iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အခ်ိန္ဆြဲတယ္

အခ်ိန္ဆြဲတာေၾကာင့္ လုပ္ရမယ့္ အလုပ္ေတြ ပံုလာတယ္၊ အာရုံစိုက္ရမွာေတြ မ်ားလာတယ္၊ စသျဖင့္ လြယ္လြယ္ကူကူကိစၥေတြဟာ ရႈပ္ေထြးလာပါတယ္။

၂ - စိုးရိမ္တယ္

စိုးရိမ္မႈဟာ ဘဝကို ရႈပ္ေထြးေစတဲ့ ကိစၥေတြထဲမွာ ထိပ္ဆံုးက ျဖစ္ပါတယ္။ စိုးရိမ္သင့္တာကိုပဲ စိုးရိမ္ပါ။

၃ - ေစာင့္တယ္

ဒီ့ထက္ေကာင္းတဲ့အခ်ိန္၊ ဒီ့ထက္ေကာင္းတဲ့အေျခအေန၊ ဒီ့ထက္ေကာင္းတဲ့အလုပ္ စသျဖင့္ လက္ရွိအေျခအေနကို အာရုံမစိုက္ဘဲ ေစာင့္ေနတာေတြေၾကာင့္ လုပ္ရတာ ပိုရႈပ္ေထြးျပီး ပိုပင္ပန္းတတ္ပါတယ္။

၄ - ပိုလုပ္တယ္

အျမဲတမ္း လုပ္ေနတာက မေကာင္းပါဘူး။ နားသင့္တဲ့ အခ်ိန္ေတြမွာ နားျပီး လုပ္သင့္တဲ့အခ်ိန္မွာ လုပ္ရမွာပါ။ အျမဲတမ္း သင္ ဒီလိုလုပ္မေနႏုိင္ပါဘူး။

၅ - တျခားလူကို ၾကည့္တယ္

လုပ္စရာရွိတာကို တစ္ေယာက္တည္း မလုပ္ရဲဘဲ တျခားလူကို ေစာင့္ၾကည့္ေနတာပါ။ သင့္ဘဝမွာ တျခားလူေတြရဲ႕ လႊမ္းမိုးမႈေတြမ်ားလာျပီး ရႈပ္ေထြးလာပါတယ္။

၆ - အလုပ္မတြင္ဘူး

လုပ္ေတာ့လုပ္ေနေပမဲ့ အလုပ္မတြင္တာပါ။ ဒီအက်င့္ဟာ သင့္ရဲ႕ပံုမွန္ေန႔စဥ္ ဘဝကို တိုက္စားလာျပီး ရႈပ္ေထြးလာပါတယ္။

၇ - ထိန္းခ်ဳပ္တယ္

သင့္ရွိတဲ့ ၾသဇာအာဏာ အေျခအေနထက္ လူေတြ၊ ပတ္ဝန္းက်င္ေတြကို ထိန္းခ်ဳပ္ခ်င္တာပါ။ ဒီအက်င့္ကလည္း ဘဝကို ရႈပ္ေထြးေစပါတယ္။

၈ - ဇာတ္ရႈပ္

ဇာတ္လမ္းရႈပ္တတ္တဲ့ လူေတြနဲ႔ ပက္သတ္မိေနတာေၾကာင့္ သင္လည္း အျမဲတမ္း ဇာတ္ရႈပ္ထဲ ေရာက္ေနတာပါ။

၉ - ဆုပ္ကိုင္ထားတယ္

လြတ္ခ်ရမယ့္ အရာေတြကို မလႊတ္ခ်ဘဲ ဆုပ္ကိုင္ထားတာပါ။ ဆုပ္ကိုင္ထားတဲ့ ဒီအရာေတြက သင့္ဘဝကို ရႈပ္ေထြးေစပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁ - အချိန်ဆွဲတယ်

အချိန်ဆွဲတာကြောင့် လုပ်ရမယ့် အလုပ်တွေ ပုံလာတယ်၊ အာရုံစိုက်ရမှာတွေ များလာတယ်၊ စသဖြင့် လွယ်လွယ်ကူကူကိစ္စတွေဟာ ရှုပ်ထွေးလာပါတယ်။

၂ - စိုးရိမ်တယ်

စိုးရိမ်မှုဟာ ဘဝကို ရှုပ်ထွေးစေတဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ဖြစ်ပါတယ်။ စိုးရိမ်သင့်တာကိုပဲ စိုးရိမ်ပါ။

၃ - စောင့်တယ်

ဒီ့ထက်ကောင်းတဲ့အချိန်၊ ဒီ့ထက်ကောင်းတဲ့အခြေအနေ၊ ဒီ့ထက်ကောင်းတဲ့အလုပ် စသဖြင့် လက်ရှိအခြေအနေကို အာရုံမစိုက်ဘဲ စောင့်နေတာတွေကြောင့် လုပ်ရတာ ပိုရှုပ်ထွေးပြီး ပိုပင်ပန်းတတ်ပါတယ်။

၄ - ပိုလုပ်တယ်

အမြဲတမ်း လုပ်နေတာက မကောင်းပါဘူး။ နားသင့်တဲ့ အချိန်တွေမှာ နားပြီး လုပ်သင့်တဲ့အချိန်မှာ လုပ်ရမှာပါ။ အမြဲတမ်း သင် ဒီလိုလုပ်မနေနိုင်ပါဘူး။

၅ - တခြားလူကို ကြည့်တယ်

လုပ်စရာရှိတာကို တစ်ယောက်တည်း မလုပ်ရဲဘဲ တခြားလူကို စောင့်ကြည့်နေတာပါ။ သင့်ဘဝမှာ တခြားလူတွေရဲ့ လွှမ်းမိုးမှုတွေများလာပြီး ရှုပ်ထွေးလာပါတယ်။

၆ - အလုပ်မတွင်ဘူး

လုပ်တော့လုပ်နေပေမဲ့ အလုပ်မတွင်တာပါ။ ဒီအကျင့်ဟာ သင့်ရဲ့ပုံမှန်နေ့စဉ် ဘဝကို တိုက်စားလာပြီး ရှုပ်ထွေးလာပါတယ်။

၇ - ထိန်းချုပ်တယ်

သင့်ရှိတဲ့ သြဇာအာဏာ အခြေအနေထက် လူတွေ၊ ပတ်ဝန်းကျင်တွေကို ထိန်းချုပ်ချင်တာပါ။ ဒီအကျင့်ကလည်း ဘဝကို ရှုပ်ထွေးစေပါတယ်။

၈ - ဇာတ်ရှုပ်

ဇာတ်လမ်းရှုပ်တတ်တဲ့ လူတွေနဲ့ ပက်သတ်မိနေတာကြောင့် သင်လည်း အမြဲတမ်း ဇာတ်ရှုပ်ထဲ ရောက်နေတာပါ။

၉ - ဆုပ်ကိုင်ထားတယ်

လွတ်ချရမယ့် အရာတွေကို မလွှတ်ချဘဲ ဆုပ်ကိုင်ထားတာပါ။ ဆုပ်ကိုင်ထားတဲ့ ဒီအရာတွေက သင့်ဘဝကို ရှုပ်ထွေးစေပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top