iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလး ပဲ ျဖစ္ျဖစ္ ၊ ေယာက်္ားေလး ပဲ ျဖစ္ျဖစ္ ..ကုိယ္နဲ႔ နဖူးစာ ပါ၊ မပါ တြက္ၾကည့္လုိ႔ရပါတယ္။

ဒီနည္းလမ္းေလး ဟာ နာမည္ေက်ာ္ ေဗဒင္ ဆရာ စံဇာဏီဘုိ ရဲ႕ တြက္ခ်က္နည္း ၊ နည္းလမ္းေလး နဲ႔ အက်ဳိးဆက္ကုိ ရယူထားတာ ျဖစ္ပါတယ္။

သူ ရဲ႕ ေမြးေန႔သကၠရာဇ္အားလံုးေပါင္းၾကည့္ ၊
ေနာက္ဆံုး ရလာတဲ့ကိန္းတစ္လံုးက အေျဖျဖစ္ပါတယ္။
.
ဥပမာ
.
သင္က 23.4.1991
သင့္ခ်စ္သူက 14.7.1992
.
သင့္ေမြးေန့ + သင့္ခ်စ္သူေမြးေန့ = အေျဖ
.
23 + 4 + 1991 + 14 + 7 + 1992 =4031
ေမြးေန့၂ခုေပါင္းထားတဲ့ အေျဖ
.
4 + 0 + 3 + 1 = 8
.
အေျဖက 8 ေပါ့။
Jfoytbxtk9dyo8qxd3bv

= ၁
(၁) ရတဲ့သူကေတာ့ သင္ဟာသူ႔ကိုအသက္ေပးႏုိင္ေလာက္ေအာင္ခ်စ္ေပမယ့္ သူ႔အတြက္ကေတာ့ ရည္းစားေဟာင္းကပစ္သြားလို႔ အသဲကြဲၿပီးခဏလာနားတဲ့ Bus ကားမွတ္တုိင္လိုျဖစ္ေနတာပါ။ သင္နဲ႔အ တူေနတဲ့အခ်ိန္မွာ သူဟာေပ်ာ္ရႊင္ေနေပမယ့္ အဲဒီေပ်ာ္ရႊင္ျခင္းက ဟိုမေရာက္ဒီမေရာက္နဲ႔ျဖစ္ေနတတ္ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေပြ႐ႈပ္တတ္တဲ့သူ႔အက်င့္က သင့္ထက္သာမယ့္သူကို အၿမဲတမ္းရွာေဖြေနလို႔ ပဲျဖစ္တယ္။ဒါေၾကာင့္ သူ႔ရဲ႕ ေနာက္ဆံုးအခ်စ္ျဖစ္ဖို႔အခြင့္အလမ္းဟာ ေမ်ာက္တစ္ေကာင္ သစ္ပင္ေပၚကျ ပဳတ္က်တာနဲ႔ အတူတူလိုျဖစ္ေနတာပါ။ ေနာင္ Bus ကားအသစ္ဟာသူ႔ဆီဆုိက္ကပ္လာခဲ့ရင္ သူတစ္ခါ တည္းေျပးတက္သြားဖို႔ဝန္ေလးမွာမဟုတ္သလို သင့္ကိုဘယ္လိုျဖစ္ၿပီး က်န္ခဲ့မွာလဲဆိုၿပီး ေခါင္းျပန္ေ စာင္းငဲ့ဖို႔ေတာင္အခ်ိန္ရွိမွာမဟုတ္ဘူး။

= ၂
(၂) ရတဲ့သူကေတာ့ သင္နဲ႔သူဟာ ခ်စ္ေတာ့ခ်စ္ၾကပါတယ္။ ဒါေပမယ့္ မုန္းတီးမႈနဲ႔ေပါက္ဖြားလာတဲ့ ခ်စ္ျခင္းျဖစ္တယ္။တူတူေနခဲ့ရင္လည္း လက္ေဝွ႔ပြဲကိုၾကည့္ေနရသလုိ ေန႔စဥ္ထသတ္မွာအမွန္ပါပဲ။ အက် င့္ေတြကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။ တစ္ေယာက္ျပင္းလာရင္ က်န္တဲ့တစ္ေယာက္ ကလည္း အေလွ်ာ့ေပးမွာမဟုတ္ဘူး။ဒါေတာင္မွ သင္တို႔မွာသံုးပြင့္ဆုိင္မရွိေသးဘူးေနာ္။ တစ္ေန႔က်ရင္ သူကခဏေဝးေဝးေလာက္ ေနၾကည့္ၾကရေအာင္ လို႔ေျပာလာခဲ့ရင္သင္သူ႔ကိုနားလည္ေပးလိုက္ပါ။ သူက သင့္ကိုမခ်စ္တာမဟုတ္ပါဘူး။တစ္ေယာက္ကိုတစ္ေယာက္ နားလည္ႏုိင္တဲ့အခ်ိိန္တစ္ခုေလာက္ေတာ့ ထားေပးလုိက္ၾကေပါ့ေနာ့

