ျမန္မာေတြ ဝိတ္ခ်တယ္ဆိုၿပီး ဘာေၾကာင့္ မပိန္ေသးတာလဲ။ ပိန္ေအာင္ လုပ္ခ်င္သူ၊
ႀကိဳးစားခ်င္သူေတြ အမ်ားႀကီးထဲ မွာမွ တကယ္ ဝိတ္ခ်ႏိုင္တဲ့ ဦးေရက
ဘာေၾကာင့္နည္း ရတာပါလဲ။ လူေတာ္ေတာ္ မ်ားမ်ား စဥ္းစားရ က်ပ္တဲ့
ေမးခြန္းတစ္ခုကို ျပန္ေမး မိတယ္။ ေသခ်ာ ေလ့လာၾကည့္ တဲ့အခါ နံပါတ္တစ္
ေတြ႕တာက ဝိတ္ခ်နည္းကုိ ေကာင္းေကာင္း မသိလို႔။ အသံုးမခ် တတ္လို႔ပါ။ ဘယ္လို
ဝိတ္ခ်ရင္ က်မလဲ။ စနစ္တက် မလုပ္တတ္ ေသးလို႕ဆိုတာ ေတြ႕တယ္။ ေနာက္တစ္ခ်က္ က
ဝိတ္က်ေဆးေတြ ေစ်းႀကီးေပး ဝယ္ေသာက္ရင္ ေပ်ာက္မယ္ ထင္ေန ၾကသူေတြ တစ္ေန႔တျခား
မ်ားလာလို႕ ဆိုရင္လဲ မမွားဘူး။ အမ်ားစုက ေဆးအေပၚမွာ အားကိုးမွီခို
လြန္းတယ္။ တခ်ဳိ႕က်ေတာ့ ထမင္းတစ္နပ္ ေလွ်ာ့စားရင္ ဝိတ္က်မယ္ ထင္သူေတြလဲ
ရွိေသးတယ္။ တကယ္တမ္း ေလွ်ာ့စား ၾကည့္တဲ့အခါ သိပ္ၾကာၾကာ မခံဘူးဆိုတာ
ေတြ႕ရပါတယ္။ ပိုဆိုးတာက ညစာေတာ့ ေရွာင္ပါရဲ႕။ အဆာေျပ အာလူး ေခ်ာင္းေၾကာ္
တစ္ထုပ္ စားမိလိုက္တယ္။ ဝင္လာတဲ့ ကယ္လိုရီကို သတိမထား မိဘူး။ ကစီဓာတ္၊
အဆီဓာတ္၊ အသားဓာတ္ ေတြရဲ႕အေျခခံ အေၾကာင္းအရာ ကို နားမလည္ ေသးရင္ ဝိတ္ခ်ရတာ
ခက္တယ္။ ဝိတ္ခ်သူေတြ ထဲမွာမွ စားႏိုင္ ေသာက္ႏိုင္၊ ခ်မ္းသာသူေတြ အတြက္
ဝိတ္ခ်ရတာ အခက္ခဲဆံုး ျဖစ္ေန ၾကတယ္။ တကယ္က သူတို႔ရဲ႕ ေနထိုင္ စားေသာက္ပံု
ေၾကာင့္ပါ။ ေလ့လာ ၾကည့္ရင္ ေန႕စဥ္ လႈပ္ရွားမႈ အလြန္နည္း တယ္။ ပိုဆိုးတာက
လမ္းေလွ်ာက္တဲ့ ေလ့က်င့္ခန္း ေတာင္ မလုပ္မိဘူး။ အလုပ္စားပြဲ မွာပဲ
အခ်ိန္ကုန္တာ မ်ားတယ္။ စိတ္ဖိစီးမႈ မ်ားသူထက္ ပိုတယ္။ အစားအေသာက္ မွာလဲ
အတူတူပဲ။ စားပြဲ၊ ေသာက္ပြဲေတြ က ေပးလိုက္တဲ့ အဆီေတြလဲ မနည္းလွဘူး။ ဘီယာ၊
အရက္ကိုလဲ လူတန္းေစ့ ေနႏိုင္ေအာင္ ေသာက္တယ္။ သက္တမ္းေစ့ ေအာင္ မေနရတာ
သတိမထား မိဘူး။ ဒါေတြကို သတိထား ျပဳျပင္ရမယ္။ ႏိုင္ငံ တစ္ႏိုင္ငံရဲ႕ အစား
အေသာက္၊ လူေနမႈ ပံုစံေတြက အဲဒီ ႏိုင္ငံသားေတြရဲ႕ က်န္းမာေရး ေပၚ အဓိက
သက္ေရာက္ ေစတယ္။ ျမန္မာလူမ်ိဳး ေတြမွာ သူတို႕ရဲ႕ ကိုယ္ပိုင္ အစားအေသာက္၊
