iMyanmarHouse.com - Best Property Website for Myanmar
×

မနက္၊ ည သြားတုိက္ျခင္းနဲ႔ တစ္ခုခုစားျပီးတုိင္း မိမိပါးစပ္ကိုေသခ်ာေဆးေၾကာသန္႔စင္ျခင္းျဖင့္ သြားေတြ ဂရုစိုက္ထိန္းသိမ္းဖုိ႔ ငယ္ငယ္ကတည္းက အသိေပးခံခဲ့ၾကပါတယ္။ ဒါက သြားပိုးေပါက္ေတြ မရိွေစဘဲ သြားေတြ ၾကာရွည္ က်န္းမာသန္စြမ္း ေစပါလိမ့္မယ္။ ဒါေပမယ့္ ၾကီးျပင္းလာတဲ့အခ်ိန္က်ေတာ့ ေရရွည္မွာ သြားေတြ ေသခ်ာေပါက္ ပ်က္စီးေစမယ့္ အရာေတြ ျပဳလုပ္ၾကပါတယ္။ ဒါေတြက သြားေတြ ခုိင္ခံ့ျပီး အႏၱရာယ္မျဖစ္ေအာင္ ေရွာင္ၾကဥ္သင့္တဲ့ အေလ့အက်င့္ဆုိးေတြ ျဖစ္ပါတယ္။

- တခ်ဳိ႕မွာ ေရခဲကုိက္ဝါးတတ္တဲ့ အက်င့္ရိွၾကပါတယ္။ ဒါက သြားေတြ ပ်က္စီးေစျပီး အက္ရာပဲ့ရာေသးေသးေလးေတြ အျမဲေပၚျဖစ္ေစပါတယ္။ ေနာက္ဆုံး သြားေတြ က်ဳိးျခင္း၊ အက္ျခင္းေတြ ျဖစ္ေစပါတယ္။

- ညအိပ္ခါနီး ႏုိ႔ေသာက္တတ္တဲ့အက်င့္ရိွတဲ့ ကေလးေတြဟာ ႏုိ႔မွာပါတဲ့ သၾကားဓာတ္ေတြ သြားေၾကြကို ထိခုိက္ေစျပီး သြားပိုးစားေစတာေၾကာင့္ သြားယုိယြင္းပ်က္စီးမႈ အႏၱရာယ္ရိွပါတယ္။

- ေခ်ာင္းဆုိးေပ်ာက္အစက္ခ်ေဆးရည္မွာ သၾကားဓာတ္ပါဝင္မႈ ျမင့္မားပါတယ္။ လည္ေခ်ာင္းနာအတြက္ ေကာင္းမြန္ေပမယ့္ လည္ေခ်ာင္းနာရိွတဲ့အခ်ိန္ တစ္ေနကုန္အဆက္မျပတ္ စုပ္ေနပါက သြားပ်က္စီးမႈ ျဖစ္ေစနုိင္ပါတယ္။

- ကေလးငယ္ေတြ ဂ်ယ္လီသၾကားလုံးကို အရမ္းၾကိဳက္ႏွစ္သက္ၾကပါတယ္။ အဲဒီလုိသၾကားလုံးေတြ စားျပီးတိုင္း ပါးစပ္ကို ေသခ်ာေဆးေၾကာေပးပါ။ သၾကားလုံးမွာ ပါတဲ့အခ်ဳိဓာတ္က သြားေတြေပၚကပ္တြယ္ျပီး သြားပ်က္စီးမႈ ျဖစ္ေစပါလိမ့္မယ္။

- ဆုိဒါကို မျဖစ္မေနေရွာင္ၾကဥ္ပါ။ ဆုိဒါမွာ အက္စစ္နဲ႔ သၾကားဓာတ္ပါဝင္မႈ အလြန္ျမင့္မားျပီး သြားပ်က္စီးမႈ ျဖစ္ေစနုိင္ပါတယ္။

