အလှတပ်တာပဲဖြစ်ဖြစ် ပါဝါမျက်ကပ်မှန်ဖြစ်ဖြစ် မျက်ကပ်မှန်တပ်ထားရင်
သတိထားရမယ့်အချက်တွေ ရှိပါတယ်။ မဆင်မခြင် ပြုလုပ်မိရာက မျက်စိကို
ထိခိုက်နိုင်လို့ မျက်ကပ်မှန်တပ်ထားစဉ်မှာ ဒါတွေမလုပ်သင့်ပါဘူး။
၁။ မျက်ကပ်မှန်တပ်ထားတုန်း ဆံပင်ဖြန်းဆေး (hair spray) ဖြန်းရင် မျက်ကပ်မှန်နဲ့ spray တွေ ကပ်မိနိုင်ပါတယ်။
၂။
ရေကူးတုန်း မျက်ကပ်မှန်တပ်ထားရင် ကျွတ်ထွက်သွားနိုင်လို့ ရေကူးမယ်ဆို
မျက်ကပ်မှန်ကိုချွတ်ပါ။ သင်္ကြန်လည်မယ်ဆိုလည်း မျက်ကပ်မှန်မတပ်တာ
ပိုကောင်းပါတယ်။
၃။ ဆရာဝန်တွေလည်း ခဏခဏ သတိပေးပါတယ်။ မျက်ကပ်မှန်တပ်ပြီး မအိပ်ဖို့ပါ။ မျက်ကပ်မှန်တပ်လျက်နဲ့ တစ်နာရီလောက်လေးတောင် မအိပ်လိုက်ပါနဲ့။
၎။ မျက်လုံးကို ပွတ်မိတာလည်း ရှောင်ရပါမယ်။ မျက်ကြည်လွှာနဲ့ မျက်လုံး ပျက်စီးနိုင်လို့ မျက်ကပ်မှန်တပ်ထားရင် မျက်လုံးကိုမပွတ်ပါနဲ့။
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မျက်ကပ်မှန် တပ်ထားစဉ် မလုပ်သင့်တဲ့အရာ (၄) ခု
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။