ေယဘူယ်အားျဖင့္ေတာ့ အေပါင္းအသင္းမ်ားတဲ့သူေတြဟာ ပိုမိုေပ်ာ္ရႊင္ရတယ္လို႔
ဆိုၾကေပမယ့္လည္း သုေတသန အသစ္တစ္ခုက ေဖာ္ျပခဲ့တာကေတာ့
ဥာဏ္ရည္ျမင့္မားသူေတြဟာ အေပါင္းအသင္းနည္းၾကတယ္ ဆိုတာပါပဲ။
လန္ဒန္ၿမိဳ႕မွာရွိတဲ့ တကၠသိုလ္တစ္ခုက စိတ္ပညာေဗဒ
ကၽြမ္းက်င္သူတစ္ေယာက္ျဖစ္တဲ့ Satoshi Kanazawa နဲ႔ စကၤာပူ ႏိုင္ငံက Norman
Li ဆိုသူတို႔ဟာ ၿပီးခဲ့တဲ့လ ၿဗိတိန္ႏိုင္ငံထုတ္ စိတ္ပညာေဗဒ ဂ်ာနယ္ထဲမွာ
ပံုႏွိပ္ေဖာ္ျပခဲ့တဲ့ ေလ့လာမႈတစ္ခုထဲမွာ စာေရးသူေတြအျဖစ္ပါ၀င္ခဲ့ပါတယ္။
သူတို႔ ေရးသားခဲ့တဲ့ အေၾကာင္းအရာကေတာ့ အေပါင္းအသင္းေတြဟာ ဘ၀ရဲ
႔စိတ္ေက်နပ္မႈနဲ႔ ေပ်ာ္ရႊင္မႈေတြကို ဘယ္လို သက္ေရာက္မႈ ျဖစ္ေစလဲဆိုတာကို
ေလ့လာေရးသားခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၁၈ ႏွစ္ကေန ၂၈ ႏွစ္ၾကားရွိတဲ့
အရြယ္ေရာက္ၿပီးသူ ၁၅၀၀၀ ေယာက္တို႔ကို အခ်ိန္ၾကာရွည္စြာ စစ္တမ္းေကာက္ယူၿပီး
ေလ့လာခဲ့တဲ့အခါမွာ Kanazawa နဲ႔ Norman Li တို႔ဟာ အေၾကာင္းအရာ ၂ မ်ိဳးကို
ရွာေဖြေတြ႔ရွိခဲ့ၾကပါတယ္။ ပထမတစ္ခုကေတာ့ ၿမိဳ႕ျပမွာ ေနထုိင္သူေတြဟာ
ေက်းလက္မွာေနထိုင္သူေတြေလာက္ မေပ်ာ္ရႊင္ၾကဘူး ဆိုတာျဖစ္ၿပီး ဒုတိယ
တစ္ခုကေတာ့ ဘ၀ရဲ ႔ စိတ္ေက်နပ္မႈျမင့္မားသူေတြဟာ လူမႈေရးဆိုင္ရာ
ပတ္သက္ေနမႈေတြ မ်ားျပားၾကတယ္ဆိုတာပါပဲ။
သူတို႔ရဲ ႔ သုေတသနကို
ျပန္လည္သံုးသပ္တဲ့အေနနဲ႔ Savanna ေပ်ာ္ရႊင္မႈ သီအိုရီကို
အသံုးခ်ခဲ့တဲ့အခါမွာ သုေတသီေတြဟာ သူတို႔ရဲ ႔ရွာေဖြေတြ႕ရွိမႈက အေစာပိုင္း
လူေနမႈ ဘ၀ ေတြကိုသာ အေျခခံထားတယ္လို႔ ယံုၾကည္ခဲ့ၾကျပန္ပါတယ္။ အဲဒီေနာက္မွာ
သူတို႔ရဲ ႔ သုေတသနကို ျပန္လည္ေဖာ္ထုတ္လိုက္ရာမွာေတာ့ ဥာဏ္ရည္ဥာဏ္ေသြး
ျမင့္မားသူေတြဟာ အေပါင္းအသင္းေတြနဲ႔ အခ်ိန္ကုန္ဆံုးျခင္းေတြေၾကာင့္
စိတ္ေက်နပ္မႈ နည္းပါးလာရတယ္ဆိုတဲ့ ဒႆ န တစ္ခုကို
ရွာေဖြေတြ႔ရွိခဲ့ျပန္ပါတယ္။
"ဘ၀ ရဲ ႔ စိတ္ေက်နပ္မႈေတြ အတြက္
လူဦးေရသိပ္သည္းမႈ ဆိုင္ရာ သက္ေရာက္မႈေတြဟာ ဥာဏ္ရည္ျမင့္မားသူေတြထက္
