ေျခေထာက္အေနအထားနဲ႔ မိန္းကေလးတို႔၏ စိတ္ေနစိတ္ထား
မိန္းကေလးတစ္ေယာက္ရဲ႕
စိတ္ကို သိခ်င္ပါသလား။ သူမရဲ႕ေျခေထာက္ေတြကို ၾကည့္လိုက္ပါ။ လူအမ်ားစုဟာ
ေျခေထာက္ေတြကို အသိရွိရွိနဲ႔ ထိန္းခ်ဳပ္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္
ေျခေထာက္ေတြကို ၾကည့္ျခင္းအားျဖင့္ သူတို႔ေတြ ဘာေတြေတြးေနလဲ၊
သူတို႔ရဲ႕စိတ္ေနသေဘာထားနဲ႔ သူတို႔ ဘယ္လိုခံစားေနရလဲဆိုတာကို သိႏိုင္တယ္လို႔
ခႏၶာေဗဒပညာရွင္ေတြကို ေျပာထားပါတယ္။ ဒါ့ေၾကာင့္ ေယာက်ၤားေလးေတြအတြက္
မိန္းကေလးတစ္ေယာက္ရဲ႕ စိတ္အေျခအေနကို သူမရဲ႕ေျခေထာက္အေနအထားကို ၾကည့္႐ုံနဲ႔
ခန္႔မွန္းႏိုင္ေစမယ့္ အခ်က္ေလးေတြကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။
သင့္ဖက္ကို ေျခဦးလွည့္ထားမယ္ဆိုရင္
လူအမ်ားစုက
ကိုယ္သေဘာက်တဲ့ဆီကိုပဲ ေျခဦးကို လွည့္ထားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္
မိန္းကေလးတစ္ေယာက္ ဘယ္ဖက္ကို ေျခဦးလွည့္ထားလဲဆိုတာကို ၾကည့္ၿပီး
သူမရဲ႕စိတ္အေျခအေနကို မွန္းၾကည့္လို႔ ရႏိုင္ပါတယ္။ သူမရဲ႕ေျခဦးကို
သင့္ဖက္ကိုလွည့္ထားလား၊ အျခားေယာက်ၤားတစ္ေယာက္ဆီကိုလား ဒါမွမဟုတ္
ထြက္ေပါက္ဆီကိုလားဆိုတာကို ဂ႐ုတစိုက္ေစာင့္ၾကည့္ပါ။
ေျခေထာက္ေတြခြဲထားၿပီး တဖက္တည္းေပၚမွာ အားျပဳထားမယ္ဆုိရင္
ဒီအေနအထားက
ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိၿပီး ဘယ္သူနဲ႔မဆိုရင္ဆိုင္ေတြ႕ဆံုဖို႔
လမ္းဖြင့္ထားတယ္ဆိုတဲ့ သေဘာပါပဲ။ ကမာၻတစ္၀ွမ္းက ေအာင္ျမင္ေက်ာ္ၾကားသူေတြနဲ႔
ပြင့္ပြင့္လင္းလင္းသမားေတြက ဒီလိုပံုစံရပ္တတ္ၾကပါတယ္။ ဒါ့အျပင္ ဒီအေနအထားက
အမ်ိဳးသမီးတစ္ေယာက္ရဲ႕ တင္ပါးနဲ႔ ခါးကို ပိုၿပီးေတာ့ ေပၚလြင္ေစတဲ့အတြက္
ဆြဲေဆာင္မႈပိုရွိသြားေစပါတယ္။
ေျခေထာက္ေတြယွက္ထားမယ္ဆိုရင္
ေျခေထာက္ႏွစ္ေခ်ာင္းကို
ယွက္တားတဲ့ ပံုစံက အမ်ိဳးသမီးေတြက အမ်ိဳးသားတစ္ေယာက္ေယာက္ကို
စိတ္၀င္စားေနေၾကာင္းကို ေဖာ္ျပတဲ့ပံုစံျဖစ္ပါတယ္။ အမ်ိဳးသမီးတစ္ေယာက္က
ေျခေထာက္ခ်င္း ခ်ိတ္ထားမယ္ဆိုရင္ သူမရဲ႕အသားစိုင္ေတြအလွကို ေဖာ္ျပထားၿပီး
သင္နဲ႔ နီးကပ္လိုတဲ့ သေဘာပဲျဖစ္ပါတယ္။ ျဖည္းျဖည္းခ်င္း ေျခေထာက္ကို
ခ်ိတ္လိုက္၊ ျဖဳတ္လိုက္လုပ္ေနတာဟာ သူမရဲ႕ေျခေထာက္ေတြကို အာ႐ုံေရာက္ေအာင္
အသံုးျပဳတဲ့ နည္းစနစ္တစ္ခုျဖစ္ၿပီး စိတ္၀င္စားေနေၾကာင့္ အခ်က္ျပတာလည္း
ျဖစ္ပါတယ္။
ခိုေျခေထာက္ျဖစ္ေနမယ္ဆိုရင္
ေျခေထာက္ေတြ၊
ဒူးေတြကို ေကြးညႊတ္ထားတတ္ရင္ေတာ့ သူမက လူေတာသိပ္မတိုးတတ္သူ၊ စိတ္မလုံမလဲ
