အိုမင္းတာ၊ ခရမ္းလြန္ ေရာင္ျခည္ေၾကာင့္ ထိခိုက္တာနဲ႔ ပတ္ဝန္းက်င္ အေၾကာင္း အခ်က္ေတြေၾကာင့္ ရရွိလာတဲ့ ဓာတ္တိုး ပစၥည္းေတြက အသားအေရကို ထိခိုက္ ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္ ႀကီးလာေပမယ့္ အသားအေရ ေတာက္ပၿမဲ ေတာက္ပေနေအာင္ မိခင္တို႔၏ထိန္းသိမ္းေလ့ ရွိတဲ့ သဘာဝ အသားအေရ ထိန္းသိမ္းနည္းေတြကို ေဖာ္ျပ ေပးလိုက္ပါတယ္။
(၁) သေဘၤာသီး
သေဘၤာသီးမွာ ကယ္႐ိုတင္း၊ ဗီတာမင္စီ၊ မရွိမျဖစ္ သတၱဳဓာတ္နဲ႔ ပက္ပိန္းအင္ဇိုင္း ပါဝင္မႈ မ်ားတာေၾကာင့္ သဘာဝ အသားအေရ ေခ်ာေမြ႕ေစတဲ့ အစိုဓာတ္ထိန္း ခရင္မ္ပဲ ျဖစ္ပါတယ္။ သေဘၤာသီးကို ပါးပါးလွီးၿပီး ပံုမွန္ လိမ္းေပးတာက အသားအေရကို ေတာက္ပေစၿပီး သက္ႀကီး အစက္အေျပာက္ေတြကို ေလ်ာ့က်ေစပါတယ္။ သေဘၤာသီးဟာ ေခၽြးေပါက္ပိတ္ဆို႔တာကို ပြင့္ေစတာေၾကာင့္ အေရျပားကို ႏူးညံ့ၿပီး ေခ်ာေမြ႕ ေတာက္ပေစပါတယ္။
ဘယ္လို လိမ္းသင့္သလဲ
သေဘၤာသီးက အသံုးျပဳရ လြယ္ပါတယ္။ သေဘၤာသီး အႏွစ္ကို ေၾကညက္ေအာင္ ေခ်ၿပီး မ်က္ႏွာျပင္ေပၚကို စက္ဝိုင္းပံုစံ လွည့္ၿပီး တိုက္႐ိုက္ လိမ္းေပးပါ။ လိမ္းတဲ့အခါ နည္းနည္းပဲ ကုန္မွာ ျဖစ္တာေၾကာင့္ က်န္တဲ့ သေဘၤာသီးကို စားေပးႏိုင္ပါတယ္။ အမွ်င္ဓာတ္၊ ပိုတက္စီယမ္နဲ႔ ဗီတာမင္ေအ၊ စီတို႔ ပါဝင္တာေၾကာင့္ အက်ဳိးရွိပါတယ္။
(၂) ေထာပတ္သီး
အသားအေရ ႏူးညံံ့ ေခ်ာမြတ္ေနေစဖို႔ အတြက္ ဗီတာမင္ေတြ လိုအပ္ေနပါတယ္။ ေထာပတ္သီးမွာ ဗီတာမင္ေအ၊ ဘီ၊ ဒီနဲ႔ အီးေတြ ပါဝင္မႈ မ်ားပါတယ္။ ငွက္ေပ်ာသီး တစ္လံုးမွာထက္ ပိုတက္စီယမ္ ပါဝင္မႈ ပိုမ်ားၿပီး က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အဆီေတြ ပါတာေၾကာင့္ သဘာဝ အစိုဓာတ္ထိန္း ပစၥည္းအျဖစ္ သံုးႏိုင္ပါတယ္။ ေထာပတ္သီးဟာ အေရးေၾကာင္းေတြ ထင္တာနဲ႔ ပါးေရ တြန္႔တာေတြလို အိုမင္းတဲ့ လကၡဏာေတြကို ေလ်ာ့က်ေစပါတယ္။ ေထာပတ္သီးမွာ ပါတဲ့ သဘာဝ အဆီဓာတ္က မ်က္ႏွာျပင္က အညစ္အေၾကးေတြကို ကင္းေဝးေစၿပီး ႏွင္းခူ၊ အနီေရာင္ အစက္အေျပာက္နဲ႔ ထိလြယ္ခိုက္လြယ္တဲ့ အသားအေရအတြက္ အေကာင္းဆံုး ကုသနည္း ျဖစ္ပါတယ္။
ဘယ္လို လိမ္းသင့္သလဲ
