Credit : trend myanmar
#Unicode Version
အမေရိကနိုင်ငံ Women's Health Initiative က မကြာသေးမီက ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ ပထမကလေး မွေးဖွားချိန်ရွေ့ဆိုင်းတာဟာ အသက်ရှည်ခြင်းနဲ့ ပတ်သက်ဆက်နွယ်နေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
အမျိုးသမီးဦးရေ ၂၈,၀၀၀ ကို လေ့လာလိုက်တဲ့အခါ ကလေးယူဖို့ အသက် ၂၅ သို့မဟုတ် ထိုထက် ကြီးတဲ့အထိ စောင့်သူတွေဟာ အသက် ၉၀ ထိ အသက်ရှည်နိုင်ခြေ ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နောက်ပြီး လူဖြူအမျိုးသမီးတွေကြား ကလေး ၂ ယောက်ကနေ ၄ ယောက်ရှိသူတွေ ကလေးတစ်ယောက်တည်း ရှိသူတွေထက် အသက်ပိုရှည်နိုင်ခြေ ပိုများကြပါသတဲ့။
ဒေါက်တာ Aladdin Shadyad နဲ့ သူအဖွဲ့ဟာ အခုလို သက်တမ်းရှည်ရခြင်း အကြောင်းအရင်းကို လေ့လာစူးစမ်းမှု မလုပ်ဖြစ်ခဲ့ပေမယ့်လို့ အကြောင်းရင်းခံများစွာကနေ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းကို ညွှန်ပြနေပါတယ်။ အသက်ပိုကြီးတဲ့ မိခင်တွေမှာ များသောအားဖြင့် အဆင့်အတန်း ပိုမြင့်တဲ့ ပညာရေးနဲ့ ဝင်ငွေတွေ ရယူထားနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : trend myanmar
Home
»
ကျန်းမာရေး
»
ဗဟုသုတ
»
လူမှု့ဘဝ
» အသက် ၂၅ နှစ်ပြည့်ပြီးမှ မိခင်ဖြစ်သူတွေ အသက်ပိုရှည်ဟု လေ့လာမှု ဆို
အသက် ၂၅ နှစ်ပြည့်ပြီးမှ မိခင်ဖြစ်သူတွေ အသက်ပိုရှည်ဟု လေ့လာမှု ဆို
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။