သင္နဲ႕သင့္ခ်စ္သူေကာင္မေလး အခ်စ္ေရးအေျခအေနက တည္ျငိမ္ျပီး ေအးေဆးပဲမုိ႕
သင့္ေကာင္မေလး သင့္ကို အရင္လုိခ်စ္ေနဆဲလုိ႕ သင္ယူဆေနႏိုင္ပါတယ္။
သင္နဲ႕တစ္ပတ္တစ္ခါ၊ ႏွစ္ခါေတြ႕မယ္၊ ဖုန္းဆက္မယ္။ အြန္လိုင္းမွာ chat
ျဖစ္တယ္။ ခ်စ္ေၾကာင္းၾကိဳက္ေၾကာင္း စာတုိေလးေတြ ပို႕ျဖစ္တယ္။ ဒီလိုဆို သူက
သင့္ကိုအရင္လို ဘာမွမေျပာင္းလဲခ်စ္ေနတာလို႕ သင္လံုး၀ယံုၾကည္ထားႏိုင္ျပီလား။
ယံုၾကည္ႏိုင္တယ္လို႕ တစ္ထစ္ခ်ေတာ့ မေျပာလိုက္ပါနဲ႕ဦး။ ဘာလုိ႕လဲဆုိေတာ့
အမ်ိဳးသမီးေတြဟာ စိတ္ခံစားခ်က္ေတြ၊ စိတ္ဆႏၵေတြ ေျပာင္းလဲေနတတ္လို႕ပါပဲ။
သူတုိ႕အေပၚ သင္ဟာ လ်စ္လ်ဴရႈထားတာ အခ်ိန္အတိုင္းအတာတစ္ခု ရွိသြားဖူးမယ္။
ဂရုစိုက္ ၾကင္နာမႈအရင္ကေလာက္ သိပ္မေပးျဖစ္ေတာ့ဘူးဆုိရင္ သူတုိ႕ေတြဟာ
သင့္အျပင္ ေနာက္တစ္ေယာက္ထားႏိုင္ပါတယ္။ သူတုိ႕စိတ္ထဲမွာ သင္ဟာ သူ႕အေပၚ
ေသြးေအးသြားျပီလို႕ သင့္ခ်စ္သူက ထင္ျမင္သြားတဲ့အခါမွာေပါ့။ ဒီေတာ့
အမ်ိဳးသမီးေတြအေနနဲ႕ ကိုယ့္ခ်စ္သူကို သစၥာေဖာက္ျပီး
အျခားသူနဲ႕ထပ္တြဲျဖစ္သြားတဲ့ အေၾကာင္းအရင္းေတြ မ်ားစြာရွိတဲ့အထဲကမွ
အဓိကက်တဲ့ အေၾကာင္းအရင္းေတြကေတာ့
(၁) သူ႕နားမွာ အရင္လို အနီးကပ္မရွိေပးႏိုင္ေတာ့တဲ့အခါ
ခ်စ္သူစုံတြဲဆက္ဆံေရးတစ္ခုမွာ
အမ်ဳိးသမီးေတြ အလိုခ်င္ဆုံး အရာတစ္ခုက အနီးကပ္ ယုယမႈပဲျဖစ္ပါတယ္။
သမီးရည္းစား ဆက္ဆံေရးမွာ အမ်ဳိးသမီးေတြကို ဆက္ဆံေရး အျမဲေျပလည္သလို
ခံစားေစတာက လိင္ဆက္္ဆံျခင္း တစ္ခုတည္း မဟုတ္ပါဘူး။ တစ္ဦးနဲ႔တစ္ဦး
ထိေတြ႔မႈရိွျခင္း၊ အနမ္းေျခြျခင္း နဲ႔ မၾကာမၾကာ
ဆက္သြယ္စကားေျပာဆိုျခင္းစတဲ့ အရာေတြပဲျဖစ္ပါတယ္။
(၂) သင့္ရဲ႕လိမ္လည္လွည့္ျဖားမႈကို လက္စားေခ်ဖုိ႕ ဆံုးျဖတ္လိုက္ျပီဆုိရင္
အမ်ဳိးသမီးတစ္ဦးက
ျပန္လည္သေရာ္ျပၿပီေဟ့ဆုိ၇င္ ငရဲက သူေလာက္ေတာင္
ေၾကာက္စရာမေကာင္းေတာ့သလိုပါပဲ။ သင္သူမကုိ လွည့္စားလိုက္တာေၾကာင့္
သူ႔ယုံၾကည္မႈကို သင္ ရုိက္ခ်ဳိးပစ္ခဲ့တာနဲ႕တူေနပါျပီ ( ျဖစ္ႏုိင္ေခ်က
သူ႔ႏွလုံးသားကိုေပါ့)။ သင္သူမကို နာက်င္မႈေပးခဲ့သလို သူလည္းသင့္ကို
ျပန္လည္ခံစားေစခ်င္တယ္။ သင့္ရဲ႕ အမႈမဲ့ အမွတ္မဲ့ႏုိင္မႈေတြကို
ျပန္ျပင္လို႔မရေပမယ့္ သူမဆီက ခြင့္လြတ္မႈ ေတာင္းယူႏုိင္တယ္၊ ေနာက္တစ္ခါ
ဒီလိုအျဖစ္မ်ဳိး မရိွေစေတာ့မယ့္အေၾကာင္း သစၥာဆိုႏုိင္ျပီး ႏွစ္ဦးလုံးအတြက္
