iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြကို ဘယ္လိုစြဲေဆာင္ႏိုင္ေအာင္လုပ္ရမယ္၊ ဘယ္လိုလႊမ္းမိုးႏိုင္ေအာင္ လုပ္ရမယ္ဆိုတာက အမ်ိဳးသားေတြရဲ ့အိမ္မက္တစ္ခုလိုပါပဲ။ မျဖစ္ႏိုင္ဘူးဆိုတာမရွိပါဘူး၊ မျဖစ္ေသးတာပဲရွိတာပါ။ ဒီေတာ့ ဘယ္လိုနည္းလမ္းေတြက အမ်ိဳးသမီးတစ္ေယာက္ရဲ ့အသည္းႏွလံုးကိုပိုင္ဆိုင္ႏိုင္မလဲဆိုတာ ၾကည့္ၾကရေအာင္။

၁) ပင္ကိုယ္အစြမ္းအစေတြကို လွ်ိဳမထားပါနဲ ့။
ဝါသနာအရ ဂီတာတီးတာ၊ ဟင္းခ်က္တတ္တာ ဒါမွမဟုတ္ ဓာတ္ပံုရိုက္ေပးရတာေတြကို ခံုမင္ႏွစ္သက္တဲ့ ေယာက်္ားေလးေတြက မိန္းကေလးေတြကို ပိုျပီးဆြဲေဆာင္ႏိုင္ပါတယ္။ ကိုယ္ၾကိဳက္ႏွစ္သက္တဲ့ မိန္းကေလးအေရွ ့မွာကိုယ့္ရဲ ့ပင္ကိုယ္ပါရမီအစြမ္းအစေတြကို ထုတ္ေဖာ္ျပဖို ့ဝန္မေလးပါနဲ႕။ ဂီတာတီးသီခ်င္းဆိုျပတာ၊ ကိုယ္ကြ်မ္းက်င္ရာဟင္းလ်ာေတြကို ခ်က္ေကြ်းတာ ဒါမွမဟုတ္လဲ ကိုယ္ တတ္ကြ်မ္းတာ တစ္ခုခုလုပ္ေပးတာက ရွက္စရာမဟုတ္ပါဘူး။ မိန္းကေလးေတြက အရည္အခ်င္းအစြမ္း အစရွိတဲ ့ေယာက်္ားေလးေတြကို ပိုျပီးစိတ္ဝင္စားတတ္ၾကပါတယ္။

၂) ဆင္ျခင္ခ်ိန္ဆ ဥာဏ္ရွိပါ။
မိန္းကေလးေတြတင္ မကပါဘူး။ အမ်ိဳးသမီးတိုင္းက လက္ေဆာင္ေပးခံရျခင္းနဲ ့ ဂရုျပဳအာရံုစိုက္ခံရတာကို ၾကိဳက္ၾကတာခ်ည္းပါပဲ။ ဒီလိုဂရုတစိုက္နဲ ့ ယုယမွဳေတြေပးေနရင္ သူတို ့က ေက်နပ္ေနတတ္ၾကပါတယ္။ ေစ်းၾကီးတဲ့ ပစၥည္းေတြေပးေနတာထက္  အမွတ္တရျဖစ္ေစမယ့္ လက္ေဆာင္ပစၥည္းမ်ိဳးေတြေပးပါ။ သူတို ့မၾကိဳက္ႏွစ္သက္တဲ့ ေဘာလံုးပြဲေတြ အေၾကာင္းေျပာမယ့္အစား “ကိုယ္ ဒီေန ့တေနကုန္ မင္းကိုသတိရေနတာ” အစရွိတဲ့ သူတို့ကိုအေလးအနက္ထားတဲ့ စကားလံုးေတြက သူတို ့ကိုသာယာေပ်ာ္ရြင္ေစႏိုင္ပါတယ္။

၃) ဟာသဥာဏ္ရွိပါ။
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ့ ေကာင္ေလးနဲ ့ ဂိုက္ေပးၾကမ္းတဲ့ ေကာင္ေလးေတြကို ႏွိဳင္းယွဥ္ၾကည့္ရင္ ဟာသဥာဏ္ရႊင္တဲ့ ခပ္ေပါေပါေနတတ္တဲ့ ေယာက်္ားေလးေတြကို မိန္းကေလးေတြကပိုျပီး သေဘာက်ၾကပါတယ္။ မိန္းကေလးတစ္ေယာက္ စိတ္ဓာတ္က်ျပီး စိတ္ဆင္းရဲေနခ်ိန္ေတြမွာ ေပ်ာ္ရြင္ရယ္ေမာႏိုင္ေအာင္ ဟာသေတြေျပာေပး၊ လုပ္ေပးႏိုင္ရင္ သူတို ့က ကိုယ့္ကိုအေပၚကိုပိုျပီး အားကိုးခ်င္စိတ္ေတြရွိလာမွာပါ။

