ေသာ့မ်ား (သို႔မဟုတ္) စာၾကည့္မ်က္မွန္ထားခဲ့ေသာ ေနရာကို
ေမ့ေလ်ာ့ျခင္းကဲ့သို႔ မျပင္းထန္ေသာ မွတ္ဉာဏ္ထိခိုက္မႈမ်ားသည္
စိုးရိမ္စရာေကာင္းေသာ္လည္း သာမန္အေျခအေနသာျဖစ္ေၾကာင္း ပညာရွင္မ်ားက
ေျပာၾကားသည္။
သို႔ေသာ္ ကားေသာ့ကို ေရခဲေသတၱာထဲထည့္သိမ္းျခင္းကဲ့သို႔ အခ်ဳိ႕ေသာ
မွတ္ဉာဏ္ျပႆနာမ်ားမွာ ပို၍ ျပင္းထန္ေသာ အေျခ အေနတစ္ရပ္ကို ၫႊန္ျပေနျခင္း
ျဖစ္ႏိုင္သည္။
ထို႔ေၾကာင့္ ေဆးကုသမႈခံယူရန္ လိုအပ္သည့္ မွတ္ဉာဏ္ျပႆ
နာမ်ားကို သိထားရန္လိုသည္။ ဥပမာ- စာရင္းစာအုပ္ကို ကိုက္ညႇိ ျခင္း၊
တစ္ကိုယ္ေရသန္႔ရွင္းေရးျပဳလုပ္ျခင္းႏွင့္ ကားေမာင္းျခင္းတို႔ ကဲ့သို႔
ေန႔စဥ္လုပ္ေဆာင္မႈမ်ားကို အေႏွာင့္အယွက္ျဖစ္ေစသည့္ မွတ္ဉာဏ္ဆံုး႐ႈံးမႈ
(သို႔မဟုတ္) ခ်ိန္းဆိုထားျခင္းမ်ားကို ပံုမွန္ဆိုသလို ေမ့ေလ်ာ့ျခင္း၊
ကားရပ္ထားခဲ့ရာေနရာကို ေမ့ေလ်ာ့ျခင္းတို႔ကဲ့သို႔
မၾကာခဏမွတ္ဉာဏ္ေပ်ာက္ဆံုးျခင္းမ်ားမွာ ေဆးကုသမႈခံယူရန္လို အပ္ေၾကာင္း
အေမရိကန္အစားအစာႏွင့္ ေဆး၀ါးစီမံကြပ္ကဲေရးဌာန (FDA)က ေၾကညာခ်က္တစ္ရပ္တြင္
ေဖာ္ျပထားသည္။
အျခားသတိထားရမည့္အခ်က္မ်ားတြင္ ေျပာစကားမ်ားအား
လံုးေမ့သြားျခင္း၊ ေဆြမ်ဳိးမ်ား (သို႔မဟုတ္) ရင္းႏွီးေသာမိတ္ေဆြမ်ား ၏
အမည္မ်ားကို ေမ့ေလ်ာ့ျခင္း၊ စကားတစ္ခြန္းကို အႀကိမ္ႀကိမ္ ေျပာမိျခင္း
(သို႔မဟုတ္) လူတစ္ေယာက္ကို ေမးခြန္းတစ္ခုတည္း အႀကိမ္ႀကိမ္ေမးေနမိျခင္းတို႔
ပါ၀င္သည္။
ေနာက္ထပ္သတိထားရမည့္အခ်က္မွာ အခ်ိန္ၾကာသည္ႏွင့္ အမွ် ပိုဆိုးလာသည့္ မွတ္ဉာဏ္ဆံုး႐ႈံးမႈအေျခအေန ျဖစ္သည္။
မွတ္ဉာဏ္ျပႆနာမ်ားျဖစ္ေပၚလာႏုိင္သည့္
အႏၲရာယ္မ်ား ေလ်ာ့ပါးေစရန္ ေသြးထဲရွိ ကိုလက္စထေရာပါ၀င္မႈကို ေလွ်ာ့ခ်ၿပီး
ေသြးမတိုးေအာင္ေနထိုင္ျခင္း၊ ေဆးလိပ္ႏွင့္အရက္ေရွာင္ျခင္း၊ က်န္းမာေရးႏွင့္
ညီၫြတ္စြာစားေသာက္ျခင္း၊ ကိုယ္လက္လႈပ္ရွားမႈမ်ား ျပဳလုပ္ျခင္း၊
စာဖတ္ျခင္း၊ စာေရးျခင္းစြမ္းရည္သစ္တစ္ခုသင္ယူ ျခင္း၊ ဂိမ္းကစားျခင္းႏွင့္
ဥယ်ာဥ္စိုက္ပ်ဳိးျခင္းတို႔ ျပဳလုပ္ႏိုင္သည္။
မွတ္ဉာဏ္ဆံုး႐ႈံးမႈျဖစ္ေပၚေစသည့္
အေၾကာင္းရင္းမ်ားစြာရွိၿပီး ေဆး၀ါးမ်ားအသံုးျပဳေနရျခင္း၊
အရက္အလြန္အကြၽံေသာက္ျခင္း၊ စိတ္ဖိစီးျခင္း၊ စိတ္ဓာတ္က်ျခင္း၊
ေခါင္းတြင္ဒဏ္ရာရျခင္း၊ HIV၊ တီဘီ ၊ ဆစ္ဖလစ္ႏွင့္
သိုင္း႐ြိဳက္ဂလင္းျပႆနာမ်ားမွာ မွတ္ဉာဏ္ဆံုး ႐ႈံးမႈျဖစ္ေစသည့္
အေၾကာင္းရင္းမ်ားတြင္ ပါ၀င္သည္။
ထို႔ျပင္ အိပ္ေရးပ်က္ျခင္း၊ ဗီတာမင္ဘီ-1၊ ဘီ-12 တို႔ ခ်ဳိ႕တဲ့ ျခင္းေၾကာင့္ မွတ္ဉာဏ္ဆံုး႐ႈံးႏိုင္သည္။
Credit : 7Day Daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သော့များ (သို့မဟုတ်) စာကြည့်မျက်မှန်ထားခဲ့သော နေရာကို မေ့လျော့ခြင်းကဲ့သို့ မပြင်းထန်သော မှတ်ဉာဏ်ထိခိုက်မှုများသည် စိုးရိမ်စရာကောင်းသော်လည်း သာမန်အခြေအနေသာဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။