အကူအညီျဖစ္ေစဖို႔ သမီးရည္းစားဆက္ဆံေရး အၾကံအဥာဏ္ကို ရယူႏုိင္ပါတယ္။ သူမရဲ႕
ယုံၾကည္မႈျပန္ရယူဖို႔အတြက္ Sorry ေျပာလိုက္ရုံနဲ႔ မလုံေလာက္ပါဘူး။
အလုပ္နဲ႔ သင္လက္ေတြ႔နဲ႔ ျပသရလိမ့္မယ္။
(၃)သင္သူ႔ကို လ်စ္လ်ဴရႈခံထားတယ္၊ မသိက်ဴိ းကၽြံျပဳထားတယ္လုိ႕ ခံစားရတဲ့အခါ
အမ်ဳိးသမီးေတြက
မိမိကို တက္မက္လိုခ်င္တဲ့ ခံစားခ်က္ကို ႏွစ္ျခိဳက္ၾကပါတယ္။ ဒါေပမယ့္
ကိုယ့္ခ်စ္သူရည္းစားကို ခ်စ္သူရည္းစားလို ဆက္ဆံမယ့္အစား
ခိုင္းစားမယ့္သူတစ္ဦးလို ပိုခံစားလာခဲ့ျပီဆိုရင္ အမ်ဳိးသမီးေတြက
ေသြဖယ္တတ္ၾကပါတယ္။ ေနာက္ျပီး အခ်ိန္ေတြကို လုပ္ငန္းခြင္ေတြမွာသာ
ကုန္ဆုံးေစတာ သို႔မဟုတ္ ရတဲ့အခ်ိန္မွာ ေရာင္းရင္းမိတ္ေဆြေတြနဲ႔သာ
အျပင္လိုက္ထြက္ေနမယ္ဆိုရင္ သူမကို တျခားတစ္ေနရာရာကို စြန္႔ခြာထြက္သြားဖို႔
တြန္႔ပို႔ေပးသလို ျဖစ္သြားပါၿပီ။ အမ်ဳိးသမီးဆိုတာ ခံစားခ်က္နဲ႔
အသက္ရွင္သူေတြျဖစ္ျပီး သူတို႔ေယာက်္ားေတြကို အျမဲအနားရိွေနေစခ်င္သလို
သူတို႔ကို စိတ္ခြန္အား ေပးေစလိုၾကတယ္။ သင့္ရဲ႕ ခ်စ္သူစံုတြဲဘဝကို စတင္
လ်စ္လ်ဴရႈလိုက္တာနဲ႔ ေဖါက္ျပန္ျခင္းက မလြဲမေသြ ေရာက္လာမွာျဖစ္တယ္။
(၄) သူမဟာ ခ်စ္သူစုံတြဲဘဝ အဆုံးသတ္ေရာက္ေနတယ္လို႔ ခံစားရျပီဆုိရင္
အမ်ဳိးသမီးေတြဆိုတာ
စိတ္ခံစားခ်က္နဲ႔ အသက္ရွင္ေနသူေတြျဖစ္ပါတယ္။
ရုပ္ပိုင္းဆိုင္ရာပံ့ပိုးကူညီမႈ လုိအပ္သလို စိတ္ပိုင္းဆိုင္ရာ
အားေပးႏွစ္သိမ့္မႈလည္း လုိအပ္ပါတယ္။ သူမေၾကာင့္ေသာ္လည္းေကာင္း၊
တစ္ဖက္လူေၾကာင့္ေသာ္လည္းေကာင္း အမ်ဳိးသမီးတစ္ဦးက ခ်စ္သူစုံတြဲဘဝကို
ျပီးဆုံးသြားသလို မလြယ္ကူလွတဲ့ ခံစားခ်က္ရိွေနျပီဆိုရင္ အျပင္က
သူမႀကံဳေနရတဲ့ ပုံစံအမ်ဳိးမ်ဳိးနဲ႔ ဝင္ေရာက္ေႏွာက္ယွက္မႈဒဏ္ကေန
သက္သာရာရေအာင္ အဲဒီဟာကြက္ လုိက္ျဖည့္ဖို႔ အျမဲလိုက္ရွာေနေတာ့မွာျဖစ္တယ္။
ဒါ့ေၾကာင့္ အဲဒီအခ်က္ကို ေရွာင္ႏုိင္ဖို႔ ခ်စ္သူစုံတြဘဝကို အျမဲ
ရွင္သန္ေစပါ။ အဲဒါ ခံစားခ်က္ေတြ အျပန္အလွန္မွ်ေဝေပးရာေရာက္ပါတယ္။
Credit:Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