ကုိယ္ပိုင္ လူေနမႈ ပံုစံရွိပါတယ္။ ျမန္မာေတြ ဘာနဲ႕ စားၾကလဲ။ ထမင္းစားတယ္
လို႕ အမ်ားစု ေျဖလိမ့္မယ္။ အဲဒါက သမား႐ိုးက် တြက္ခ်က္သူေတြ ေျပာတဲ့စကား
ျဖစ္တယ္။ တကယ္က ျမန္မာေတြေလာက္ ဆီစားတာ ကမၻာမွာမရွိဘူး။ ထမင္းဆို ဆီဆမ္း၊
ဟင္းဆိုလဲ ဆီျပန္၊ လက္ဖက္ဆိုလဲ ဆီရႊဲရႊဲ ေလးနဲ႔မွ စားၾကတာ။ ျမန္မာလူမ်ဳိး
အမ်ားစုရဲ႕ ေနထိုင္ စားေသာက္ပံု ျဖစ္တယ္။ ေန႔စဥ္ပံုမွန္ စားေသာက္ေနတဲ့
အစားအေသာက္ ေတြထဲမွာ ဆီနဲ႕ကင္းတာ ဘာတစ္ခုမွ မရွိပါဘူး။ အိမ္ တိုင္းမွာ
ဆီျပန္ဟင္း ခ်က္ၾကတယ္။ ၾကက္သားဆီျပန္၊ ဝက္သားဆီျပန္ ခ်က္ေလးလဲ ပါမွ
ထမင္းၿမိန္တယ္။ ဒါေၾကာင့္ ျမန္မာေတြ ဝလာတယ္။ ပိုဆိုးတာ ရွိေသးတယ္။
ျပန္ေၾကာ္ဆီ ေတြကို သိမ္းထားၿပီး ေနာက္ ရက္ေတြမွာ ျပန္သံုးေနတာ ျဖစ္ပါတယ္။
ေၾကာ္ပါမ်ားေတာ့ ျပည့္ဝဆီ ေတြျဖစ္ လာတယ္။ ျပည့္ဝဆီနဲ႕ ေၾကာ္ထားတဲ့
ဆီေၾကာ္စာ ေတြက လူေတြကို ပိုဝလာ ေစတယ္။ ဆိုင္ကဝယ္တဲ့ အေၾကာ္ေတြက အရင္ရက္က
သံုးထားတဲ့ဆီ အက်န္ေတြ မဟုတ္ပါလား။ က်န္းမာေရး ဘက္က ၾကည့္ေတာ့ အဆိုးဘက္က
ခ်ည္းပဲ။ ေနာက္ဆက္တြဲ အဆီဖံုးတာ၊ ေသြးေၾကာပိတ္ တာေတြ ျဖစ္လာတယ္။ ျမန္မာမိဘ
ေတြက သင္ေပးထားတဲ့ အေလ့အက်င့္ တစ္ခု ရွိေသးတယ္။ အစာစားရင္ ကုန္ေအာင္စား၊
မက်န္ေစနဲ႔ ဆိုတာ မ်ဳိး။ ဒီလို သင္ၾကားမႈ ေတြက ကိုယ့္ကေလး ေတြကို လုိတာထက္
ပိုစားတတ္ေအာင္၊ ေရာဂါထူေျပာ လာေအာင္ သင္ေပး ေနတယ္ဆိုတာ သတိမျပဳမိ ၾကဘူး။
တကယ္ သင္ေပးရမွာက အစာကို သင့္တင့္ မွ်တ႐ံု စားတတ္ဖို႕၊ ဗိုက္ျပည့္႐ုံ
စားတတ္ဖို႔ ျဖစ္တယ္။ ဒီ အေၾကာင္းအရာ ေတြက ျမန္မာလူမ်ိဳး ေတြ သတိမထား မိဘဲ
ဝေနရတဲ့ အေၾကာင္းရင္း ခံေတြျဖစ္ပါတယ္။ ဝိတ္တက္တဲ့ သီအိုရီက ႐ိုးရွင္းပါတယ္။
ဝင္လာတဲ့ Calorie (အစားအေသာက္) က သံုးစြဲတဲ့ Calorie (လႈပ္ရွားမႈ) ထက္
မ်ားေနလို႕ ျဖစ္ပါတယ္။ အသားတင္ Calorie ၃၅ဝဝ ေလာက္ ပိုလွ်ံတိုင္း ဝိတ္
တစ္ေပါင္စီ တက္မွာ ျဖစ္ပါတယ္။ ဒီေတာ့ လုပ္စရာက ႏွစ္မ်ဳိး ပဲရွိတယ္။