ေထာပတ္သီးကို မ်က္ႏွာေပါင္းတင္ ပစၥည္းအျဖစ္ အသံုးျပဳတာက ဆိုးက်ဳိးမရွိဘဲ အဆင္ေျပတဲ့ နည္းပါ။ ျပဳလုပ္နည္းကေတာ့ ေထာပတ္သီး အမွည့္တစ္လံုးကို ႏုညက္တဲ့အထိ ႀကိတ္ေျခၿပီး မ်က္ႏွာေပၚကို ညင္ညင္သာသာ လိမ္းေပးပါ။ အခ်ိန္ ၁၀ မိနစ္ေလာက္ ၾကာမွ ေအးျမစိုစြတ္တဲ့ ပိတ္စသန္႔သန္႔နဲ႔ သုတ္ေပးပါ။ ပိုၿပီး အစိုဓာတ္ ရေစဖို႔အတြက္ ႏြားႏို႔အနည္းငယ္ ဒါမွမဟုတ္ ပ်ားရည္ လက္ဖက္စားဇြန္းရဲ႕ ေလးပံုတစ္ပံုေလာက္ ထည့္ၿပီး မ်က္ႏွာေပၚ လိမ္းေပးႏိုင္ပါတယ္။
(၃) ပ်ားရည္
ပ်ားရည္ထဲမွာ အေရျပားကို ျပန္လည္ ေကာင္းမြန္ေစႏိုင္တဲ့ အင္တီေအာက္ဆီးဒင့္ေတြ ပါဝင္တဲ့အျပင္ ဘက္တီးရီးယားကို ကင္းေစတဲ့ အာနိသင္လည္း ရွိပါတယ္။ ဒါေၾကာင့္ ပ်ားရည္ကို မ်က္ႏွာသန္႔စင္ ပစၥည္းအေနနဲ႔ ေန႔စဥ္ သံုးေပးသင့္တာ ျဖစ္ပါတယ္။
ဘယ္လို သံုးသင့္တာလဲ
ပ်ားရည္ အနည္းငယ္ကို ေရေႏြးအနည္းငယ္ ေရာထည့္ကာ ေခ်ာမြတ္တဲ့အထိ ေမႊပါ။ ဆံပင္ေတြကုိ အကုန္စုသိမ္းၿပီး မ်က္ႏွာေပၚကို ပ်ားရည္လိမ္းကာ သန္႔စင္ေပးပါ။ ေၾကးခၽြတ္တဲ့ အာနိသင္ ရလိုရင္ အဆိုပါ အရည္ထဲကို အညိဳေရာင္သၾကား ထမင္းစားဇြန္း တစ္ဇြန္းခန္႔ ထည့္ၿပီး သန္႔စင္သင့္ပါတယ္။ ၿပီးမွ ေရနဲ႔ ေဆးေၾကာခ်လိုက္ပါ။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : Good Health
#Unicode Version
အိုမင်းတာ၊ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုး ပစ္စည်းတွေက အသားအရေကို ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် အသက် ကြီးလာပေမယ့် အသားအရေ တောက်ပမြဲ တောက်ပနေအောင် မိခင်တို့၏ထိန်းသိမ်းလေ့ ရှိတဲ့ သဘာဝ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
(၁) သင်္ဘောသီး
သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ် သတ္တုဓာတ်နဲ့ ပက်ပိန်းအင်ဇိုင်း ပါဝင်မှု များတာကြောင့် သဘာဝ အသားအရေ ချောမွေ့စေတဲ့ အစိုဓာတ်ထိန်း ခရင်မ်ပဲ ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါးလှီးပြီး ပုံမှန် လိမ်းပေးတာက အသားအရေကို တောက်ပစေပြီး သက်ကြီး အစက်အပြောက်တွေကို လျော့ကျစေပါတယ်။ သင်္ဘောသီးဟာ ချွေးပေါက်ပိတ်ဆို့တာကို ပွင့်စေတာကြောင့် အရေပြားကို နူးညံ့ပြီး ချောမွေ့ တောက်ပစေပါတယ်။
ဘယ်လို လိမ်းသင့်သလဲ
သင်္ဘောသီးက အသုံးပြုရ လွယ်ပါတယ်။ သင်္ဘောသီး အနှစ်ကို ကြေညက်အောင် ချေပြီး မျက်နှာပြင်ပေါ်ကို စက်ဝိုင်းပုံစံ လှည့်ပြီး တိုက်ရိုက် လိမ်းပေးပါ။ လိမ်းတဲ့အခါ နည်းနည်းပဲ ကုန်မှာ ဖြစ်တာကြောင့် ကျန်တဲ့ သင်္ဘောသီးကို စားပေးနိုင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်အေ၊ စီတို့ ပါဝင်တာကြောင့် အကျိုးရှိပါတယ်။