သို့သော် ကားသော့ကို ရေခဲသေတ္တာထဲထည့်သိမ်းခြင်းကဲ့သို့ အချို့သော မှတ်ဉာဏ်ပြဿနာများမှာ ပို၍ ပြင်းထန်သော အခြေ အနေတစ်ရပ်ကို ညွှန်ပြနေခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် ဆေးကုသမှုခံယူရန် လိုအပ်သည့် မှတ်ဉာဏ်ပြဿ နာများကို သိထားရန်လိုသည်။ ဥပမာ- စာရင်းစာအုပ်ကို ကိုက်ညှိ ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ကားမောင်းခြင်းတို့ ကဲ့သို့ နေ့စဉ်လုပ်ဆောင်မှုများကို အနှောင့်အယှက်ဖြစ်စေသည့် မှတ်ဉာဏ်ဆုံးရှုံးမှု (သို့မဟုတ်) ချိန်းဆိုထားခြင်းများကို ပုံမှန်ဆိုသလို မေ့လျော့ခြင်း၊ ကားရပ်ထားခဲ့ရာနေရာကို မေ့လျော့ခြင်းတို့ကဲ့သို့ မကြာခဏမှတ်ဉာဏ်ပျောက်ဆုံးခြင်းများမှာ ဆေးကုသမှုခံယူရန်လို အပ်ကြောင်း အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံကွပ်ကဲရေးဌာန (FDA)က ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
အခြားသတိထားရမည့်အချက်များတွင် ပြောစကားများအား လုံးမေ့သွားခြင်း၊ ဆွေမျိုးများ (သို့မဟုတ်) ရင်းနှီးသောမိတ်ဆွေများ ၏ အမည်များကို မေ့လျော့ခြင်း၊ စကားတစ်ခွန်းကို အကြိမ်ကြိမ် ပြောမိခြင်း (သို့မဟုတ်) လူတစ်ယောက်ကို မေးခွန်းတစ်ခုတည်း အကြိမ်ကြိမ်မေးနေမိခြင်းတို့ ပါဝင်သည်။
နောက်ထပ်သတိထားရမည့်အချက်မှာ အချိန်ကြာသည်နှင့် အမျှ ပိုဆိုးလာသည့် မှတ်ဉာဏ်ဆုံးရှုံးမှုအခြေအနေ ဖြစ်သည်။
မှတ်ဉာဏ်ပြဿနာများဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ လျော့ပါးစေရန် သွေးထဲရှိ ကိုလက်စထရောပါဝင်မှုကို လျှော့ချပြီး သွေးမတိုးအောင်နေထိုင်ခြင်း၊ ဆေးလိပ်နှင့်အရက်ရှောင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်းစွမ်းရည်သစ်တစ်ခုသင်ယူ ခြင်း၊ ဂိမ်းကစားခြင်းနှင့် ဥယျာဉ်စိုက်ပျိုးခြင်းတို့ ပြုလုပ်နိုင်သည်။
မှတ်ဉာဏ်ဆုံးရှုံးမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းများစွာရှိပြီး ဆေးဝါးများအသုံးပြုနေရခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းတွင်ဒဏ်ရာရခြင်း၊ HIV၊ တီဘီ ၊ ဆစ်ဖလစ်နှင့် သိုင်းရွိုက်ဂလင်းပြဿနာများမှာ မှတ်ဉာဏ်ဆုံး ရှုံးမှုဖြစ်စေသည့် အကြောင်းရင်းများတွင် ပါဝင်သည်။
ထို့ပြင် အိပ်ရေးပျက်ခြင်း၊ ဗီတာမင်ဘီ-1၊ ဘီ-12 တို့ ချို့တဲ့ ခြင်းကြောင့် မှတ်ဉာဏ်ဆုံးရှုံးနိုင်သည်။
Credit : 7Day Daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မွတ္ဉာဏ္ဆံုး႐ႈံးမႈအတြက္ သိထားရမည့္ အခ်က္မ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။