အစားေလွ်ာ့ စားမလား။ ေလ့က်င့္ခန္း လုပ္မလား။ ေမးစရာ ရွိတာက ဘယ္ေလာက္ထိ
အစားေလွ်ာ့ စားရမွာလဲ။ သာမန္လူ တစ္ေယာက္က ဘယ္ေလာက္ထိ အစားေရွာင္ ႏိုင္မလဲ
တြက္ခ်က္ ဖို႕ေတာ့ လိုပါတယ္။ ကယ္လိုရီ ၂၅ဝဝ ေန႔စဥ္ လိုအပ္သူ တစ္ေယာက္ဟာ
ေန႕စဥ္ ကယ္လိုရီ ၅ဝဝ ေလွ်ာ့စားလို႕ ရတယ္။ အဲဒီမွာ ထည့္တြက္ ရမယ့္ အခ်က္က
ဗိုက္ဆာတဲ့ ျဖစ္စဥ္အတြက္ အေရးပါတဲ့ Leptin ဆိုတဲ့ ဓာတ္ ျဖစ္ပါတယ္။ ဒီဓာတ္က
ဗိုက္ျပည့္ေနၿပီ ဆိုတဲ့ ခံစားခ်က္ကို ျဖစ္ေပၚ ေစတယ္။ ၂ဝ၁၃ ခုႏွစ္တုန္းက
ဗိုက္ဆာတဲ့ ျဖစ္စဥ္နဲ႕ Leptin လက္ခံဆဲလ္ ( Leptin Receptor ) ေတြရဲ႕
ေျပာင္းလဲမႈကို ေလ့လာၾကည့္ တဲ့အခါ အဆီ အစားမ်ားသူ ေတြရဲ႕ အစာအိမ္မွာ ရွိတဲ့
Leptin လက္ခံဆဲလ္ ေတြက သိပ္ အလုပ္မလုပ္ ေတာ့တာ ေတြ႕ရတယ္။ အဲဒီ
ျဖစ္စဥ္ေၾကာင့္ အဆီ အစားမ်ား သူေတြဟာ ဗိုက္ျပည့္ ေနၿပီဆိုတဲ့ ခံစားမႈမ်ဳိး
မရွိတာပါ။ အဲဒီမွာ စားၿပီးရင္း စားခ်င္၊ ဝိတ္တက္ၿပီးရင္း တက္လာတာ ျဖစ္တယ္။
ဒါေၾကာင့္ အဆီစားမ်ား သူေတြဟာ ဝိတ္ခ်ရ ခက္ခဲသူေတြ ျဖစ္လာ ပါတယ္။ ပိုဆိုးတာက
ဝိတ္က် ရင္ေတာင္ ဒီေျပာင္းလဲမႈ က ၾကာရွည္ခံ ေနတာ ျဖစ္တယ္။ ေနာက္ေတြ႕တာ
တစ္ခုက ေလ့က်င့္ခန္း လုပ္ပါဆိုလို႔ လုပ္ပါတယ္။ အလြယ္ဆံုးနဲ႔ အသက္သာဆံုး
နည္းျဖစ္တဲ့ လမ္းေလွ်ာက္ ၾကတယ္။ ေကာင္းပါတယ္။ ဒါေပမဲ့ ေန႕စဥ္ရက္ဆက္
ေလွ်ာက္သလား ဆိုေတာ့လဲ မေလွ်ာက္ပါဘူး။ တစ္ပတ္ (သို႔မဟုတ္) တစ္လေလာက္ ေနေတာ့
နားလိုက္တယ္။ ပိုဆိုးတာက လမ္းေလွ်ာက္ၿပီး အျပန္ မနက္စာေတာင္ ဝင္စားေသးတယ္။
စားေတာ့လဲ အဆီမ်ားတဲ့ ဆီေၾကာ္စာ၊ မုန္႕တီစတာ ေတြမွ ေရြးစား ၾကတယ္။ ဒီလို
အစားအေသာက္ ေတြကေန ကယ္လိုရီ (၃ဝဝ-၅ဝဝ) ၾကား ဝင္သြားတာ သတိမျပဳမိ ၾကဘူး။
အဲဒါက ဘာကိုျပလဲ ဆိုေတာ့ ကယ္လိုရီရဲ႕ သေဘာတရား ေတြကို မသိေသးဘူး။ စနစ္တက်
ဝိတ္မခ် တတ္ေသးဘူး ဆိုတာ ရွင္းပါတယ္။ ဝိတ္က်ဖုိ႕ ဘယ္ ေလ့က်င့္ခန္းေတြ
ေကာင္းလဲ။ ကယ္လိုရီ ၁ဝဝ ကုန္ဖို႕ ဘယ္ ေလ့က်င့္ခန္းကို ဘယ္ေလာက္ လုပ္ရင္ရမလဲ
