Credit : Trend Myanmar
#Unicode Version
အမျိုးသမီးတိုင်းဟာ သူတို့အသက် ၆၀ပဲဖြစ်ဖြစ်၊ အသက် ၃၀ပဲဖြြစ်ဖစ် လူတွေအမြင်မှာ နုပျိုတဲ့အသွင်ကိုတော့လိုချင်ကြတာချည်းပါပဲ။ အသက်ကြီးလာတာနဲ့အမျှ လူတွေဟာ သဘာဝကျကျ မလှပနိုင်တော့သလို၊ အသားအရေပိုင်းဆိုင်ရာ ပြသနာတွေကို ရင်ဆိုင်လာရတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို နဂို ရှိရင်းစွဲအသက်ထက် ပိုမိုနုပျိုတဲ့ အသွင်သဏ္ဍာန်ရနိုင်ဖို့ အချက် (၇) ချက်ကိုသာ လိုက်နာဖို့ လိုပါတယ်။ ဒီအချက်တွေကို ဖော်ပြပေးရရင်တော့
၁။ဗီတာမင်စီကို ပုံမှန်သောက်ပါ။
ငယ်ရွယ်နုပျိုချင်သူတွေ အထူးလုပ်ဆောင်သင့်တဲ့အရာကတော့ ဗီတာမင်စီကို ပုံမှန်သောက်ပေးဖို့ပါ။ သူက အသားအရေအတွက် ကောင်းမွန်တာမို့ ဗီတာမင်စီ မသောက်ဖြစ်ရင်တောင် ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီး၊ အာလူး၊ ကီဝီ၊ စတော်ဘယ်ရီသီးစတာတွေကို စားပေးသင့်ပါတယ်။
၂။ပရိုတင်းဓာတ် ပြည့်ဝနေဖို့ကလည်း အရေးကြီးတာပါပဲ။
ပရိုတင်းဓာတ်ကလည်း အသားအရေအတွက် အလွန်ပဲ အဓိကကျပါတယ်။ ဒီတော့ ကိုယ့်ရဲ့အစားအသောက်ပုံစံ၊ စနစ်မှာ ပရိုတင်းဓာတ်ကြွယ်မကြွယ် လေ့လာဖို့ လိုပါတယ်။ ကြက်ရင်အုံသား၊ ငါးတွေ၊ ကြက်ဥ၊ အခွံမာသီးစတာတွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါပဲ။
၃။အသီးအရွက်သုတ်စားတဲ့အခါ သံလွင်ဆီကိုသာ အသုံးပြုပါ။
Mayo ဟာ အရသာကောင်းပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက်တော့ သူဟာ မသင့်တော်ပါဘူး။ ဒါ့ကြောင်း အသီးအရွက်သုတ်စားတဲ့အခါ ဆီကိုသာ အစားထိုး စားပါ။ ဆီကိုလည်း သံလွင်ဆီတို့၊ ရှာလကာရည်တိုနဲ့ ရောစပ် အစားထိုးကြည့်ပါ။ ဒါတွေဟာ သင့်ခန္ဓာကိုယ်မှာ ဗီတာမင်စီနဲ့ အီး တိုးပွားအောင် ကူညီပေးနိုင်လို့ပါ။
၄။အလှကုန်မှာ ပေါင်ဒါကို မသုံးပါနဲ့။
ပေါင်ဒါဟာ မျက်နှာပေါ်က အရေးအကြာင်းတွေကို တစ်ခုချည်း ပေါ်စေနိုင်ပါတယ်။ ဘယ်လောက်ကောင်းတဲ့ ပေါင်ဒါဖြစ်ဖြစ် မျက်နှာပေါ်က အရေးအကြောင်းတိုင်းကို အသေးစိတ် ထင်သာမြင်သာရှိအောင် ပြနိုင်တာမို့ မျက်နှာပေါ်က တစ်ချို့ အရေးအကြောင်း၊ အနာအဆာတွေကို ဖုံးဖို့အတွက်တော့ ပေါင်ဒါကို မရွေးချယ်လိုက်ပါနဲ့။
၅။လက်တွေကို အထူးဂရုစိုက်ပေးပါ။
မျက်နှာကို နေ့တိုင်းဂရုစိုက် ထိန်းသိမ်းခြယ်သသလိုမျိုး၊ သင့်လက်ချောင်းတွေကိုလည်း မေ့မထားလိုက်ပါနဲ့။ လက်ချောင်းတွေကို နေ့တိုင်း သေသေချာချာ ဂရုစိုက်ပေးဖို့ လိုပါတယ်။ တတ်နိုင်မယ်ဆိုရင် လက်ချောင်းအလှအတွက် သီးသန့်အလှကုန်တွေ ဝယ်သုံးပါ။ နောက်ထပ် အကြံပေးချင်တာက handcream ထက် sunscreen ကို နေ့တိုင်းသုံေးပးဖို့လိုပါတယ်။ ဒါဟာ အရေးကြီးတဲ့ အချက်လည်း ဖြစ်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...