သင်နဲ့သင့်ချစ်သူကောင်မလေး အချစ်ရေးအခြေအနေက တည်ငြိမ်ပြီး အေးဆေးပဲမို့ သင့်ကောင်မလေး သင့်ကို အရင်လိုချစ်နေဆဲလို့ သင်ယူဆနေနိုင်ပါတယ်။ သင်နဲ့တစ်ပတ်တစ်ခါ၊ နှစ်ခါတွေ့မယ်၊ ဖုန်းဆက်မယ်။ အွန်လိုင်းမှာ chat ဖြစ်တယ်။ ချစ်ကြောင်းကြိုက်ကြောင်း စာတိုလေးတွေ ပို့ဖြစ်တယ်။ ဒီလိုဆို သူက သင့်ကိုအရင်လို ဘာမှမပြောင်းလဲချစ်နေတာလို့ သင်လုံးဝယုံကြည်ထားနိုင်ပြီလား။ ယုံကြည်နိုင်တယ်လို့ တစ်ထစ်ချတော့ မပြောလိုက်ပါနဲ့ဦး။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေဟာ စိတ်ခံစားချက်တွေ၊ စိတ်ဆန္ဒတွေ ပြောင်းလဲနေတတ်လို့ပါပဲ။ သူတို့အပေါ် သင်ဟာ လျစ်လျူရှုထားတာ အချိန်အတိုင်းအတာတစ်ခု ရှိသွားဖူးမယ်။ ဂရုစိုက် ကြင်နာမှုအရင်ကလောက် သိပ်မပေးဖြစ်တော့ဘူးဆိုရင် သူတို့တွေဟာ သင့်အပြင် နောက်တစ်ယောက်ထားနိုင်ပါတယ်။ သူတို့စိတ်ထဲမှာ သင်ဟာ သူ့အပေါ် သွေးအေးသွားပြီလို့ သင့်ချစ်သူက ထင်မြင်သွားတဲ့အခါမှာပေါ့။ ဒီတော့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ချစ်သူကို သစ္စာဖောက်ပြီး အခြားသူနဲ့ထပ်တွဲဖြစ်သွားတဲ့ အကြောင်းအရင်းတွေ များစွာရှိတဲ့အထဲကမှ အဓိကကျတဲ့ အကြောင်းအရင်းတွေကတော့
(၁) သူ့နားမှာ အရင်လို အနီးကပ်မရှိပေးနိုင်တော့တဲ့အခါ
ချစ်သူစုံတွဲဆက်ဆံရေးတစ်ခုမှာ အမျိုးသမီးတွေ အလိုချင်ဆုံး အရာတစ်ခုက အနီးကပ် ယုယမှုပဲဖြစ်ပါတယ်။ သမီးရည်းစား ဆက်ဆံရေးမှာ အမျိုးသမီးတွေကို ဆက်ဆံရေး အမြဲပြေလည်သလို ခံစားစေတာက လိင်ဆက်ဆံခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုရှိခြင်း၊ အနမ်းခြွေခြင်း နဲ့ မကြာမကြာ ဆက်သွယ်စကားပြောဆိုခြင်းစတဲ့ အရာတွေပဲဖြစ်ပါတယ်။
(၂) သင့်ရဲ့လိမ်လည်လှည့်ဖြားမှုကို လက်စားချေဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်
အမျိုးသမီးတစ်ဦးက ပြန်လည်သရော်ပြပြီဟေ့ဆို၇င် ငရဲက သူလောက်တောင် ကြောက်စရာမကောင်းတော့သလိုပါပဲ။ သင်သူမကို လှည့်စားလိုက်တာကြောင့် သူ့ယုံကြည်မှုကို သင် ရိုက်ချိုးပစ်ခဲ့တာနဲ့တူနေပါပြီ ( ဖြစ်နိုင်ချေက သူ့နှလုံးသားကိုပေါ့)။ သင်သူမကို နာကျင်မှုပေးခဲ့သလို သူလည်းသင့်ကို ပြန်လည်ခံစားစေချင်တယ်။ သင့်ရဲ့ အမှုမဲ့ အမှတ်မဲ့နိုင်မှုတွေကို ပြန်ပြင်လို့မရပေမယ့် သူမဆီက ခွင့်လွတ်မှု တောင်းယူနိုင်တယ်၊ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မရှိစေတော့မယ့်အကြောင်း သစ္စာဆိုနိုင်ပြီး နှစ်ဦးလုံးအတွက် အကူအညီဖြစ်စေဖို့ သမီးရည်းစားဆက်ဆံရေး အကြံအဉာဏ်ကို ရယူနိုင်ပါတယ်။ သူမရဲ့ ယုံကြည်မှုပြန်ရယူဖို့အတွက် Sorry ပြောလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အလုပ်နဲ့ သင်လက်တွေ့နဲ့ ပြသရလိမ့်မယ်။