သိထား သင့္တယ္။ ဥပမာ - နာရီဝက္ လမ္းေလွ်ာက္တိုင္း ကယ္လိုရီ ၁ဝဝ ကုန္တယ္။
၁၅ မိနစ္ ေလာက္ေျပးရင္ ကယ္လိုရီ ၁ဝဝ ကုန္တယ္။ ဒါေတြ သိရမယ္။ ဝိတ္က်ဖို႕
ကယ္လုိရီ မ်ားမ်ားျဖဳန္းတ့ဲ ေလ့က်င့္ခန္းသာ အေကာင္းဆံုးပါ။ ပင္ပင္ပန္းပန္း
လုပ္ရတဲ့ ေလ့က်င့္ခန္း မ်ဳိးက ျမန္ျမန္က်တဲ့ ေလ့က်င့္ခန္း လို႕ ေယဘုယ်
မွတ္ပါ။ ဗိုက္အဆီျပင္ မ်ားသူေတြ အတြက္ အိပ္ထမတင္ ေလ့က်င့္ခန္းမ်ဳိး
လုိပါတယ္။ ဒါဆို ေလ့က်င့္ခန္း မလုပ္ခ်င္သူေတြ အတြက္ နည္းမရွိ ဘူးလား။
အဆီစုပ္တာ၊ အဆီေျခတာ မ်ိဳးေတြ တခ်ဳိ႕လုပ္ၾကတယ္။ ဒါေပမဲ့ ေသခ်ာတယ္။
သိပ္ၾကာၾကာ မခံပါဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ ဝိတ္ျမန္ျမန္ က်သူဟာ
ဝိတ္ျမန္ျမန္ တက္ဖို႕ အခြင့္အလမ္း ပိုမ်ားလို႕ ျဖစ္တယ္။ ေနာက္ၿပီး ေနထိုင္
စားေသာက္ပံု ကို မျပဳျပင္ သေရြ႕ ေရရွည္ ဝိတ္က်ဖို႔ ဘယ္လိုမွ
မျဖစ္ႏိုင္ပါဘူး။ ပိုဆိုးတာက ေဘးထြက္ ဆိုးက်ိဳးေတြ ရွိေနတာပါ။ ဝိတ္ခ်ရတာ
အေျပာလြယ္ သေလာက္ တကယ္လုပ္တဲ့ အခါ ခက္ခဲပါတယ္။ ဝိတ္က်ခ်င္ ပါတယ္လုိ႔
စိတ္ထဲက ေအာ္ေန႐ံုနဲ႕ေတာ့ မရဘူး။ လက္ေတြ႕ လုပ္ေဆာင္မႈက အေရးႀကီးတယ္။
နည္းနည္းေလာက္ ဝိတ္က်သြားၿပီ ဆိုတိုင္း မၿပီးေသးဘူး။ ဆက္လုပ္ ရမွာေတြ
ရွိေသးတယ္။ ထူးထူးျခားျခား သိသိသာသာ ပိန္ဖို႕ အနည္းဆံုး အခ်ိန္သံုးလ ေလာက္
လိုအပ္တယ္။ ပိန္ၿပီဆိုတိုင္း ဝမ္းမသာ ပါနဲ႕အံုး။ ပိန္ၿပီး တစ္ႏွစ္ေလာက္ ထိ
ဝိတ္ထိန္းႏိုင္မွ တကယ္စိတ္ခ် ရတယ္။ တကယ္ေတာ့ ဝိတ္ခ်တယ္။ ဝိတ္ထိန္းတယ္ ဆိုတာ
အဆက္မျပတ္ လုပ္ေဆာင္ ရမယ့္ လုပ္ေဆာင္မႈမ်ဳိး ျဖစ္တယ္။ ျမန္မာေတြ ပိန္ဖို႔၊
ဝိတ္က်ဖို႔ ဆိုရင္ အထက္မွာ ေဖာ္ျပ ထားတဲ့ အခ်က္ေတြကို သတိထား ျပဳျပင္ဖို႕
လိုအပ္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Yadanarpon Daily
#Unicode Version
မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာကြောင့် မပိန်သေးတာလဲ။ ပိန်အောင် လုပ်ချင်သူ၊
ကြိုးစားချင်သူတွေ အများကြီးထဲ မှာမှ တကယ် ဝိတ်ချနိုင်တဲ့ ဦးရေက
