ဆံပင်အရောင် မွဲခြောက်ခြောက်နဲ့ ခြောက်သွေ့တဲ့ဆံသားတွေကြောင့်
လှပတဲ့မျက်နှာလေးကိုတောင် သိမ်ငယ်သွားရစေပါတယ်။ ဆံသားတောက်ပြောင်မှုဟာ
ဆံပင်အရောင်အားလုံးနဲ့လည်း လိုက်ဖက်ညီတဲ့အရာပါ။ တောက်ပြောင်တဲ့
ဆံကေသာတွေကို ရရှိလိုသူတွေအတွက် စမ်းသုံးကြည့်နိုင်မယ့်
ဆံပင်ပေါင်းနည်းလေးတစ်ခုပဲ ဖြစ်ပါတယ် ။
လိုအပ်တဲ့ပစ္စည်းတွေကတော့
ဆန်ဆေးရေ ၁ ခွက်နဲ့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းစာတို့ပဲ ဖြစ်ပါတယ်။
ဒီနှစ်မျိုးကို ခွက်တစ်လုံးထဲမှာ ရောသွားအောင် မွှေပေးရပါမယ်။ ပြီးရင်တော့
ဦးရေပြားကနေ ဆံပင်အဖျားတွေအထိ တစ်ခေါင်းလုံးနှံ့အောင် ပွတ်လိမ်းပေးရပါမယ်။
၁၅
မိနစ်ခန့် ထားပြီးမှ ရေဆေးပေးလိုက်ရင် အရင်ကထက် ပိုတောက်ပြောင်လာတဲ့
ဆံကေသာလေးကို အချိန်မကုန်၊ ငွေမကုန်ဘဲ ရသွားပြီပေါ့။ သတိထားရမှာက
ဆန်ဆေးရေကိုသုံးရင် ပထဆုံးဆေးလို့ ရလာတဲ့ အရည်ပျစ်ပျစ်ကိုသာယူဖို့
မမေ့ပါနဲ့။
Credit: Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ခြောက်သွေ့တဲ့ ဆံသားတွေအတွက် ဆန်ဆေးရေနဲ့ပေါင်းတင်နည်း
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။