အာလူးကို အပြုတ်၊ မီးကင်၊ အာလူးချောင်းကြော် ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် တစ်ပတ် ၄ ကြိမ်ထက် ပိုစားတာ သွေးတိုးရောဂါအန္တရာယ်ဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာမှုတစ်ခုက သတိပေးထားပါတယ်။
Brigham and Women's Hospital နဲ့ အမေရိကန် ဟားဗက်ဆေးကျောင်းမှ သုတေသီတွေက အာလူးကို ကစီဓာတ်နည်းသော အသီးအရွက်နဲ့အတူ တစ်နေ့တစ်နပ် စားခြင်းက သွေးတိုးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုနည်းစေပါတယ်။ အမေရိကန်ရဲ့ အကြီးစားလေ့လာမှု (၃) ခုကနေ အမျိုးသားနဲ့ အမျိုးသမီး ၁၈၇၀၀၀ ကျော်ကို နှစ် ၂၀ ကျော် လိုက်လေ့လာခဲ့ပါတယ်။
မကြာမကြာ အာလူးစားသုံးမှု အပါအဝင် နေ့စဉ်ပုံမှန် အစားအစာကို လေ့လာ အကဲဖြတ်ခဲ့ပါတယ်။ ဒီသွေးတိုးရောဂါအန္တရာယ်ဟာ ကျန်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးရဲ့ စစ်ဆေးတွေ့ရှိချက်ပေါ် အခြေခံထားကြောင်း သုတေသီတွေက ဆိုပါတယ်။
သွေးတိုးရောဂါ ဖြစ်နိုင်ခြေ တခြားအကြောင်းကိစ္စ ထည့်စဉ်းစားပြီးနောက် အာလူးကို အပြုတ်၊ မီးကင်၊ ထုခြေပြီးပဲ ဖြစ်ဖြစ် တစ်ပတ် ၄ ကြိမ်ထက် ပိုစားခြင်းက တစ်လ တစ်ခါလောက်ပဲ စားသူတွေထက် သွေးတိုးရောဂါဖြစ်နိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။
အာလူးချောင်းကြော်များများ စားသုံးခြင်းက အမျိုးသမီးနဲ့ အမျိုးသားများမှာပါ သွေးတိုးအန္တရာယ် ပိုဖြစ်စေပါတယ်။ ဒါပေမယ့် အာလူးပြားကြော် (crisp) စားသုံးခြင်းက သွေးတိုးမဖြစ်ကြောင်း သုတေသီတွေက ဆိုပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
စားသောက်ဖွယ်
»
ဗဟုသုတ
» အာလူးကို တစ်ပတ် ၄ ကြိမ်ထက် ပိုစားတာဟာ သွေးတိုးရောဂါ အန္တရာယ်ဖြစ်စေနိုင်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။