ဘာကြောင့်နည်း ရတာပါလဲ။ လူတော်တော် များများ စဉ်းစားရ ကျပ်တဲ့
မေးခွန်းတစ်ခုကို ပြန်မေး မိတယ်။ သေချာ လေ့လာကြည့် တဲ့အခါ နံပါတ်တစ်
တွေ့တာက ဝိတ်ချနည်းကို ကောင်းကောင်း မသိလို့။ အသုံးမချ တတ်လို့ပါ။ ဘယ်လို
ဝိတ်ချရင် ကျမလဲ။ စနစ်တကျ မလုပ်တတ် သေးလို့ဆိုတာ တွေ့တယ်။ နောက်တစ်ချက် က
ဝိတ်ကျဆေးတွေ ဈေးကြီးပေး ဝယ်သောက်ရင် ပျောက်မယ် ထင်နေ ကြသူတွေ တစ်နေ့တခြား
များလာလို့ ဆိုရင်လဲ မမှားဘူး။ အများစုက ဆေးအပေါ်မှာ အားကိုးမှီခို
လွန်းတယ်။ တချို့ကျတော့ ထမင်းတစ်နပ် လျှော့စားရင် ဝိတ်ကျမယ် ထင်သူတွေလဲ
ရှိသေးတယ်။ တကယ်တမ်း လျှော့စား ကြည့်တဲ့အခါ သိပ်ကြာကြာ မခံဘူးဆိုတာ
တွေ့ရပါတယ်။ ပိုဆိုးတာက ညစာတော့ ရှောင်ပါရဲ့။ အဆာပြေ အာလူး ချောင်းကြော်
တစ်ထုပ် စားမိလိုက်တယ်။ ဝင်လာတဲ့ ကယ်လိုရီကို သတိမထား မိဘူး။ ကစီဓာတ်၊
အဆီဓာတ်၊ အသားဓာတ် တွေရဲ့အခြေခံ အကြောင်းအရာ ကို နားမလည် သေးရင် ဝိတ်ချရတာ
ခက်တယ်။ ဝိတ်ချသူတွေ ထဲမှာမှ စားနိုင် သောက်နိုင်၊ ချမ်းသာသူတွေ အတွက်
ဝိတ်ချရတာ အခက်ခဲဆုံး ဖြစ်နေ ကြတယ်။ တကယ်က သူတို့ရဲ့ နေထိုင် စားသောက်ပုံ
ကြောင့်ပါ။ လေ့လာ ကြည့်ရင် နေ့စဉ် လှုပ်ရှားမှု အလွန်နည်း တယ်။ ပိုဆိုးတာက
လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း တောင် မလုပ်မိဘူး။ အလုပ်စားပွဲ မှာပဲ
အချိန်ကုန်တာ များတယ်။ စိတ်ဖိစီးမှု များသူထက် ပိုတယ်။ အစားအသောက် မှာလဲ
အတူတူပဲ။ စားပွဲ၊ သောက်ပွဲတွေ က ပေးလိုက်တဲ့ အဆီတွေလဲ မနည်းလှဘူး။ ဘီယာ၊
အရက်ကိုလဲ လူတန်းစေ့ နေနိုင်အောင် သောက်တယ်။ သက်တမ်းစေ့ အောင် မနေရတာ
သတိမထား မိဘူး။ ဒါတွေကို သတိထား ပြုပြင်ရမယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ အစား
အသောက်၊ လူနေမှု ပုံစံတွေက အဲဒီ နိုင်ငံသားတွေရဲ့ ကျန်းမာရေး ပေါ် အဓိက
သက်ရောက် စေတယ်။ မြန်မာလူမျိုး တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် အစားအသောက်၊
