၁ - ပိုပြီး စွန့်စားတယ်
သားဦးတွေ၊ သမီးဦးတွေမှာရှိတတ်တဲ့ ပြန်ဦးဆောင်ရမယ်ဆိုတဲ့
တာဝန်စိတ်မျိုးနဲ့ သူတို့က ကင်းလွတ်ပါတယ်။ မိသားစုထက် ကိုယ်ပိုင်ပုံစံကို
လွပ်လွပ်လပ်လပ်ရှာနိုင်သူတွေဖြစ်ပြီး မိသားစုထဲမှာ အစွန့်စားဆုံးလူတွေ
ဖြစ်တတ်ပါတယ်။
၂ - ပျော်တတ်တယ်
အငယ်ဆုံးတွေဟာ မိသားစုထဲမှာ တွေ့သမျှလူ လိုက်စနေတတ်တဲ့လူတွေ ဖြစ်တတ်ပါတယ်။
တခြားမောင်နှမတွေထက်လည်း ပိုပျော်တတ်ပါတယ်။ ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့
YouGov စစ်တမ်းတစ်ခုမှာ အငယ်ဆုံးတွေဟာ မောင်နှမတွေထဲ သူတို့ကိုယ်သူတို့
အပျော်တတ်ဆုံးလူတွေလို့ ထင်ကြကြောင်း တွေ့ရှိထားပါတယ်။ အကြီးဆုံးတွေနဲ့
သူတို့က ပြောင်းပြန်ဖြစ်ပါတယ်။
၃ - သက်သောင့်သက်သာရှိတယ်
အငယ်ဆုံးသားသမီးတွေဟာ့  တခြားမောင်နှမတွေထက် တင်းတင်းမာမာမရှိဘဲ အေးအေးဆေး
ဘဝကိုဖြတ်သန်းသူတွေလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ သူတို့သားသမီးတွေကို
မိဘတွေရဲ့ ပြုစုပျိုးထောင်တဲ့ ပုံစံကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
သားသမီးအကြီးတွေကို ပျိုးထောင်ရာကရရှိလာတဲ့ အတွေ့အကြုံတွေဟာ
အငယ်ဆုံးသားသမီးအတွက် အထောက်အကူဖြစ်သွားတယ်လို့ ဆိုပါတယ်။
၎ - အပေါင်းအသင်းဆံ့
အကြီးဆုံးသားသမီးတွေလိုမဟုတ်ဘဲ အငယ်ဆုံးတွေဟာ အပျော်ကြိုက်သူတွေဖြစ်ပြီး အပေါင်းအသင်းဆံ့ပါတယ်။
၅- တီထွင်ဖန်တီးလိုစိတ်
အငယ်ဆုံးတွေဟာ တီထွင်ဖန်တီးလိုစိတ် သူများထက်ရှိတတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ
အကြီးတွေလျှောက်တဲ့လမ်းကို ရှောင်ရှားဖို့ကြိုးစားရင်း အခုလို
တီထွင်ဖန်တီးတဲ့ လမ်းကြောင်းကို ရွေးမိလာတတ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
Credit: Duwun
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အငယ်ဆုံးသားသမီးတွေ ဘဝမှာ အောင်မြင်ရတဲ့ အကြောင်းအရင်း (၅) ခု
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။