွက် သဘာဝအသား ရောင်အတိုင်းပြန်ဖြစ်အောင်
ဘာတွေလုပ်ဆောင်နိုင်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
သခွားသီး- သခွားရည်ညှစ်ပြီးညို နေတဲ့နေရာတွေကို သုတ်ပေးရင် ပဲဖြစ်ဖြစ်၊
သခွားသီးကို ခပ်ပါးပါး အကွင်းလေးတွေလှီးပြီး နှာခေါင်း
ပေါ်တင်ပေးရင်ပဲဖြစ်ဖြစ်၊ ပွတ် ပေးတာပဲဖြစ်ဖြစ်လုပ်နိုင်ပါ တယ်။
ပျားရည်- မျက်မှန်ရာထင်နေတဲ့ နေရာကို ပျားရည်အနည်းငယ် သုတ်ပြီး ၁၅ မိနစ်လောက်ထား ပေးတာမျိုး ပုံမှန်လုပ်ပေးနိုင်ပါ တယ်။
ရှားစောင်းလက်ပပ်- ရှားစောင်း လက်ပပ်ဂျယ်ကို သုတ်ပေးထား ရင်လည်း
အရေပြားကို အားဖြည့် ပေးပြီး အရာထင်တာတွေ တ ဖြည်းဖြည်းပျောက်ကင်းစေပါ တယ်။
သံပရာသီး- သဘာဝချွတ်ဆေး တစ်မျိုးဖြစ်တဲ့ သံပရာကို အရည် ညှစ်၊
ဂွမ်းစလေးနဲ့ ပွတ်နိုင်သလို သံပရာရည်ထဲကို ပျားရည်နည်း
နည်းထည့်ပြီးတော့လည်း သုံးနိုင် ပါတယ်။
အာလူး- အာလူးကို ခပ်ပါးပါး လေးလှီးပြီး ညိုနေတဲ့နေရာတွေ ကို ပွတ်ဆေးပေးရင်လည်း စိတ် ပျက်စရာအညိုရာတွေ ပျောက် ကင်းစေမှာပါ။
လိမ္မော်ခွံ- လိမ္မော်ခွံအမှုန့်ကို နွားနို့နည်းနည်းနဲ့ရောပြီး လိမ်း ပေးရင်လည်း အရာထင်တာတွေ သက်သာစေပါတယ်။
ထောပတ်သီး၊ စတော်ဘယ်ရီသီး - နှစ်သက်ရာအသီးကို ကြိတ်ခြေ၊ အနှစ်လုပ်ပြီး ပွတ်ပေးတာမျိုး ပုံ မှန်လုပ်ပေးနိုင်ပါတယ်။
ပန်းသီးဗီနီဂါ- ဗီနီဂါလက်ဖက် ရည်ဇွန်းနှစ်ဇွန်းနဲ့ ရေအနည်းငယ် ရောပြီး
ဂွမ်းစလေးနဲ့ ပုံမှန်လေး ပွတ်ပေးရင် တစ်ပတ်အတွင်း သိ သာလာမှာပါ။
Credit : 7Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...