ကိုယ်ပိုင် လူနေမှု ပုံစံရှိပါတယ်။ မြန်မာတွေ ဘာနဲ့ စားကြလဲ။ ထမင်းစားတယ်
လို့ အများစု ဖြေလိမ့်မယ်။ အဲဒါက သမားရိုးကျ တွက်ချက်သူတွေ ပြောတဲ့စကား
ဖြစ်တယ်။ တကယ်က မြန်မာတွေလောက် ဆီစားတာ ကမ္ဘာမှာမရှိဘူး။ ထမင်းဆို ဆီဆမ်း၊
ဟင်းဆိုလဲ ဆီပြန်၊ လက်ဖက်ဆိုလဲ ဆီရွှဲရွှဲ လေးနဲ့မှ စားကြတာ။ မြန်မာလူမျိုး
အများစုရဲ့ နေထိုင် စားသောက်ပုံ ဖြစ်တယ်။ နေ့စဉ်ပုံမှန် စားသောက်နေတဲ့
အစားအသောက် တွေထဲမှာ ဆီနဲ့ကင်းတာ ဘာတစ်ခုမှ မရှိပါဘူး။ အိမ် တိုင်းမှာ
ဆီပြန်ဟင်း ချက်ကြတယ်။ ကြက်သားဆီပြန်၊ ဝက်သားဆီပြန် ချက်လေးလဲ ပါမှ
ထမင်းမြိန်တယ်။ ဒါကြောင့် မြန်မာတွေ ဝလာတယ်။ ပိုဆိုးတာ ရှိသေးတယ်။
ပြန်ကြော်ဆီ တွေကို သိမ်းထားပြီး နောက် ရက်တွေမှာ ပြန်သုံးနေတာ ဖြစ်ပါတယ်။
ကြော်ပါများတော့ ပြည့်ဝဆီ တွေဖြစ် လာတယ်။ ပြည့်ဝဆီနဲ့ ကြော်ထားတဲ့
ဆီကြော်စာ တွေက လူတွေကို ပိုဝလာ စေတယ်။ ဆိုင်ကဝယ်တဲ့ အကြော်တွေက အရင်ရက်က
သုံးထားတဲ့ဆီ အကျန်တွေ မဟုတ်ပါလား။ ကျန်းမာရေး ဘက်က ကြည့်တော့ အဆိုးဘက်က
ချည်းပဲ။ နောက်ဆက်တွဲ အဆီဖုံးတာ၊ သွေးကြောပိတ် တာတွေ ဖြစ်လာတယ်။ မြန်မာမိဘ
တွေက သင်ပေးထားတဲ့ အလေ့အကျင့် တစ်ခု ရှိသေးတယ်။ အစာစားရင် ကုန်အောင်စား၊
မကျန်စေနဲ့ ဆိုတာ မျိုး။ ဒီလို သင်ကြားမှု တွေက ကိုယ့်ကလေး တွေကို လိုတာထက်
ပိုစားတတ်အောင်၊ ရောဂါထူပြော လာအောင် သင်ပေး နေတယ်ဆိုတာ သတိမပြုမိ ကြဘူး။
တကယ် သင်ပေးရမှာက အစာကို သင့်တင့် မျှတရုံ စားတတ်ဖို့၊ ဗိုက်ပြည့်ရုံ
စားတတ်ဖို့ ဖြစ်တယ်။ ဒီ အကြောင်းအရာ တွေက မြန်မာလူမျိုး တွေ သတိမထား မိဘဲ
ဝနေရတဲ့ အကြောင်းရင်း ခံတွေဖြစ်ပါတယ်။ ဝိတ်တက်တဲ့ သီအိုရီက ရိုးရှင်းပါတယ်။
ဝင်လာတဲ့ Calorie (အစားအသောက်) က သုံးစွဲတဲ့ Calorie (လှုပ်ရှားမှု) ထက်
များနေလို့ ဖြစ်ပါတယ်။ အသားတင် Calorie ၃၅ဝဝ လောက် ပိုလျှံတိုင်း ဝိတ်
တစ်ပေါင်စီ တက်မှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်စရာက နှစ်မျိုး ပဲရှိတယ်။
