ဖုုန္းဆက္လုုိက္တုုိင္း ေဖေဖကုုိင္ခဲ့ရင္ ေဖေဖ ေမေမေရာ ေမေမနဲ႕ေျပာမယ္
ေမေမ့ကုုိေခၚေပးလုုိ႕ပဲ အျမဲေမးခဲ့တာ ...
ကုုိယ္က အာ့လုုိေမးတုုိင္း နင့္တုုိ႕အေမရွိတယ္ဆုုိျပီး
စိတ္တုုိသံနဲ႕ ေဖေဖျပန္ေျဖတုုိင္းနားမလည္ခ
ေဖေဖကလဲ သားအမိခ်င္း စကားေျပာမွာေတာင္ အလကားစိတ္တုုိေနတယ္လုုိ႕
ထင္ခဲ့မိတာ အၾကိမ္ၾကိမ္ပါ ။
အခုုေတာ့ ဒီစာေလးဖတ္ရင္း နားလည္ခဲ့ျပီ
ေနာက္ဆုုိ သမီး အျမဲ သတိထားပါ့မယ္ အေဖ .....။
အ ေဖ ေတြ ရဲ႕ ရင္ တြင္း စကား
“သားသမီးေတြအိမ္ျပန္လာတိုင္
က်ဳပ္ကဧည့္ခန္းထဲမွာထိုင္ေန
သူ႔အေမကိုမျမင္ေတာ့..
အ ေမ ေရာလို႔ေမးၾကတယ္…။
သူ႔အေမငုတ္တုတ္ထိုင္ေနတဲ့အခ
သားသမီးေတြရဲ႔ပါးစပ္ထဲ
ကိုထမင္းခြံ႕ေကြ်းတဲ့အေမ….ထ
မီးဖိုေခ်ာင္ထဲတကုပ္ကုပ္နဲ႕
သူတို႔အေမကိုေတာ့ သားသမီးေတြက ခ်စ္လိုက္ၾကတာ……
အဲဒီထမင္းေတြျဖစ္လာဖို႔က်ဳပ
ဘယ္ေလာက္အထိ
သူတို႔ကြယ္ ရာမွာအလုပ္လုပ္ေနရတယ္
ဆိုတာသူတို႔မေတြးမိဘူးဗ်……။
“သရက္သီးခူးေကြ်းတဲ့သူတို႕အ
ကိုေတာ့သား သမီးေတြက ေက်းဇူးတင္လိုက္ၾကတာ
ခ်စ္လိုက္ၾကတာ……။
ဒီသရက္ပင္ ကိုမိုးထဲေလထဲရြံ႕ထဲဗြက္ထဲမ
ဖခင္ေတြရဲ႕ႏွလံုးသားကိုေတာ့
နားမလည္ၾကဘူး…မျမင္ၾကဘူး………
“သားသမီးဆိုတာသူတို႔အေမရဲ႕ႏ
က်ဳပ္တို႕လို
ဖခင္ေတြရဲ႕ေခြ်းဖိုးကိုေတာ့
တစ္သက္လံုးစို႕ေနတဲ့ေခြ်းကိ
ႏို႕ေလာက္မခ်ိဳျမိန္ဘူးလို႕
“ထီးမိုးေပးတဲ့မေမ့ရဲ႕ေမတၱာ
ခ်က္ခ်င္းသိတတ္လိုက္ၾကတာ….
လံုျခံဳေႏြးေထြး
တဲ့ဘ၀ကိုဖန္တီးေပးေနတဲ့ဖခင္
မျမင္ၾကဘူးဗ်ာ…………….။”
“သားသမီးေတြက..ေသာက္ေရအိုးထ
တိုက္တဲ့အေမ့ကိုေတာ့ခ်စ္ၾကတ
.အဲဒီေသာက္ေရအိုးကိုေရအျပည္
ေပးထားတာက်ဳပ္တို႕အေဖေတြပါဗ
“ပန္းပန္ေပးတဲ့မိခင္ ရဲ႕အခ်စ္ကိုသာခံစားတတ္ၾကတာပ
ပန္းပင္ ကိုပ်ိဳးျပီးပန္းကေလး
ေတြပြင့္လာေအာင္ေရ ေလာင္းေပါင္းသင္ေပးေနတဲ့က်ဳ
ုဖခင္ေတြရဲ႕အခ်စ္ကို
ေတာ့သူတို႕ေလးေတြမခံစားတတ္ၾ
“မိေကာင္းဖခင္ ဆိုတဲ့စကားကိုအိမ္က
မိန္းမေတြ သေဘာေပါက္သင့္တယ္…
ျမန္မာစကားက
အဓိပၸါယ္ေလးနက္တယ္ဗ်……..။ မိေကာင္းဖခင္ ဆိုတာ….. အမိေကာင္းမွအဖကိုခင္ တယ္..
လို႕ဆိုလိုတာဗ်…….