ဥာဏ္ရည္နိမ့္ပါးသူေတြဆီမွာ ၂ ဆ ပိုမို က်ယ္ျပန္႔လာပါတယ္။ ဒါေၾကာင့္
ဥာဏ္ရည္ျမင့္မားသူေတြဟာလည္း တစ္ကယ္တမ္းေတာ့ အေပါင္းအသင္းေတြနဲ႔
လူမႈေရးဆိုင္ရာ ဆက္ဆံမႈေတြအတြက္ စိတ္ေက်နပ္မႈ ေလ်ာ့နည္းလာၾကပါတယ္။" လို႔
Kanazawa နဲ႔ Norman Li တို႔က ေရးသားခဲ့ၾကပါတယ္။
၀ါရွင္တန္ပို႔စ္
သတင္းစာက ေပ်ာ္ရႊင္မႈဆိုင္ရာ ဘာသာရပ္တစ္ခုကို ေလ့လာေနတဲ့ Carol Graham
ဆိုသူ သုေတသီတစ္ဦးကို ထိုရွာေဖြေတြ႔ရွိခ်က္နဲ႔ပတ္သက္ၿပီး
ထင္ျမင္ခ်က္ကိုေမးျမန္းခဲ့တဲ့အခါမွာေတာ့ "ဒီရွာေဖြေတြ႔ရွိခ်က္က
ဆိုလိုခ်င္တာကေတာ့ ဥာစ္ရည္ျမင့္မားသူေတြဟာ အျခား ေရရွည္လိုအပ္တဲ့
အရာေတြေပၚမွာ အာရံုစိုက္ျခင္ၾကတာေၾကာင့္ လူမႈေရးဆိုင္ရာ ကိစၥရပ္ေတြမွာ
အခ်ိန္ေပးဖို႔ကို သေဘာမၾကတာ ျဖစ္တယ္" လို႔ ျပန္လည္ ေျဖဆိုခဲ့ပါေသးတယ္။
Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ယေဘူယျအားဖြင့်တော့ အပေါင်းအသင်းများတဲ့သူတွေဟာ ပိုမိုပျော်ရွှင်ရတယ်လို့ ဆိုကြပေမယ့်လည်း သုတေသန အသစ်တစ်ခုက ဖော်ပြခဲ့တာကတော့ ဉာဏ်ရည်မြင့်မားသူတွေဟာ အပေါင်းအသင်းနည်းကြတယ် ဆိုတာပါပဲ။ လန်ဒန်မြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုက စိတ်ပညာဗေဒ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Satoshi Kanazawa နဲ့ စင်္ကာပူ နိုင်ငံက Norman Li ဆိုသူတို့ဟာ ပြီးခဲ့တဲ့လ ဗြိတိန်နိုင်ငံထုတ် စိတ်ပညာဗေဒ ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုထဲမှာ စာရေးသူတွေအဖြစ်ပါဝင်ခဲ့ပါတယ်။ သူတို့ ရေးသားခဲ့တဲ့ အကြောင်းအရာကတော့ အပေါင်းအသင်းတွေဟာ ဘဝရဲ့စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုတွေကို ဘယ်လို သက်ရောက်မှု ဖြစ်စေလဲဆိုတာကို လေ့လာရေးသားခဲ့တာပဲ ဖြစ်ပါတယ်။
