ကတ္သရင္း ဖီးလစ္ ဆိုတဲ့ စိတ္ပညာရွင္က ေက်ာင္းသားေတြကို အစုလိုက္ ခြဲၿပီး စမ္းသပ္မႈ တစ္ခုလုပ္ခဲ့တယ္။
ေက်ာင္းသားေလးေယာက္စီကို
အဖြဲ႔တစ္ဖြဲ႔စီဖြဲ႕ခိုင္းၿပီး လူသတ္တရားခံ ရွာရတဲ့ ဉာဏ္စမ္းေမးခြန္းေတြကို
အဖြဲ႔လိုက္ ေျဖခိုင္းတာပါ။ ဒါေပမယ့္ အဖြဲ႔ ဖြဲ႔တဲ့ ေနရာမွာေတာ့
တခ်ိဳ႕အဖြဲ႔ေတြမွာ အရင္ကတည္းက သိကြ်မ္းခင္မင္ၿပီးသား ေက်ာင္းသား ၄ ေယာက္နဲ႕
ပဲ ဖြဲ႔ခိုင္းၿပီး တခ်ိဳ႕အဖြဲ႔ေတြမွာေတာ့ အရင္ကတည္းက
အခ်င္းခ်င္းသိၾကၿပီးသား ေက်ာင္းသား ၃ေယာက္ ၊ သူတို႔နဲ႔ မသိတဲ့
အျပင္လူတစ္ေယာက္နဲ႕ အဖြဲ႕ဖြဲ႕ေပးပါတယ္။ ဒီလိုနဲ႔ ဉာဏ္စမ္းကို
အေျဖရွာခိုင္းတဲ့ အခါမွာ သူစိမ္းတစ္ေယာက္ပါေနတဲ့ အဖြဲ႕ေတြက အေျဖကို
ပိုမွန္ေအာင္ ေျဖႏိုင္တာကို ေတြ႔ရပါတယ္။
အမွန္ေတာ့ အဖြဲ႕႔ေတြမွာ ပါလာတဲ့ အျပင္လူေတြက ရွိၿပီးသား လူေတြထက္
ပိုေတာ္ေန၊ တတ္ေနလို႔ မဟုတ္ပါဘူး။ ဒါေပမယ့္ အဖြဲ႕သားခ်င္း အရင္က
သိႏွင့္ၿပီးသား မဟုတ္ၾကတဲ့ အခါမွာ တစ္ေယာက္နဲ႕ တစ္ေယာက္
တြဲဖက္အလုပ္လုပ္ရတာဟာ ရင္းႏွီးသူေတြနဲ႕ လုပ္ရတာေလာက္ အဆင္မေခ်ာပါဘူး။
ကိုယ့္ အျမင္ကို မွန္ေၾကာင္းတင္ျပရတဲ့ အခါမွာလည္း သက္ေသအေထာက္အထားကို
ပိုျပည့္စုံဖို႔ ႀကိဳးစားရၿပီး သာမန္ထက္ ပိုအားစိုက္ရပါတယ္။ မသိကြ်မ္းတဲ့
သူေတြ ျဖစ္ေနတဲ့ အခါ တျခားသူေတြရဲ႕ အဆိုျပဳခ်က္ကိုလည္း လြယ္လြယ္လက္ခံဖို႔
ခက္ခဲၿပီး အထပ္ထပ္ ေဝဖန္စစ္ေဆးရပါတယ္။ ဒီအခ်က္ေတြေၾကာင့္ ပိုၿပီး
မွန္ကန္တဲ့ အေျဖေတြကို ရလာခဲ့တာပဲ ျဖစ္ပါတယ္။
ေနာက္ထပ္ စိတ္ပညာရွင္တစ္ဦးျဖစ္တဲ့ ဒန္နီယယ္ အိုပင္ဟိုင္းမား ဆိုသူကလည္း
အထက္တန္းေက်ာင္းဆရာဆရာမေတြနဲ႕ ေပါင္းၿပီး ေက်ာင္းသားေတြအေပၚမွာ
စမ္းသပ္မႈတစ္ခု လုပ္ခဲ့ပါေသးတယ္။ ေက်ာင္းသားေတြကို ထုတ္ေပးတဲ့
မွတ္စုစာရြက္ေတြထဲက တခ်ိဳ႔စာရြက္ေတြကို ဖတ္ရခက္တဲ့ စာလုံးပုံစံ (font) နဲ႕
ထုတ္ေပးခဲ့ၿပီး တခ်ိဳ႔စာရြက္ေတြကိုေတာ့ ပုံမွန္စာလုံးအေနအထားအတိုင္းပဲ
ထုတ္ေပးခဲ့ပါတယ္။ စာေမးပြဲေရာက္တဲ့ အခါမွာေတာ့ ဖတ္ရခက္တဲ့ စာလုံးေတြနဲ႕
စာက်က္မွတ္ေလ့လာရတဲ့ ေက်ာင္းသားေတြက စာေတြကို ပိုမွတ္မိေနတာ ေတြ႔ရပါတယ္။