အဖကိုမခင္ တြယ္တဲ့သားသမီးျဖစ္ေန
ရင္ အဲဒီသားသမီးရဲ႕မိခင္ မ ေကာင္း
လို႕ပဲ……..။
ဦးဘုန္း(ဓါတု)
Credit : Nyein Lai
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ဒီစာလေးကိုုဖတ်မိတော့ ဝမ်းနည်းမိတယ် ... အမှန်ပါပဲ ဖုုန်းဆက်လိုုက်တိုုင်း ဖေဖေကိုုင်ခဲ့ရင် ဖေဖေ မေမေရော မေမေနဲ့ပြောမယ် မေမေ့ကိုုခေါ်ပေးလိုု့ပဲ အမြဲမေးခဲ့တာ ... ကိုုယ်က အာ့လိုုမေးတိုုင်း နင့်တိုု့အမေရှိတယ်ဆိုုပြီး စိတ်တိုုသံနဲ့ ဖေဖေပြန်ဖြေတိုုင်းနားမလည်ခဲ့ဘူး ... ဖေဖေကလဲ သားအမိချင်း စကားပြောမှာတောင် အလကားစိတ်တိုုနေတယ်လိုု့ ထင်ခဲ့မိတာ အကြိမ်ကြိမ်ပါ ။ အခုုတော့ ဒီစာလေးဖတ်ရင်း နားလည်ခဲ့ပြီ နောက်ဆိုု သမီး အမြဲ သတိထားပါ့မယ် အဖေ .....။
အ ဖေ တွေ ရဲ့ ရင် တွင်း စကား “သားသမီးတွေအိမ်ပြန်လာတိုင်း ကျုပ်ကဧည့်ခန်းထဲမှာထိုင်နေတယ်……. သူ့အမေကိုမမြင်တော့.. အ မေ ရောလို့မေးကြတယ်…။ သူ့အမေငုတ်တုတ်ထိုင်နေတဲ့အခါကြ တော့ .. အ ဖေ ရောလို့မမေးကြဘူး….. ကျုပ်ခံစားရတယ်ဗျာ……..။” သားသမီးတွေရဲ့ပါးစပ်ထဲ ကိုထမင်းခွံ့ကျွေးတဲ့အမေ….ထမင်းပန်းကန်ထဲကိုထမင်းခူးပေးတဲ့အမေ….. မီးဖိုချောင်ထဲတကုပ်ကုပ်နဲ့အလုပ် ်ရှုပ်နေတဲ့အမေ….. သူတို့အမေကိုတော့ သားသမီးတွေက ချစ်လိုက်ကြတာ…… အဲဒီထမင်းတွေဖြစ်လာဖို့ကျုပ်တို့ ဘယ်လောက်အထိ သူတို့ကွယ် ရာမှာအလုပ်လုပ်နေရတယ် ဆိုတာသူတို့မတွေးမိဘူးဗျ……။ “သရက်သီးခူးကျွေးတဲ့သူတို့အမေ ကိုတော့သား သမီးတွေက ကျေးဇူးတင်လိုက်ကြတာ ချစ်လိုက်ကြတာ……။ ဒီသရက်ပင် ကိုမိုးထဲလေထဲရွံ့ထဲဗွက်ထဲမှာအအေးမိခံပြီးစိုက်ပျိုးပေးခဲ့တဲ့ကျုပ်တို့လို ဖခင်တွေရဲ့နှလုံးသားကိုတော့ နားမလည်ကြဘူး…မမြင်ကြဘူး………။ “သားသမီးဆိုတာသူတို့အမေရဲ့နို့ဖိုးကိုသာမြင် လွယ်ကြတာပါဗျာ…. ကျုပ်တို့လို ဖခင်တွေရဲ့ချွေးဖိုးကိုတော့တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူးဗျာ…. တစ်သက်လုံးစို့နေတဲ့ချွေးကို နို့လောက်မချိုမြိန်ဘူးလို့ထင် တတ်ကြတယ်ဗျ……………။” “ထီးမိုးပေးတဲ့မမေ့ရဲ့မေတ္တာကိုတော့ ချက်ချင်းသိတတ်လိုက်ကြတာ…. လုံခြုံနွေးထွေး တဲ့ဘဝကိုဖန်တီးပေးနေတဲ့ဖခင် တစ်ယောက် ရဲ့ချစ်ခြင်းနဲ့မေတ္တာကိုတော့မသိကြ…. မမြင်ကြဘူးဗျာ…………….။” “သားသမီးတွေက..သောက်ရေအိုးထဲက ရေအေးအေးကိုခပ်ပြီး တိုက်တဲ့အမေ့ကိုတော့ချစ်ကြတယ်…. .အဲဒီသောက်ရေအိုးကိုရေအပြည့်ဖြည့် ပေးထားတာကျုပ်တို့အဖေတွေပါဗျာ…… “ပန်းပန်ပေးတဲ့မိခင် ရဲ့အချစ်ကိုသာခံစားတတ်ကြတာပါ…. ပန်းပင် ကိုပျိုးပြီးပန်းကလေး တွေပွင့်လာအောင်ရေ လောင်းပေါင်းသင်ပေးနေတဲ့ကျုပ်တို့လိ ုဖခင်တွေရဲ့အချစ်ကို တော့သူတို့လေးတွေမခံစားတတ်ကြပါဘူး…..သိစေချင်တယ်ဗျာ…………..။” “မိကောင်းဖခင် ဆိုတဲ့စကားကိုအိမ်က မိန်းမတွေ သဘောပေါက်သင့်တယ်… မြန်မာစကားက အဓိပ္ပါယ်လေးနက်တယ်ဗျ……..။ မိကောင်းဖခင် ဆိုတာ….. အမိကောင်းမှအဖကိုခင် တယ်.. လို့ဆိုလိုတာဗျ……. အဖကိုမခင် တွယ်တဲ့သားသမီးဖြစ်နေ ရင် အဲဒီသားသမီးရဲ့မိခင် မ ကောင်း လို့ပဲ……..။ ဦးဘုန်း(ဓါတု)
Credit : Nyein Lai
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...