= ၃
(၃) ရတဲ့သူက Yahoo! ေနာက္ဆံုးေတာ့လည္း သင္က အစစ္အမွန္ကိုေတြ႕တာပဲေလ။ သင္တို႔ႏွစ္ေယာက္ ရဲ႕ေတြ႕ဆံုျခင္းဟာ ေရစက္လို႔ေခၚလို႔ရတယ္။ ဘာပဲျဖစ္ျဖစ္တူညီေနတာပဲ။ အက်င့္၊ အႀကိဳက္၊ညစ္ပတ္ျခင္း ၊ ေပါျခင္း၊ အ႐ူးထျခင္းေတြေပါ့။ ဒါေၾကာင့္ သူ႔ကိုေတြ႕တဲ့အခ်ိန္ဆို ကိုယ့္ကိုယ္ကိုမွန္ၾကည့္ေနရသလိုပဲ။ သင္တို႔အခ်စ္ဟာ ဘာအရသာမွမရွိေပမယ့္ ခုိင္ၿမဲမႈရွိတာေတာ့အမွန္ပဲေလ။ ၾကည့္လုိက္တာနဲ႔ႏွလံုးသားထိျ မင္ရတယ္ဆိုတာေပါ့။ အဲ..တစ္ခုေတာ့ရွိတယ္။ သင္သတိထားရမွာက ကိုယ့္စိတ္ကိုယ္ပဲ၊ သင့္အတြက္သူ ဟာ ၿငီးေငြ႕စရာေကာင္းေနတယ္။ ဒါေၾကာင့္သင္ဟာ ဒီထက္ပိုေကာင္းတဲ့အခ်စ္ေတြကိုရွာေဖြေနတယ္ ။ ေနာက္ဆံုးေတာ့လည္း ဘယ္လူမွ သင့္ရဲ႕အခုလုိအရသာမရွိတဲ့ ေပါရႊတ္ရႊတ္လူထက္ ပိုၿပီးေကာင္းမွာ မဟုတ္ဘူးဆိုတာသင္သိလိမ့္မယ္။ မသိႏိုင္ဘူးေလ။ အဲဒီအခ်ိန္ ေရာက္ခဲ့ရင္ ေႏွာင္းခ်င္လည္းေႏွာင္း သြားမွာေပါ့။

Rj9sq7j8pchryxnzwl8c

= ၄
(၄) ရတဲ့သူက သင္နဲ႔သူ႔ရဲ႕အခ်စ္ဟာ ေစးကပ္ကပ္ႀကီးလိုျဖစ္ေနတယ္။ ဘယ္လို ခြာခြာ ခြာလို႔မရတဲ့ပံုစံ၊ ဘဝကိုဘယ္လိုျဖတ္သန္းရမွန္းမသိတဲ့ ပုံစံနဲ႔တူေနတယ္။ သင္ကလည္း အိေႁႏၵရွင္ပီသစြာနဲ႔ သူ႔ကိုခ်စ္တယ္ လို႔ ဖြင့္ေျပာဖို႔မရဲဘူးျဖစ္ေနတယ္။ ဒါေၾကာင့္ ဟိုဖက္ကိုလည္းမသြား၊ ဒီဖက္ကိုလည္း မေရာက္ျဖစ္ေနတာေ ပါ့။ အေကာင္းဆံုးကေတာ့ သင္တို႔ႏွစ္ေယာက္ေခါင္းခ်င္း ဆုိင္ၿပီး ျပႆနာကိုတူတူေျဖရွင္းၾကတာအေ ကာင္းဆံုးပဲေလ။ မဟုတ္ရင္ေတာ့ သင္တို႔ထဲကတစ္ေယာက္မဟုတ္တစ္ေယာက္ဟာ အသစ္ေတြ႕ၿပီး သင္တို႔ရဲ႕ဇာတ္လမ္းေလးက ဇာတ္သိမ္းသြားလိမ့္မယ္ေနာ္။