(၃)သင်သူ့ကို လျစ်လျူရှုခံထားတယ်၊ မသိကျိူ းကျွံပြုထားတယ်လို့ ခံစားရတဲ့အခါ
အမျိုးသမီးတွေက မိမိကို တက်မက်လိုချင်တဲ့ ခံစားချက်ကို နှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူရည်းစားကို ချစ်သူရည်းစားလို ဆက်ဆံမယ့်အစား ခိုင်းစားမယ့်သူတစ်ဦးလို ပိုခံစားလာခဲ့ပြီဆိုရင် အမျိုးသမီးတွေက သွေဖယ်တတ်ကြပါတယ်။ နောက်ပြီး အချိန်တွေကို လုပ်ငန်းခွင်တွေမှာသာ ကုန်ဆုံးစေတာ သို့မဟုတ် ရတဲ့အချိန်မှာ ရောင်းရင်းမိတ်ဆွေတွေနဲ့သာ အပြင်လိုက်ထွက်နေမယ်ဆိုရင် သူမကို တခြားတစ်နေရာရာကို စွန့်ခွာထွက်သွားဖို့ တွန့်ပို့ပေးသလို ဖြစ်သွားပါပြီ။ အမျိုးသမီးဆိုတာ ခံစားချက်နဲ့ အသက်ရှင်သူတွေဖြစ်ပြီး သူတို့ယောကျ်ားတွေကို အမြဲအနားရှိနေစေချင်သလို သူတို့ကို စိတ်ခွန်အား ပေးစေလိုကြတယ်။ သင့်ရဲ့ ချစ်သူစုံတွဲဘဝကို စတင် လျစ်လျူရှုလိုက်တာနဲ့ ဖေါက်ပြန်ခြင်းက မလွဲမသွေ ရောက်လာမှာဖြစ်တယ်။
(၄) သူမဟာ ချစ်သူစုံတွဲဘဝ အဆုံးသတ်ရောက်နေတယ်လို့ ခံစားရပြီဆိုရင်
အမျိုးသမီးတွေဆိုတာ စိတ်ခံစားချက်နဲ့ အသက်ရှင်နေသူတွေဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှု လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုလည်း လိုအပ်ပါတယ်။ သူမကြောင့်သော်လည်းကောင်း၊ တစ်ဖက်လူကြောင့်သော်လည်းကောင်း အမျိုးသမီးတစ်ဦးက ချစ်သူစုံတွဲဘဝကို ပြီးဆုံးသွားသလို မလွယ်ကူလှတဲ့ ခံစားချက်ရှိနေပြီဆိုရင် အပြင်က သူမကြုံနေရတဲ့ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်နှောက်ယှက်မှုဒဏ်ကနေ သက်သာရာရအောင် အဲဒီဟာကွက် လိုက်ဖြည့်ဖို့ အမြဲလိုက်ရှာနေတော့မှာဖြစ်တယ်။ ဒါ့ကြောင့် အဲဒီအချက်ကို ရှောင်နိုင်ဖို့ ချစ်သူစုံတွဘဝကို အမြဲ ရှင်သန်စေပါ။ အဲဒါ ခံစားချက်တွေ အပြန်အလှန်မျှဝေပေးရာရောက်ပါတယ်။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
» အမ်ိဳးသမီးေတြ ေဖာက္ျပန္ရျခင္း အေၾကာင္းရင္းဟာ ဒီအခ်က္ေတြေၾကာင့္သာျဖစ္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။