ျဖစ္တတ္သူ ဒါမွမဟုတ္ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ
ပြင့္လင္းမႈမရွိသူပဲ ျဖစ္ပါတယ္။ ဒါ့ေပမယ္ တစ္ခ်ိဳ႕ေတြက
ပင္ကိုယ္အတိုင္းကိုပဲ ခိုေျခေထာက္ေတြလို ျဖစ္ေနတတ္ပါတယ္။ ဒါ့ေၾကာင့္
အျခားအခ်က္ေတြကိုလည္း သတိထားၾကည့္ဖို႔ လိုပါတယ္။ မ်က္လံုးအၾကည့္မရဲတာ၊
ကိုယ္ေနဟန္ထား မပြင့္လင္းတာ စတဲ့အမူအယာေတြကို ေတြ႔မယ္ဆိုရင္ေတာ့
မီးနီျပေနတယ္ဆိုတဲ့သေဘာပါပဲ။
ေျခဦးကို (၄၅)ဒီဂရီ လွည့္ထားမယ္ဆိုရင္
ေျခဦးတစ္ဖက္ကို
သင့္ဖက္ကို လွည့္ထားၿပီး ေနာက္တစ္ဖက္ကို (၄၅)ဒီဂရီေလာက္ လွည့္ထားမယ္ဆိုရင္
သူမအေနနဲ႔ စကား၀ိုင္းထဲကို ေနာက္ထပ္လူတစ္ေယာက္ေလာက္ ပါ၀င္လာေစခ်င္တဲ့
သေဘာပဲျဖစ္ပါတယ္။ တစ္နည္းေျပာရရင္ သင္နဲ႔ႏွစ္ေယာက္တည္း
စကားေျပာမေနခ်င္ဘူးဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။ ဒီလို ေျခေထာက္အေနအထားက သူမဟာ
ပြင့္လင္းေဖာ္ေရြမႈရွိၿပီး သင့္မိတ္ေဆြအေပါင္းအသင္းေတြနဲ႔
ေျပာဆိုဆက္ဆံရတာကို စိတ္လႈပ္ရွားေနတယ္ဆိုတာကို ေဖာ္ျပတာျဖစ္ပါတယ္။
Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ခြေထောက်အနေအထားနဲ့ မိန်းကလေးတို့၏ စိတ်နေစိတ်ထား
မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို သိချင်ပါသလား။ သူမရဲ့ခြေထောက်တွေကို ကြည့်လိုက်ပါ။ လူအများစုဟာ ခြေထောက်တွေကို အသိရှိရှိနဲ့ ထိန်းချုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် ခြေထောက်တွေကို ကြည့်ခြင်းအားဖြင့် သူတို့တွေ ဘာတွေတွေးနေလဲ၊ သူတို့ရဲ့စိတ်နေသဘောထားနဲ့ သူတို့ ဘယ်လိုခံစားနေရလဲဆိုတာကို သိနိုင်တယ်လို့ ခန္ဓာဗေဒပညာရှင်တွေကို ပြောထားပါတယ်။ ဒါ့ကြောင့် ယောကျၤားလေးတွေအတွက် မိန်းကလေးတစ်ယောက်ရဲ့ စိတ်အခြေအနေကို သူမရဲ့ခြေထောက်အနေအထားကို ကြည့်ရုံနဲ့ ခန့်မှန်းနိုင်စေမယ့် အချက်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
သင့်ဖက်ကို ခြေဦးလှည့်ထားမယ်ဆိုရင်
လူအများစုက ကိုယ်သဘောကျတဲ့ဆီကိုပဲ ခြေဦးကို လှည့်ထားတတ်ကြပါတယ်။ ဒါ့ကြောင့် မိန်းကလေးတစ်ယောက် ဘယ်ဖက်ကို ခြေဦးလှည့်ထားလဲဆိုတာကို ကြည့်ပြီး သူမရဲ့စိတ်အခြေအနေကို မှန်းကြည့်လို့ ရနိုင်ပါတယ်။ သူမရဲ့ခြေဦးကို သင့်ဖက်ကိုလှည့်ထားလား၊ အခြားယောကျၤားတစ်ယောက်ဆီကိုလား ဒါမှမဟုတ် ထွက်ပေါက်ဆီကိုလားဆိုတာကို ဂရုတစိုက်စောင့်ကြည့်ပါ။
ခြေထောက်တွေခွဲထားပြီး တဖက်တည်းပေါ်မှာ အားပြုထားမယ်ဆိုရင်