(၂) ထောပတ်သီး
အသားအရေ နူးညံံ့ ချောမွတ်နေစေဖို့ အတွက် ဗီတာမင်တွေ လိုအပ်နေပါတယ်။ ထောပတ်သီးမှာ ဗီတာမင်အေ၊ ဘီ၊ ဒီနဲ့ အီးတွေ ပါဝင်မှု များပါတယ်။ ငှက်ပျောသီး တစ်လုံးမှာထက် ပိုတက်စီယမ် ပါဝင်မှု ပိုများပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါတာကြောင့် သဘာဝ အစိုဓာတ်ထိန်း ပစ္စည်းအဖြစ် သုံးနိုင်ပါတယ်။ ထောပတ်သီးဟာ အရေးကြောင်းတွေ ထင်တာနဲ့ ပါးရေ တွန့်တာတွေလို အိုမင်းတဲ့ လက္ခဏာတွေကို လျော့ကျစေပါတယ်။ ထောပတ်သီးမှာ ပါတဲ့ သဘာဝ အဆီဓာတ်က မျက်နှာပြင်က အညစ်အကြေးတွေကို ကင်းဝေးစေပြီး နှင်းခူ၊ အနီရောင် အစက်အပြောက်နဲ့ ထိလွယ်ခိုက်လွယ်တဲ့ အသားအရေအတွက် အကောင်းဆုံး ကုသနည်း ဖြစ်ပါတယ်။
ဘယ်လို လိမ်းသင့်သလဲ
ထောပတ်သီးကို မျက်နှာပေါင်းတင် ပစ္စည်းအဖြစ် အသုံးပြုတာက ဆိုးကျိုးမရှိဘဲ အဆင်ပြေတဲ့ နည်းပါ။ ပြုလုပ်နည်းကတော့ ထောပတ်သီး အမှည့်တစ်လုံးကို နုညက်တဲ့အထိ ကြိတ်ခြေပြီး မျက်နှာပေါ်ကို ညင်ညင်သာသာ လိမ်းပေးပါ။ အချိန် ၁၀ မိနစ်လောက် ကြာမှ အေးမြစိုစွတ်တဲ့ ပိတ်စသန့်သန့်နဲ့ သုတ်ပေးပါ။ ပိုပြီး အစိုဓာတ် ရစေဖို့အတွက် နွားနို့အနည်းငယ် ဒါမှမဟုတ် ပျားရည် လက်ဖက်စားဇွန်းရဲ့ လေးပုံတစ်ပုံလောက် ထည့်ပြီး မျက်နှာပေါ် လိမ်းပေးနိုင်ပါတယ်။
(၃) ပျားရည်
ပျားရည်ထဲမှာ အရေပြားကို ပြန်လည် ကောင်းမွန်စေနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့အပြင် ဘက်တီးရီးယားကို ကင်းစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ပျားရည်ကို မျက်နှာသန့်စင် ပစ္စည်းအနေနဲ့ နေ့စဉ် သုံးပေးသင့်တာ ဖြစ်ပါတယ်။
ဘယ်လို သုံးသင့်တာလဲ
ပျားရည် အနည်းငယ်ကို ရေနွေးအနည်းငယ် ရောထည့်ကာ ချောမွတ်တဲ့အထိ မွှေပါ။ ဆံပင်တွေကို အကုန်စုသိမ်းပြီး မျက်နှာပေါ်ကို ပျားရည်လိမ်းကာ သန့်စင်ပေးပါ။ ကြေးချွတ်တဲ့ အာနိသင် ရလိုရင် အဆိုပါ အရည်ထဲကို အညိုရောင်သကြား ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပြီး သန့်စင်သင့်ပါတယ်။ ပြီးမှ ရေနဲ့ ဆေးကြောချလိုက်ပါ။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : Good Health
အရြယ္အို လည္း ႏုပ်ိဳ ေနဆဲ လွပေနေအာင္ စားသင့္ေသာ အစားအစာမ်ား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။