၄) သဘာဝက်က် ျပံဳးပါ။
အရပ္အေမာင္း၊ ခႏၶာကိုယ္အခ်ိဳးအစားေတြကိုက အဓိကမက်ပါဘူး။ ဆြဲေဆာင္မွဳေကာင္းတဲ့ သဘာဝက်က်နဲ ့ ဟန္ေဆာင္မွဳကင္းမဲ့တဲ့ အျပံဳးမ်ိဳးကိုမိန္းကေလးေတြ က ႏွစ္သက္ၾကပါတယ္။ ျပံဳးျပျခင္းက ေပ်ာ္ေပ်ာ္ရြင္ရြင္ ေနတတ္ျခင္းကို ကိုယ္စားျပဳႏိုင္ပါတယ္။ သြားေတြကိုလည္း သန္ ့သန္ ့ရွင္းရွင္းထားဖို ့မေမ့ပါနဲ ့။ ဒါမွ မိန္းကေလးေတြက ကိုယ့္ကိုကိုယ့္ကိုယ္ကိုအျမဲဂရုတစိုက္ေနတတ္သူတစ္ေယာက္အေနနဲ ့သတ္မွတ္မွာပါ။

၅) ရိုမန္ ့တစ္ဆန္ပါ။
ပန္းစည္းဝယ္ျပီး လက္ေဆာင္ေပးတာ၊ ဖေယာင္းတိုင္မီးညွိျပီး ဖေယာင္းတုိင္မီးအလင္းေရာင္ၾကားမွာ ၾကည္ၾကည္ႏူးႏူးနဲ ့ ညစာစားေသာက္ဖို ့အစီအစဥ္ေတြလုပ္ေပးပါ။ ဒီလိုရိုမန္ ့တစ္ဆန္ျပီး သူမကို ကေလးတစ္ေယာက္လို အစစအရာရာကို ဂရုတစိုက္ေပးတတ္ျခင္းကလည္း မိန္းကေလးေတြကိုစြဲမက္ေစႏိုင္တဲ့ အခ်က္တစ္ခ်က္ပါပဲ။

၆) ကိုယ့္ကိုယ္ကို ယံုၾကည္မွဳရွိပါ။
ကိုယ့္ကိုယ္ကိုယံုၾကည္မွဳရွိတဲ့ အမ်ိဳးသားေတြကိုပဲ အမ်ိဳးသမီးေတြက မ်က္စိက်ေနတတ္ပါတယ္။ ကိုယ့္ကိုယ္ကို ယံုၾကည္မွဳရွိမွဳရွိတဲ့သူေတြက သူတို ့ရဲ ့ခ်စ္သူရည္းစားေတြကို လံုျခံဳမွဳကိုပိုေပးစြမ္းႏိုင္ပါတယ္။

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးတွေကို ဘယ်လိုစွဲဆောင်နိုင်အောင်လုပ်ရမယ်၊ ဘယ်လိုလွှမ်းမိုးနိုင်အောင် လုပ်ရမယ်ဆိုတာက အမျိုးသားတွေရဲ့အိမ်မက်တစ်ခုလိုပါပဲ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး၊ မဖြစ်သေးတာပဲရှိတာပါ။ ဒီတော့ ဘယ်လိုနည်းလမ်းတွေက အမျိုးသမီးတစ်ယောက်ရဲ့အသည်းနှလုံးကိုပိုင်ဆိုင်နိုင်မလဲဆိုတာ ကြည့်ကြရအောင်။

၁) ပင်ကိုယ်အစွမ်းအစတွေကို လျှိုမထားပါနဲ့။
ဝါသနာအရ ဂီတာတီးတာ၊ ဟင်းချက်တတ်တာ ဒါမှမဟုတ် ဓာတ်ပုံရိုက်ပေးရတာတွေကို ခုံမင်နှစ်သက်တဲ့ ယောကျ်ားလေးတွေက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ မိန်းကလေးအရှေ့မှာကိုယ့်ရဲ့ပင်ကိုယ်ပါရမီအစွမ်းအစတွေကို ထုတ်ဖော်ပြဖို့ဝန်မလေးပါနဲ့။ ဂီတာတီးသီချင်းဆိုပြတာ၊ ကိုယ်ကျွမ်းကျင်ရာဟင်းလျာတွေကို ချက်ကျွေးတာ ဒါမှမဟုတ်လဲ ကိုယ် တတ်ကျွမ်းတာ တစ်ခုခုလုပ်ပေးတာက ရှက်စရာမဟုတ်ပါဘူး။ မိန်းကလေးတွေက အရည်အချင်းအစွမ်း အစရှိတဲ့ယောကျ်ားလေးတွေကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။