= ၅
(၅) ရတဲ့သူက သင္နဲ႔သူ႔ရဲ႕အခ်စ္က ေသြးရဲရဲသံရဲရဲအခ်စ္ေပါ့။ဘာဂိုဏ္းညာဂိုဏ္းေတြ မာဖီးယားဂိုဏ္းေ တြလုိက္ရင္းအသက္လုၿပီးျဖစ္ေပၚလာတဲ့အခ်စ္စစ္။
သင္တို႔အခ်စ္လမ္းေၾကာင္းမွာဘယ္ေလာက္ပဲအႏၲရာယ္ရွိေပမယ့္ သင္တို႔ကတစ္ေယာက္နဲ႔တစ္ေယာက္ကိုနားလည္ၿပီး ႏွလံုးသားအစစ္နဲ႔အမွန္ခ်စ္တာျဖစ္တယ္။သင္တို႔ႏွစ္ေယာက္က ခုခ်ိန္မွာခ်စ္သူအဆင့္ေတြမဟုတ္ေတာ့ပါဘူး။ ႏွစ္လႊာေပါင္းမွတစ္ရြက္ဆိုၿပီးျဖစ္ေနၾကပါၿပီ။အသက္ေပးၿပီးခ်စ္ၾကတဲ့ သူေတြအဆင့္ ေရာက္ေနၾကပါၿပီ။ သင္ဟာသူ႔ရဲ႕ေနာက္ဆံုးအခ်စ္မဟုတ္ဘူးလို႔ မယံုသကၤာမျဖစပါနဲ႔။ ဘာလို႔လဲဆိုေတာ့ သူဟာယံုၾကည္ေနပါၿပီ။ သင္ဟာ ဘုရားကေပးလာတဲ့ ဖူးစာရွင္အစစ္လို႔....။

= ၆
(၆) ရတဲ့သူက ခုခ်ိန္ေတြမွာ ဘာစားစားသၾကားထည့္ဖု႔ိေတာငမလိုပါဘူး။ ဘာလို႔လဲဆိုေတာ့ သင္တို႔အ ခ်စ္ရဲ႕ခ်ိဳၿမိန္ျခင္းက သၾကားရဲ႕အခ်ိဳဓာတ္ကိုေတာင္ဝါးၿမိဳသြားလုိ႔ျဖစ္တယ္။ ဒါေပမယ့္လည္း ဒီေပ်ာရႊင္မႈဟာ မျပည့္စံုေသးဘူးလို႔သင္ခံစားရမယ္။ ေရေျမာင္းပုပ္မွာ လရိပကိုျမင္ရသလိုေပါ့။ သင္ဟာ သင့္ခ်စ္သူနဲ႔ဒီလိုအမွတ္တရအခ်ိန္ေလးေတြကိုဘယ္ေလာက္ၾကာၾကာခံစားရဦးမလဲဆိုတာ မေသခ်ာေသးဘူး။သို႔ေပ မယ့္လည္း သင္ဟာ ခုခ်ိန္မွာအရမ္းေပ်ာ္ေနတယ္လို႔ေတာ့ ေျပာႏုိင္တယ္ေလ။ အကယ္လို႔ သူ႔ျပႆနာ တစ္ခုခုရွိၿပီး သင့္ကိုမသိေစခ်င္ရင္လည္း သင္က ဘာမွမသိသလိုေနမွာအေသအခ်ာပဲ။ သင္ဟာသူ႔ရဲ႕ေ နာက္ဆံုးအခ်စ္ျဖစ္ၿပီလားလို႔ေမးရရင္ေတာ့ သင့္ရဲ႕အစြမ္းအစေပၚမွာမူတည္ပါတယ္။ ၿပီးေတာ့ သူ႔ရဲ႕ခိုင္မာမႈ နဲ႔လည္းဆုိင္တယ္ေလ။ သူ႔ရဲ႕ျပႆနာကိုေျဖရွင္းႏုိင္ရဲ႕လားဆိုတာ.

Z9rvnrbngt58sna7qh2c

= ၇
(၇) ရတဲ့သူက ဒီတစ္ေယာက္ကသင့္ကိုအျမင္ရွင္းသြားေအာင္လုပ္ေပးႏုိင္စြမ္းရွိတယ္။ အနိမ့္စား လူ တစ္ေယာက္ကဘယ္လိုလဲဆိုတာေပါ့၊ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီသူနဲ႔အတူပါလာတာက တစ္ကိုယ္ေကာင္း ဆန္စိတ္၊ ကိုယ့္ကိုယ္ကိုအထင္ႀကီးမႈ၊ အမ်ားႀကီး အမ်ားႀကီးေပါ့။ သင့္ကိုတစ္ခုခုကူညီလုိက္ရင္ ေက်းဇူး အတင္ခံခ်င္တာကအရင္ေပါ့။ေက်းဇူးမေမ့နဲ႔၊ ေက်းဇူးမေမ့နဲ႔ဆိုတာ သူ႔ပါးစပ္ကေျပာလာတဲ့စကားေတြေပါ့ ။ေပြလည္းေပြတယ္။ ကပ္ေစးလည္းနဲတယ္။ ဆိုးေသာအရသာမ်ိဳးစံုနဲ႔ျပည့္စံုေနတဲ့သူေပါ့။ သင္နဲ႔ရည္းစား လာျဖစ္တာကလည္း အေထြအထူးမဟုတ္ပါဘူး။super casanova ဆိုတဲ့ ဂုဏ္ထူးႀကီးေၾကာင့္ပဲျဖစ္တယ္။ သင္ဟာ ႐ုပ္မရွိရင္အဲဒီတစ္ေယာက္က သင့္ကိုမ်က္ေစာင္းေလးေတာင္ ထုိးၾကည့္မွာမဟုတ္ဘူး။ ၿပီးေတာ့ သင္မသိေသးတဲ့ သူ႔ရဲ႕အတြဲေပါင္းမ်ားစြာကိုလည္း ဂိုေဒါင္ႀကီးထဲထည့္ထားရတဲ့အထိ၊ ဒါေၾကာင့္ သူ႔ရဲ႕ေ နာက္ဆံုးအခ်စ္ျဖစ္ခြင့္ကေတာ့ လံုးဝမေမွ်ာ္လင့္ေနပါနဲ႔ေတာ့ေနာ္။

