၁ - အခြား အတွဲပုံတွေ
အခြားအတွဲတွေရဲ့ပုံကို ကြည့်မိတဲ့အခါ
သင်တို့နှစ်ဦးရဲ့ လက်ရှိဆက်ဆံရေးအခြေအနေဟာ မလုံလောက်ဘူးလို့
ခံစားလာရပါတယ်။ လူတွေဟာ သူတို့ဖြစ်ချင်တဲ့ပုံတွေကို ဖေ့စ်ဘွတ်မှာ
ပုံဖော်တတ်ကြပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်မှာ ဖော်ပြနေတဲ့
သူတို့ရဲ့ပုံစံတွေကို လေးလေးနက်နက် ယူလို့မရပါဘူး။
၂ - ရှယ်ယာ
ပို့စ်တွေကို
အလွန်အကျွံ ရှယ်ယာလုပ်တာကလည်း စုံတွဲတွေရဲ့ ဆက်ဆံရေးကို ထိခိုက်စေပါတယ်။
နေလို့မကောင်းတာကြောင့် အိမ်ပြင်မထွက်ဘူးလို့ပြောထားပေမဲ့
သူငယ်ချင်းတွေလာလည်တာကြောင့် ပျော်နေတဲ့ပုံတွေ ရိုက်ပြီးတင်လိုက်တာမျိုးဟာ
ပြဿနာမီးပွား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ဘက်က ရုတ်တရက်လုပ်လိုက်တာ ဆိုပေမဲ့
ဖေ့စ်ဘွတ်မှာ လူ သုံးလေးရာလောက်ကို မြင်သွားစေပါတယ်။
၃ - အတိတ်က friend request
ရည်းစားဟောင်းတွေ၊
အချစ်ဟောင်းတွေဆီက friend request တောင်းလာတဲ့အခါမှာလည်း စုံတွဲတွေ
ပြဿနာတက်တတ်ပါတယ်။ လက်ခံလိုက်ရင် ပိုဆိုးပါတယ်။ စကားပြောဖြစ်ပြီဆိုရင်တော့
ရှင်းရခက်ပါတယ်။
၎ - မိသားစုနဲ့သူငယ်ချင်း
ယခင်က
ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းအကြောင်းဆိုတာ ကိုယ်ပြောမှ သူသိရတာပါ။
ကိုယ်ခေါ်လာမှ သူတွေ့ရတာပါ။ ဒါပေမဲ့ ဖေ့စ်ဘွတ်ကြောင့် အဲ့လိုမဟုတ်တော့ပါဘူး။
ကိုယ့်သူငယ်ချင်းတွေရဲ့အပြုအမူအပြောအဆိုတွေကို သူက နေ့တိုင်း
တွေ့နေမြင်နေရပါတယ်။ နားလည်မှုတွေ လွဲပြီး ပြဿနာ ဖြစ်ကုန်တတ်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ချစ်ရေးချစ်ရာ
»
ဗဟုသုတ
» သင်တို့နှစ်ဦးဆက်ဆံရေးကို ဖေ့စ်ဘွတ်က ဖျက်ဆီးနိုင်တဲ့ နည်းလမ်း (၄) ခု
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။