ပူသထက်ပူနေတဲ့ နွေရာသီနေ့ရက်တွေမှာ မဖြစ်မနေ အပြင်ထွက်ရသူတွေအနေနဲ့
နေပူခံလိမ်းဆေးတွေလိမ်းပြီး ကာကွယ်ရာမှာ တွေ့ကရာခရင်မ်တွေ ဝယ်သုံးမယ့်အစား
အသား အရောင်အလိုက် လိုအပ်တာကို ရွေးချယ်ဝယ်ယူနိုင်ဖို့
ဖော်ပြပေးလိုက်ပါတယ်။
- အသားတော်တော်လတ်တဲ့သူတွေဆိုရင် နေလောင်ခံရဖို့ လွယ်ကူတဲ့အတွက် SPF 30-50+
- အသားပုံမှန်လတ်တဲ့သူဆိုရင်တော့ နေလောင်ခံရလွယ်သလို အသားအနည်းငယ်ညိုနိုင်တဲ့ အတွက် SPF 30-50+
- အသားဖြူတဲ့သူဆိုရင် အတန်အသင့်နေလောင်လွယ်ပြီး ကြေးနီရောင်အသားအရေ ပြောင်းနိုင်တဲ့ အတွက် SPF 15-30
- ပုံမှန်အသားရောင်ပိုင်ရှင်ဆိုရင်တော့ နေလောင်ခံရမှုနည်းပေမယ့် အသားညိုသွားမှာဖြစ်လို့ SPF 6-15
- အသားမည်းသူတွေကတော့ နေလောင်ခံရမှုနည်းပေမယ့် အသားရောင်ထပ်ပြောင်းတာကြောင့် SPF 2-10
-
နက်မှောင်တဲ့အသားအရေဆိုရင်တော့ နေလောင်ခံရမှု လုံးဝမရှိပေမယ့်
အလွန့်အလွန်တော့ ထပ်ပြီးမည်း သွားမှာဖြစ်ပြီး SPF 2-10 ပါတာ
ရွေးချယ်ဖို့လိုပါတယ်။
SPF 30 ပါတဲ့ ထုတ်ကုန်တွေဟာ နေရောင်ခြည်ကို
၉၇ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်သလို SPF 50 ထုတ်ကုန် တွေကတော့
နေရောင်ခြည်ဒဏ်ကို ၉၈ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
Credit: 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသားအရောင်နဲ့လိုက်ဖက်တဲ့ နေပူခံလိမ်းဆေးရွေးချယ်နိုင်ဖို့ ...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။