အစားလျှော့ စားမလား။ လေ့ကျင့်ခန်း လုပ်မလား။ မေးစရာ ရှိတာက ဘယ်လောက်ထိ
အစားလျှော့ စားရမှာလဲ။ သာမန်လူ တစ်ယောက်က ဘယ်လောက်ထိ အစားရှောင် နိုင်မလဲ
တွက်ချက် ဖို့တော့ လိုပါတယ်။ ကယ်လိုရီ ၂၅ဝဝ နေ့စဉ် လိုအပ်သူ တစ်ယောက်ဟာ
နေ့စဉ် ကယ်လိုရီ ၅ဝဝ လျှော့စားလို့ ရတယ်။ အဲဒီမှာ ထည့်တွက် ရမယ့် အချက်က
ဗိုက်ဆာတဲ့ ဖြစ်စဉ်အတွက် အရေးပါတဲ့ Leptin ဆိုတဲ့ ဓာတ် ဖြစ်ပါတယ်။ ဒီဓာတ်က
ဗိုက်ပြည့်နေပြီ ဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ် စေတယ်။ ၂ဝ၁၃ ခုနှစ်တုန်းက
ဗိုက်ဆာတဲ့ ဖြစ်စဉ်နဲ့ Leptin လက်ခံဆဲလ် ( Leptin Receptor ) တွေရဲ့
ပြောင်းလဲမှုကို လေ့လာကြည့် တဲ့အခါ အဆီ အစားများသူ တွေရဲ့ အစာအိမ်မှာ
ရှိတဲ့ Leptin လက်ခံဆဲလ် တွေက သိပ် အလုပ်မလုပ် တော့တာ တွေ့ရတယ်။ အဲဒီ
ဖြစ်စဉ်ကြောင့် အဆီ အစားများ သူတွေဟာ ဗိုက်ပြည့် နေပြီဆိုတဲ့ ခံစားမှုမျိုး
မရှိတာပါ။ အဲဒီမှာ စားပြီးရင်း စားချင်၊ ဝိတ်တက်ပြီးရင်း တက်လာတာ ဖြစ်တယ်။
ဒါကြောင့် အဆီစားများ သူတွေဟာ ဝိတ်ချရ ခက်ခဲသူတွေ ဖြစ်လာ ပါတယ်။
ပိုဆိုးတာက ဝိတ်ကျ ရင်တောင် ဒီပြောင်းလဲမှု က ကြာရှည်ခံ နေတာ ဖြစ်တယ်။
နောက်တွေ့တာ တစ်ခုက လေ့ကျင့်ခန်း လုပ်ပါဆိုလို့ လုပ်ပါတယ်။ အလွယ်ဆုံးနဲ့
အသက်သာဆုံး နည်းဖြစ်တဲ့ လမ်းလျှောက် ကြတယ်။ ကောင်းပါတယ်။ ဒါပေမဲ့
နေ့စဉ်ရက်ဆက် လျှောက်သလား ဆိုတော့လဲ မလျှောက်ပါဘူး။ တစ်ပတ် (သို့မဟုတ်)
တစ်လလောက် နေတော့ နားလိုက်တယ်။ ပိုဆိုးတာက လမ်းလျှောက်ပြီး အပြန်
မနက်စာတောင် ဝင်စားသေးတယ်။ စားတော့လဲ အဆီများတဲ့ ဆီကြော်စာ၊ မုန့်တီစတာ
တွေမှ ရွေးစား ကြတယ်။ ဒီလို အစားအသောက် တွေကနေ ကယ်လိုရီ (၃ဝဝ-၅ဝဝ) ကြား
ဝင်သွားတာ သတိမပြုမိ ကြဘူး။ အဲဒါက ဘာကိုပြလဲ ဆိုတော့ ကယ်လိုရီရဲ့ သဘောတရား
တွေကို မသိသေးဘူး။ စနစ်တကျ ဝိတ်မချ တတ်သေးဘူး ဆိုတာ ရှင်းပါတယ်။ ဝိတ်ကျဖို့
ဘယ် လေ့ကျင့်ခန်းတွေ ကောင်းလဲ။ ကယ်လိုရီ ၁ဝဝ ကုန်ဖို့ ဘယ် လေ့ကျင့်ခန်းကို
