iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူနှစ်ယောက် ဘယ်လောက်လိုက်ဖက်သလဲဆိုတာ
သူတို့ရုပ်ရည်တွေကြည့်ပြီး ဆုံးဖြတ်လို့မရဘူး
တယောက် စိတ်သဘောတယောက် ဘယ်လောက်လိုက်လျောနိုင်သလဲဆိုတာနဲ့ဆုံးဖြတ်တယ်

ချစ်သူနှစ်ယောက် ဘယ်လောက်ချစ်သလဲဆိုတာ
နှစ်ယောက်တွဲဓာတ်ပုံတွေ ကြည့်ပြီးဆုံးဖြတ်လို့မရဘူး
သူတို့နှစ်ယောက်အပြင်မှာဘယ်လိုချစ်ကြသလဲဆိုတာနဲ့ဆုံးဖြတ်တယ်

ချစ်သူနှစ်ယောက် ဘယ်လောက်ပြည့်စုံသလဲဆိုတာ
သူတို့ပိုင်ဆိုင်မှုတွေနဲ့ဆုံးဖြတ်လို့မရဘူး
သူတို့နှစ်ယောက် တယောက်ကိုတယောက်
ဘယ်လောက်နားလည်ထားကြသလဲဆိုတာနဲ့ဆုံးဖြတ်တယ်

ချစ်သူနှစ်ယောက် ဘယ်လောက်မခွဲနိုင်သလဲဆိုတာ
လူရှေ့သူရှေ့သဲသဲလှုပ်ပြတာကိုကြည့်ပြီးဆုံးဖြတ်လို့မရဘူး
တကယ့်အခက်အခဲနဲ့တွေ့တဲ့အခါ တယောက်ကိုတယောက်
ဘယ်လောက်လက်တွေတွဲထားနိုင်သလဲဆိုတာနဲ့ဆုံးဖြတ်တယ်

လူအများအားကျရတဲ့ ချစ်သူစုံတွဲဆိုတာ
ကားအကောင်းစားစီး ၊ ရုပ်ရည်လေးတွေငေးနေအောင်
လှကြတဲ့စုံတွဲမျိုးကိုပြောတာမဟုတ်ဘူး
အချိန်အကြာကြီး..တယောက်ကိုတယောက်မပြောင်းလဲပဲ
ခက်ခက်ခဲခဲချစ်ပြီး အတူပေါင်းဖက်သွားနိုင်တဲ့..စုံတွဲမျိုးကိုပြောတာ

တယောက်နဲ့တယောက်ဘယ်လောက်နားလည်ထားကြလဲ
တယောက်အနွံအတာတယောက်ဘယ်လောက်ခံနိုင်ကြလဲ
တယောက်ကိုတယောက် ဘယ်လောက်ရူးသွပ်ကြသလဲ
အဲဒီအချက်တွေနဲ့ ချစ်သူတွေကိုဘယ်လောက်ချစ်ကြသလဲ ဆုံးဖြတ်ကြတယ် ။ ။



Credit : ကောင်မလေးရဲ့ကောင်ကလေး

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top