၂) ဆင်ခြင်ချိန်ဆ ဉာဏ်ရှိပါ။
မိန်းကလေးတွေတင် မကပါဘူး။ အမျိုးသမီးတိုင်းက လက်ဆောင်ပေးခံရခြင်းနဲ့ ဂရုပြုအာရုံစိုက်ခံရတာကို ကြိုက်ကြတာချည်းပါပဲ။ ဒီလိုဂရုတစိုက်နဲ့ ယုယမှုတွေပေးနေရင် သူတို့က ကျေနပ်နေတတ်ကြပါတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေပေးနေတာထက်  အမှတ်တရဖြစ်စေမယ့် လက်ဆောင်ပစ္စည်းမျိုးတွေပေးပါ။ သူတို့မကြိုက်နှစ်သက်တဲ့ ဘောလုံးပွဲတွေ အကြောင်းပြောမယ့်အစား “ကိုယ် ဒီနေ့တနေကုန် မင်းကိုသတိရနေတာ” အစရှိတဲ့ သူတို့ကိုအလေးအနက်ထားတဲ့ စကားလုံးတွေက သူတို့ကိုသာယာပျော်ရွင်စေနိုင်ပါတယ်။

၃) ဟာသဉာဏ်ရှိပါ။
ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်လေးနဲ့ ဂိုက်ပေးကြမ်းတဲ့ ကောင်လေးတွေကို နှိုင်းယှဉ်ကြည့်ရင် ဟာသဉာဏ်ရွှင်တဲ့ ခပ်ပေါပေါနေတတ်တဲ့ ယောကျ်ားလေးတွေကို မိန်းကလေးတွေကပိုပြီး သဘောကျကြပါတယ်။ မိန်းကလေးတစ်ယောက် စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲနေချိန်တွေမှာ ပျော်ရွင်ရယ်မောနိုင်အောင် ဟာသတွေပြောပေး၊ လုပ်ပေးနိုင်ရင် သူတို့က ကိုယ့်ကိုအပေါ်ကိုပိုပြီး အားကိုးချင်စိတ်တွေရှိလာမှာပါ။

၄) သဘာဝကျကျ ပြုံးပါ။
အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေကိုက အဓိကမကျပါဘူး။ ဆွဲဆောင်မှုကောင်းတဲ့ သဘာဝကျကျနဲ့ ဟန်ဆောင်မှုကင်းမဲ့တဲ့ အပြုံးမျိုးကိုမိန်းကလေးတွေ က နှစ်သက်ကြပါတယ်။ ပြုံးပြခြင်းက ပျော်ပျော်ရွင်ရွင် နေတတ်ခြင်းကို ကိုယ်စားပြုနိုင်ပါတယ်။ သွားတွေကိုလည်း သန့်သန့်ရှင်းရှင်းထားဖို့မမေ့ပါနဲ့။ ဒါမှ မိန်းကလေးတွေက ကိုယ့်ကိုကိုယ့်ကိုယ်ကိုအမြဲဂရုတစိုက်နေတတ်သူတစ်ယောက်အနေနဲ့သတ်မှတ်မှာပါ။

၅) ရိုမန့်တစ်ဆန်ပါ။
ပန်းစည်းဝယ်ပြီး လက်ဆောင်ပေးတာ၊ ဖယောင်းတိုင်မီးညှိပြီး ဖယောင်းတိုင်မီးအလင်းရောင်ကြားမှာ ကြည်ကြည်နူးနူးနဲ့ ညစာစားသောက်ဖို့အစီအစဉ်တွေလုပ်ပေးပါ။ ဒီလိုရိုမန့်တစ်ဆန်ပြီး သူမကို ကလေးတစ်ယောက်လို အစစအရာရာကို ဂရုတစိုက်ပေးတတ်ခြင်းကလည်း မိန်းကလေးတွေကိုစွဲမက်စေနိုင်တဲ့ အချက်တစ်ချက်ပါပဲ။

၆) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ အမျိုးသားတွေကိုပဲ အမျိုးသမီးတွေက မျက်စိကျနေတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှုရှိတဲ့သူတွေက သူတို့ရဲ့ချစ်သူရည်းစားတွေကို လုံခြုံမှုကိုပိုပေးစွမ်းနိုင်ပါတယ်။

Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top