- သစ္သီးေဖ်ာ္ရည္ေတြဟာ အာဟာရဓာတ္ အလြန္ျမင့္မားေပမယ့္ ေရရွည္မွာ သြားေတြ အႏၱရာယ္ျဖစ္ေစႏုိင္ သၾကားဓာတ္ပမာဏ အေျမာက္အမ်ားပါဝင္ေနေၾကာင္း လုံးဝေမ့ထားသင့္ပါဘူး။ ဆုိေတာ့ သစ္သီးေဖ်ာ္ရည္အစား အသီးေတြကိုပဲ ေရြးခ်ယ္စားသုံးပါ။

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မနက်၊ ည သွားတိုက်ခြင်းနဲ့ တစ်ခုခုစားပြီးတိုင်း မိမိပါးစပ်ကိုသေချာဆေးကြောသန့်စင်ခြင်းဖြင့် သွားတွေ ဂရုစိုက်ထိန်းသိမ်းဖို့ ငယ်ငယ်ကတည်းက အသိပေးခံခဲ့ကြပါတယ်။ ဒါက သွားပိုးပေါက်တွေ မရှိစေဘဲ သွားတွေ ကြာရှည် ကျန်းမာသန်စွမ်း စေပါလိမ့်မယ်။ ဒါပေမယ့် ကြီးပြင်းလာတဲ့အချိန်ကျတော့ ရေရှည်မှာ သွားတွေ သေချာပေါက် ပျက်စီးစေမယ့် အရာတွေ ပြုလုပ်ကြပါတယ်။ ဒါတွေက သွားတွေ ခိုင်ခံ့ပြီး အန္တရာယ်မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အလေ့အကျင့်ဆိုးတွေ ဖြစ်ပါတယ်။

- တချို့မှာ ရေခဲကိုက်ဝါးတတ်တဲ့ အကျင့်ရှိကြပါတယ်။ ဒါက သွားတွေ ပျက်စီးစေပြီး အက်ရာပဲ့ရာသေးသေးလေးတွေ အမြဲပေါ်ဖြစ်စေပါတယ်။ နောက်ဆုံး သွားတွေ ကျိုးခြင်း၊ အက်ခြင်းတွေ ဖြစ်စေပါတယ်။

- ညအိပ်ခါနီး နို့သောက်တတ်တဲ့အကျင့်ရှိတဲ့ ကလေးတွေဟာ နို့မှာပါတဲ့ သကြားဓာတ်တွေ သွားကြွေကို ထိခိုက်စေပြီး သွားပိုးစားစေတာကြောင့် သွားယိုယွင်းပျက်စီးမှု အန္တရာယ်ရှိပါတယ်။

- ချောင်းဆိုးပျောက်အစက်ချဆေးရည်မှာ သကြားဓာတ်ပါဝင်မှု မြင့်မားပါတယ်။ လည်ချောင်းနာအတွက် ကောင်းမွန်ပေမယ့် လည်ချောင်းနာရှိတဲ့အချိန် တစ်နေကုန်အဆက်မပြတ် စုပ်နေပါက သွားပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။

- ကလေးငယ်တွေ ဂျယ်လီသကြားလုံးကို အရမ်းကြိုက်နှစ်သက်ကြပါတယ်။ အဲဒီလိုသကြားလုံးတွေ စားပြီးတိုင်း ပါးစပ်ကို သေချာဆေးကြောပေးပါ။ သကြားလုံးမှာ ပါတဲ့အချိုဓာတ်က သွားတွေပေါ်ကပ်တွယ်ပြီး သွားပျက်စီးမှု ဖြစ်စေပါလိမ့်မယ်။

- ဆိုဒါကို မဖြစ်မနေရှောင်ကြဉ်ပါ။ ဆိုဒါမှာ အက်စစ်နဲ့ သကြားဓာတ်ပါဝင်မှု အလွန်မြင့်မားပြီး သွားပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။

- သစ်သီးဖျော်ရည်တွေဟာ အာဟာရဓာတ် အလွန်မြင့်မားပေမယ့် ရေရှည်မှာ သွားတွေ အန္တရာယ်ဖြစ်စေနိုင် သကြားဓာတ်ပမာဏ အမြောက်အများပါဝင်နေကြောင်း လုံးဝမေ့ထားသင့်ပါဘူး။ ဆိုတော့ သစ်သီးဖျော်ရည်အစား အသီးတွေကိုပဲ ရွေးချယ်စားသုံးပါ။



Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top