အသက် ၁၈ နှစ်ကနေ ၂၈ နှစ်ကြားရှိတဲ့ အရွယ်ရောက်ပြီးသူ ၁၅၀၀၀ ယောက်တို့ကို အချိန်ကြာရှည်စွာ စစ်တမ်းကောက်ယူပြီး လေ့လာခဲ့တဲ့အခါမှာ Kanazawa နဲ့ Norman Li တို့ဟာ အကြောင်းအရာ ၂ မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ပထမတစ်ခုကတော့ မြို့ပြမှာ နေထိုင်သူတွေဟာ ကျေးလက်မှာနေထိုင်သူတွေလောက် မပျော်ရွှင်ကြဘူး ဆိုတာဖြစ်ပြီး ဒုတိယ တစ်ခုကတော့ ဘဝရဲ့ စိတ်ကျေနပ်မှုမြင့်မားသူတွေဟာ လူမှုရေးဆိုင်ရာ ပတ်သက်နေမှုတွေ များပြားကြတယ်ဆိုတာပါပဲ။
သူတို့ရဲ့ သုတေသနကို ပြန်လည်သုံးသပ်တဲ့အနေနဲ့ Savanna ပျော်ရွှင်မှု သီအိုရီကို အသုံးချခဲ့တဲ့အခါမှာ သုတေသီတွေဟာ သူတို့ရဲ့ရှာဖွေတွေ့ရှိမှုက အစောပိုင်း လူနေမှု ဘ၀ တွေကိုသာ အခြေခံထားတယ်လို့ ယုံကြည်ခဲ့ကြပြန်ပါတယ်။ အဲဒီနောက်မှာ သူတို့ရဲ့ သုတေသနကို ပြန်လည်ဖော်ထုတ်လိုက်ရာမှာတော့ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားသူတွေဟာ အပေါင်းအသင်းတွေနဲ့ အချိန်ကုန်ဆုံးခြင်းတွေကြောင့် စိတ်ကျေနပ်မှု နည်းပါးလာရတယ်ဆိုတဲ့ ဒဿ န တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။
"ဘ၀ ရဲ့ စိတ်ကျေနပ်မှုတွေ အတွက် လူဦးရေသိပ်သည်းမှု ဆိုင်ရာ သက်ရောက်မှုတွေဟာ ဉာဏ်ရည်မြင့်မားသူတွေထက် ဉာဏ်ရည်နိမ့်ပါးသူတွေဆီမှာ ၂ ဆ ပိုမို ကျယ်ပြန့်လာပါတယ်။ ဒါကြောင့် ဉာဏ်ရည်မြင့်မားသူတွေဟာလည်း တစ်ကယ်တမ်းတော့ အပေါင်းအသင်းတွေနဲ့ လူမှုရေးဆိုင်ရာ ဆက်ဆံမှုတွေအတွက် စိတ်ကျေနပ်မှု လျော့နည်းလာကြပါတယ်။" လို့ Kanazawa နဲ့ Norman Li တို့က ရေးသားခဲ့ကြပါတယ်။
ဝါရှင်တန်ပို့စ် သတင်းစာက ပျော်ရွှင်မှုဆိုင်ရာ ဘာသာရပ်တစ်ခုကို လေ့လာနေတဲ့ Carol Graham ဆိုသူ သုတေသီတစ်ဦးကို ထိုရှာဖွေတွေ့ရှိချက်နဲ့ပတ်သက်ပြီး ထင်မြင်ချက်ကိုမေးမြန်းခဲ့တဲ့အခါမှာတော့ "ဒီရှာဖွေတွေ့ရှိချက်က ဆိုလိုချင်တာကတော့ ဉာစ်ရည်မြင့်မားသူတွေဟာ အခြား ရေရှည်လိုအပ်တဲ့ အရာတွေပေါ်မှာ အာရုံစိုက်ခြင်ကြတာကြောင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အချိန်ပေးဖို့ကို သဘောမကြတာ ဖြစ်တယ်" လို့ ပြန်လည် ဖြေဆိုခဲ့ပါသေးတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...