တစ်ခုလည်းဖြစ်ပါတယ်။
ကြက်သွန်ဖြူမှာ
ကြက်သွန်ဖြူကို
Credit:Trend Myanmar
#Unicode Version
ကြက်သွန်ဖြူက ကျန်းမာရေးကို အထောက်အကူအပြုဆုံး အစားအစာတွေထဲက တစ်ခုဖြစ်တဲ့အတွက် နေ့စဉ်စားသုံးပေးသင့်ပါတယ်။ အသည်းရောဂါကို သက်သာစေပြီး သွေးလွှတ်ကြောတွေကို သန့်စင်ပေးနိုင်ပါတယ်။ အအးမိခြင်းနဲ့ တုပ်ကွေးရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါတွေကိုအမြန်ဆုံး သက်သာစေတဲ့ အစားအစာ တစ်ခုလည်းဖြစ်ပါတယ်။
အီဂျစ်လူမျိုးတွေက ကြက်သွန်ဖြူရဲ့ အစွမ်းထက်လှတဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်နဲ့ ဆေးဖက်ဝင်ဂုဏ်သတ္တိတွေကြောင့် ပိရမစ်တွေတည်ဆောက်တဲ့အချိန်မှာ အစိမ်းအတိုင်း ဝါးစားခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာတွေအတွက် အကောင်းဆုံး ပိုးသတ်ဆေး တစ်မျိုးဖြစ်သလို ကို်ယ်ခံအားကောင်းစေပြီး သွေးသန့်စေတဲ့အတွက် အကာအကွယ်အနေနဲ့ ယုံယုံကြည်ကြည်နဲ့ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။
ကြက်သွန်ဖြူမှာ တွေ့ရတဲ့ အကောင်းဆုံး ဓာတ်က အစိမ်းအတိုင်း စားတဲ့အချိန်မှာပဲ ရရှိနိုင်ပြီး ချက်လိုက်တဲ့အခါမှာ ပျက်စီးသွားပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို ချက်စားတာထက် အစိမ်းစားတာက ဆေးဖက်ပိုဝင်ပါတယ်။
ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားအိပ်ရင် ပိုပြီး အိပ်ပျော်နိုင်ပါတယ်။ တချို့လူတွေက ကြက်သွန်ဖြူကို အိတ်ထဲမှာ ဆောင်ထားရင် ကံကောင်းတယ်လို့ ယုံကြည်ကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူအများစုက ကြက်သွန်ဖြူနဲ့ ဒယ်အိုးတွေ၊ ထမင်းအိုးတွေကို ပွတ်တိုက်ပေးရင် အိုးထဲက မကောင်းတဲ့ ဓာတ်တွေထွေက်သွားပြီး ဟင်းသိုး၊ထမင်းသိုးတာတွေ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
စားသောက်ဖွယ်
»
ဗဟုသုတ
»
လူမှု့ဘဝ
» အီဂျစ် လူမျိုးတွေက ပိရမစ်တွေတည်ဆောက်နေတုန်းမှာ ကြက်သွန်ဖြူကို ဝါးစားခဲ့ကြတာ ဘာ့ကြောင့်များလဲ?
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။