သူတို႔က စာဖတ္ရတာ အျပင္ ရႈပ္ေထြးတဲ့ စာလုံးအေနအထားေတြကို နားလည္ေအာင္
လုပ္ရတဲ့ အခက္အခဲတစ္ခုလည္း ရွိေနၿပီး အဲဒီ အခက္အခဲကို ေက်ာ္လႊားဖို႔
ပိုအားစိုက္ထုတ္ခဲ့ရပါတယ္။ ဒီလို အားထုတ္ရင္းနဲ႕႔ ပဲ စာေတြကို
ပိုမွတ္မိလာတာပါတဲ့။
ကြ်န္ေတာ္တို႔ ေန႕စဥ္ျဖတ္သန္းမႈေတြဟာ အၿမဲ အဆင္ေျပေနတာမ်ိဳးေတာ့
မျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ အေပၚက ဥပမာေတြကို သတိရၿပီး လြယ္လြယ္
အားမေလ်ာ့လိုက္ဘဲ ႀကဳံရတဲ့ အခက္အခဲေတြကို ေက်ာ္လႊားဖို႔ သာမန္ထက္
ပိုႀကိဳးစားၾကည့္သင့္ပါတယ္။ အေၾကာင္းကေတာ့ ကြ်န္ေတာ္တို႔ရဲ႕ အေကာင္းဆုံး၊
အျမင့္မားဆုံး စြမ္းရည္ေတြဟာ အခက္ခဲဆုံး၊ အၾကပ္တည္းဆုံး အေျခအေနေတြမွသာ
ထြက္ေပၚလာတတ္တာမို႔ပါပဲ။
Credit : yoyarlay
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကတ်သရင်း ဖီးလစ် ဆိုတဲ့ စိတ်ပညာရှင်က ကျောင်းသားတွေကို အစုလိုက် ခွဲပြီး စမ်းသပ်မှု တစ်ခုလုပ်ခဲ့တယ်။
ကျောင်းသားလေးယောက်စီကို အဖွဲ့တစ်ဖွဲ့စီဖွဲ့ခိုင်းပြီး လူသတ်တရားခံ ရှာရတဲ့ ဉာဏ်စမ်းမေးခွန်းတွေကို အဖွဲ့လိုက် ဖြေခိုင်းတာပါ။ ဒါပေမယ့် အဖွဲ့ ဖွဲ့တဲ့ နေရာမှာတော့ တချို့အဖွဲ့တွေမှာ အရင်ကတည်းက သိကျွမ်းခင်မင်ပြီးသား ကျောင်းသား ၄ ယောက်နဲ့ ပဲ ဖွဲ့ခိုင်းပြီး တချို့အဖွဲ့တွေမှာတော့ အရင်ကတည်းက အချင်းချင်းသိကြပြီးသား ကျောင်းသား ၃ယောက် ၊ သူတို့နဲ့ မသိတဲ့ အပြင်လူတစ်ယောက်နဲ့ အဖွဲ့ဖွဲ့ပေးပါတယ်။ ဒီလိုနဲ့ ဉာဏ်စမ်းကို အဖြေရှာခိုင်းတဲ့ အခါမှာ သူစိမ်းတစ်ယောက်ပါနေတဲ့ အဖွဲ့တွေက အဖြေကို ပိုမှန်အောင် ဖြေနိုင်တာကို တွေ့ရပါတယ်။
အမှန်တော့ အဖွဲ့တွေမှာ ပါလာတဲ့ အပြင်လူတွေက ရှိပြီးသား လူတွေထက် ပိုတော်နေ၊ တတ်နေလို့ မဟုတ်ပါဘူး။ ဒါပေမယ့် အဖွဲ့သားချင်း အရင်က သိနှင့်ပြီးသား မဟုတ်ကြတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် တွဲဖက်အလုပ်လုပ်ရတာဟာ ရင်းနှီးသူတွေနဲ့ လုပ်ရတာလောက် အဆင်မချောပါဘူး။ ကိုယ့် အမြင်ကို မှန်ကြောင်းတင်ပြရတဲ့ အခါမှာလည်း