ဒီအနေအထားက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ဘယ်သူနဲ့မဆိုရင်ဆိုင်တွေ့ဆုံဖို့ လမ်းဖွင့်ထားတယ်ဆိုတဲ့ သဘောပါပဲ။ ကမ္ဘာတစ်ဝှမ်းက အောင်မြင်ကျော်ကြားသူတွေနဲ့ ပွင့်ပွင့်လင်းလင်းသမားတွေက ဒီလိုပုံစံရပ်တတ်ကြပါတယ်။ ဒါ့အပြင် ဒီအနေအထားက အမျိုးသမီးတစ်ယောက်ရဲ့ တင်ပါးနဲ့ ခါးကို ပိုပြီးတော့ ပေါ်လွင်စေတဲ့အတွက် ဆွဲဆောင်မှုပိုရှိသွားစေပါတယ်။
ခြေထောက်တွေယှက်ထားမယ်ဆိုရင်
ခြေထောက်နှစ်ချောင်းကို ယှက်တားတဲ့ ပုံစံက အမျိုးသမီးတွေက အမျိုးသားတစ်ယောက်ယောက်ကို စိတ်ဝင်စားနေကြောင်းကို ဖော်ပြတဲ့ပုံစံဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်က ခြေထောက်ချင်း ချိတ်ထားမယ်ဆိုရင် သူမရဲ့အသားစိုင်တွေအလှကို ဖော်ပြထားပြီး သင်နဲ့ နီးကပ်လိုတဲ့ သဘောပဲဖြစ်ပါတယ်။ ဖြည်းဖြည်းချင်း ခြေထောက်ကို ချိတ်လိုက်၊ ဖြုတ်လိုက်လုပ်နေတာဟာ သူမရဲ့ခြေထောက်တွေကို အာရုံရောက်အောင် အသုံးပြုတဲ့ နည်းစနစ်တစ်ခုဖြစ်ပြီး စိတ်ဝင်စားနေကြောင့် အချက်ပြတာလည်း ဖြစ်ပါတယ်။
ခိုခြေထောက်ဖြစ်နေမယ်ဆိုရင်
ခြေထောက်တွေ၊ ဒူးတွေကို ကွေးညွှတ်ထားတတ်ရင်တော့ သူမက လူတောသိပ်မတိုးတတ်သူ၊ စိတ်မလုံမလဲ ဖြစ်တတ်သူ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပွင့်လင်းမှုမရှိသူပဲ ဖြစ်ပါတယ်။ ဒါ့ပေမယ် တစ်ချို့တွေက ပင်ကိုယ်အတိုင်းကိုပဲ ခိုခြေထောက်တွေလို ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် အခြားအချက်တွေကိုလည်း သတိထားကြည့်ဖို့ လိုပါတယ်။ မျက်လုံးအကြည့်မရဲတာ၊ ကိုယ်နေဟန်ထား မပွင့်လင်းတာ စတဲ့အမူအယာတွေကို တွေ့မယ်ဆိုရင်တော့ မီးနီပြနေတယ်ဆိုတဲ့သဘောပါပဲ။
ခြေဦးကို (၄၅)ဒီဂရီ လှည့်ထားမယ်ဆိုရင်
ခြေဦးတစ်ဖက်ကို သင့်ဖက်ကို လှည့်ထားပြီး နောက်တစ်ဖက်ကို (၄၅)ဒီဂရီလောက် လှည့်ထားမယ်ဆိုရင် သူမအနေနဲ့ စကားဝိုင်းထဲကို နောက်ထပ်လူတစ်ယောက်လောက် ပါဝင်လာစေချင်တဲ့ သဘောပဲဖြစ်ပါတယ်။ တစ်နည်းပြောရရင် သင်နဲ့နှစ်ယောက်တည်း စကားပြောမနေချင်ဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒီလို ခြေထောက်အနေအထားက သူမဟာ ပွင့်လင်းဖော်ရွေမှုရှိပြီး သင့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပြောဆိုဆက်ဆံရတာကို စိတ်လှုပ်ရှားနေတယ်ဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။
Credit:Gentleman Magazine
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ေျခေထာက္အေနအထားနဲ႔ မိန္းကေလးတို႔၏ စိတ္ေနစိတ္ထား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။