နှလုံးသွေးကြောဆိုင်ရာပညာရှင် ဒေါက်တာ အဆင်းမ်မယ်လ်ဟိုထရာက
ဟင်းသီးဟင်းရွက်ဆီတွေရဲ့ အန္တရာယ်ကို ထုတ်ဖော်ပြောကြားပြီး
သတိပေးလိုက်ပါတယ်။
ဟင်းသီးဟင်းရွက်ဆီတွေနဲ့ ချက်ပြုတ်ခြင်းကြောင့်
နှလုံးရော၊ အမှတ် ၂ အမျိုးအစား ဆီးချိုအပြင် ကင်ဆာရောဂါတွေကိုလည်း
ဖြစ်ပွားစေနိုင်တယ်လို့ သူက ဆိုပါတယ်။ ဟင်းသီးဟင်းရွက်ဆီတွေဟာ
အပူနဲ့ထိတွေ့တဲ့အခါ ဓာတုဒြပ်ပေါင်းတစ်မျိုး ထွက်လာပြီး
လူကိုအန္တရာယ်ဖြစ်စေတာပါ။
နေကြာဆီ၊ ပြောင်းဆီနဲ့
ဟင်းသီးဟင်းရွက်ဆီတွေဟာ အပူချိန်ပြင်းပြင်းအောက်မှာ အထားမခံပါဘူး။
အယ်လ်ဒီဟိုက်လို့ခေါ်တဲ့ ဒြပ်တစ်မျိုး ပေါ်ထွက်လာပြီးနောက်
လူကိုဘေးဖြစ်စေတယ်လို့ ဒေါက်တာအဆင်းမ်က သတိပေးထားပါတယ်။
အပူရှိန်ပြင်းပြင်းနဲ့ ချက်ပြုတ်ခြင်းက နှလုံးရောဂါနဲ့ ကင်ဆာကို
ဖြစ်ပွားစေနိုင်တာကိုလည်း သတိထားသင့်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
ဗဟုသုတ
» ဟင်းသီးဟင်းရွက်ဆီနဲ့ ချက်ပြုတ်ခြင်းကြောင့် ကင်ဆာနဲ့ဆီးချို ဖြစ်ပွားနိုင်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။