သက်သေအထောက်အထားကို ပိုပြည့်စုံဖို့ ကြိုးစားရပြီး သာမန်ထက် ပိုအားစိုက်ရပါတယ်။ မသိကျွမ်းတဲ့ သူတွေ ဖြစ်နေတဲ့ အခါ တခြားသူတွေရဲ့ အဆိုပြုချက်ကိုလည်း လွယ်လွယ်လက်ခံဖို့ ခက်ခဲပြီး အထပ်ထပ် ဝေဖန်စစ်ဆေးရပါတယ်။ ဒီအချက်တွေကြောင့် ပိုပြီး မှန်ကန်တဲ့ အဖြေတွေကို ရလာခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ထပ် စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒန်နီယယ် အိုပင်ဟိုင်းမား ဆိုသူကလည်း အထက်တန်းကျောင်းဆရာဆရာမတွေနဲ့ ပေါင်းပြီး ကျောင်းသားတွေအပေါ်မှာ စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပါသေးတယ်။ ကျောင်းသားတွေကို ထုတ်ပေးတဲ့ မှတ်စုစာရွက်တွေထဲက တချို့စာရွက်တွေကို ဖတ်ရခက်တဲ့ စာလုံးပုံစံ (font) နဲ့ ထုတ်ပေးခဲ့ပြီး တချို့စာရွက်တွေကိုတော့ ပုံမှန်စာလုံးအနေအထားအတိုင်းပဲ ထုတ်ပေးခဲ့ပါတယ်။ စာမေးပွဲရောက်တဲ့ အခါမှာတော့ ဖတ်ရခက်တဲ့ စာလုံးတွေနဲ့ စာကျက်မှတ်လေ့လာရတဲ့ ကျောင်းသားတွေက စာတွေကို ပိုမှတ်မိနေတာ တွေ့ရပါတယ်။ သူတို့က စာဖတ်ရတာ အပြင် ရှုပ်ထွေးတဲ့ စာလုံးအနေအထားတွေကို နားလည်အောင် လုပ်ရတဲ့ အခက်အခဲတစ်ခုလည်း ရှိနေပြီး အဲဒီ အခက်အခဲကို ကျော်လွှားဖို့ ပိုအားစိုက်ထုတ်ခဲ့ရပါတယ်။ ဒီလို အားထုတ်ရင်းနဲ့ ပဲ စာတွေကို ပိုမှတ်မိလာတာပါတဲ့။
ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းမှုတွေဟာ အမြဲ အဆင်ပြေနေတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အပေါ်က ဥပမာတွေကို သတိရပြီး လွယ်လွယ် အားမလျော့လိုက်ဘဲ ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ သာမန်ထက် ပိုကြိုးစားကြည့်သင့်ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး၊ အမြင့်မားဆုံး စွမ်းရည်တွေဟာ အခက်ခဲဆုံး၊ အကြပ်တည်းဆုံး အခြေအနေတွေမှသာ ထွက်ပေါ်လာတတ်တာမို့ပါပဲ။
Credit : yoyarlay
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အခက္အခဲၾကားက အရည္အခ်င္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။