ဘယ်လောက် လုပ်ရင်ရမလဲ သိထား သင့်တယ်။ ဥပမာ - နာရီဝက် လမ်းလျှောက်တိုင်း
ကယ်လိုရီ ၁ဝဝ ကုန်တယ်။ ၁၅ မိနစ် လောက်ပြေးရင် ကယ်လိုရီ ၁ဝဝ ကုန်တယ်။ ဒါတွေ
သိရမယ်။ ဝိတ်ကျဖို့ ကယ်လိုရီ များများဖြုန်းတဲ့ လေ့ကျင့်ခန်းသာ
အကောင်းဆုံးပါ။ ပင်ပင်ပန်းပန်း လုပ်ရတဲ့ လေ့ကျင့်ခန်း မျိုးက မြန်မြန်ကျတဲ့
လေ့ကျင့်ခန်း လို့ ယေဘုယျ မှတ်ပါ။ ဗိုက်အဆီပြင် များသူတွေ အတွက် အိပ်ထမတင်
လေ့ကျင့်ခန်းမျိုး လိုပါတယ်။ ဒါဆို လေ့ကျင့်ခန်း မလုပ်ချင်သူတွေ အတွက်
နည်းမရှိ ဘူးလား။ အဆီစုပ်တာ၊ အဆီခြေတာ မျိုးတွေ တချို့လုပ်ကြတယ်။ ဒါပေမဲ့
သေချာတယ်။ သိပ်ကြာကြာ မခံပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဝိတ်မြန်မြန် ကျသူဟာ
ဝိတ်မြန်မြန် တက်ဖို့ အခွင့်အလမ်း ပိုများလို့ ဖြစ်တယ်။ နောက်ပြီး နေထိုင်
စားသောက်ပုံ ကို မပြုပြင် သရွေ့ ရေရှည် ဝိတ်ကျဖို့ ဘယ်လိုမှ
မဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ဘေးထွက် ဆိုးကျိုးတွေ ရှိနေတာပါ။ ဝိတ်ချရတာ
အပြောလွယ် သလောက် တကယ်လုပ်တဲ့ အခါ ခက်ခဲပါတယ်။ ဝိတ်ကျချင် ပါတယ်လို့
စိတ်ထဲက အော်နေရုံနဲ့တော့ မရဘူး။ လက်တွေ့ လုပ်ဆောင်မှုက အရေးကြီးတယ်။
နည်းနည်းလောက် ဝိတ်ကျသွားပြီ ဆိုတိုင်း မပြီးသေးဘူး။ ဆက်လုပ် ရမှာတွေ
ရှိသေးတယ်။ ထူးထူးခြားခြား သိသိသာသာ ပိန်ဖို့ အနည်းဆုံး အချိန်သုံးလ လောက်
လိုအပ်တယ်။ ပိန်ပြီဆိုတိုင်း ဝမ်းမသာ ပါနဲ့အုံး။ ပိန်ပြီး တစ်နှစ်လောက် ထိ
ဝိတ်ထိန်းနိုင်မှ တကယ်စိတ်ချ ရတယ်။ တကယ်တော့ ဝိတ်ချတယ်။ ဝိတ်ထိန်းတယ် ဆိုတာ
အဆက်မပြတ် လုပ်ဆောင် ရမယ့် လုပ်ဆောင်မှုမျိုး ဖြစ်တယ်။ မြန်မာတွေ
ပိန်ဖို့၊ ဝိတ်ကျဖို့ ဆိုရင် အထက်မှာ ဖော်ပြ ထားတဲ့ အချက်တွေကို သတိထား
ပြုပြင်ဖို့ လိုအပ်ပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Yadanarpon Daily
ပိန္လုိသူမ်ား ဖတ္ပါ ...!
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။