Credit :Duwun
#Unicode Version
သံပုရာသီးကို အသားအရေပိုင်းဆိုင်ရာ ထိန်းသိမ်းတဲ့ ပစ္စည်းတော်တော်များများမှာ သုံးကြပါတယ်။ တံတောင်ဆစ်တွေ ကြည့်ရဆိုးအောင် မည်းနေတယ်ဆိုရင်တော့ သံပုရာသီးနဲ့ လုပ်ရတဲ့ ဒီနည်းလေး သုံးကြည့်သင့်ပါတယ်။ နည်းလေးက လုပ်ရတာလည်း လွယ်ပါတယ်။
သံပုရာသီးကိုနှစ်ခြမ်းခွဲပါ။ရလာတဲ့သံပုရာသီးစိပ်နဲ့တံတောင်ဆစ်ကိုပွတ်ပေးရမှာ ဖြစ်ပါတယ်။
နောက်ပြီးရင်တော့သုံးနာရီလောက်ထားပြီး ဆေးပစ်ရမှာ ဖြစ်ပါတယ်။ ဆေးတဲ့အခါမှာ ရေနွေးနွေးနဲ့
ဆေးပေးတာ ပိုကောင်းပါတယ်။ ဆေးပြီးတဲ့အခါ သံပုရာသီးက အသားအရေခြောက်တာကြောင့် moisturize ပါတဲ့ လိုရှင်း တစ်ခုလိမ်းပေးထားသင့်ပါတယ်။ သိသိသာသာ ပျောက်ချင်ရင်တော့ ဒီနည်းလေးကို နေ့စဉ်လိမ်းပေးသင့်ပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit :Duwun