= ၈
(၈) ရတဲ့သူက သူ႔ရဲကေနာက္ဆံုးအခ်စ္ျဖစ္ဖို႔အခြင့္အေရးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင္တို႔အခ်စ္ဟာ ၾကာၿပီး အားလံုးေနရာက်ေနၿပီေလ။ တစ္ေယာက္အေၾကာင္းကိုတစ္ေယာက္သိေနၿပီေလ။ ဒါေၾကာင့္ အတူေနတဲ့အခ်ိန္ဆို စိတ္ခ်မ္းသာရတယ္။ အဲဒီစိတ္ခ်မ္းသာတာကခ်ိဳတာေတြ romatic တာေတြ မရွိတဲ့ ခံစားခ်က္၊ သဝန္္တုိျခင္း၊ လိုခ်င္တပ္မက္မႈမရွိတဲ့အခ်စ္ျဖစ္ေနပါတယ္။ ဒါေၾကာင့္ သင္တို႔အခ်စ္က သၾကားျပတ္သြားတဲ့အခ်စ္နဲ႔တူတယ္ေလ။ သင္တို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္သိၾကမွာပါ။ တစ္ေယာက္အေပၚတစ္ေယာက္ဘယ္ေလာက္နားလည္ႏုိင္စြမ္းရွိတယ္ဆိုတာ သူ႔အျပင္သင့္အေပၚမွာေ နာက္ထပ္နားလည္ႏုိင္မယ့္သူလည္း ရွာလို႔ေတြ႕ေတာ့မွာမဟုတ္ေတာ့ဘူးေလ

= ၉
(၉) ရတဲ့သူက အား႐ုိး႐ုိး...သင္တို႔အခ်စ္ကိုႏိႈင္းရရင္ေတာ့နံနက္ေနထြက္ခ်ိန္နဲ႔ ညေနေနဝင္ခ်ိန္၊ ေကာင္း ကင္နဲ႔ေျမႀကီး၊သူခ်မ္းသာနဲ႔သူဆင္းရဲ႕၊ နတ္ပန္းနဲ႔ ငရဲပန္း စတာေတြေပါ့။ ဒါေၾကာင့္ သင္တို႔အခ်စ္ကို သင္တို႔ကိုယ္တုိင္ေတာင္နားမလည္ႏုိင္ပဲျဖစ္ေနရတယ္။ေနာက္ထပ္ ဘာထူးဆန္းစရာေတြ ထပ္လာဦးမလဲဆိုၿပီးေတာ့ သင္တို႔ႏွစ္ေယာက္ရဲ႕အခ်စ္အေၾကာင္းဟာ ဟာသတစ္ပုဒ္လိုပဲျဖစ္ေနတယ္။ သင္တို႔ႏွစ္ဦးကလည္းသိေနတယ္ေလ။ ၾကာရွည္လက္တြဲလို႔မရဘူးဆိုတာေပါ့။ ခဏတစ္ျဖဳတ္ေလးလက္တြဲ တာကလည္း ကိုယ့္ဘဝမွာရယ္စရာအမွတ္တရအျဖစ္ထားခဲ့ခ်င္လို႔ပဲျဖစ္တယ္။ သင္တို႔ႏွစ္ဦးဟာအလြန္ျ ခားနားလြန္းလို႔ တူတူသြားလို႔မရဘူးဆိုၿပီးေတာ့ေပါ့။ သင္တို႔ႏွစ္ဦးလမ္းခြဲသြားခဲ့ရင္လည္း သူငယ္ခ်င္းေ ကာင္းေတြဆက္ျဖစ္ဦးမွာပါ။

အေပၚမွာ တြက္ခ်က္တဲ့ ပုံစံအတုိင္းဆုိရင္ နံပါတ္ ၈ ဂဏန္း ရဲ႕ အက်ဳိးဆက္ကုိ ၾကည့္ရႈလုိက္ရုံပါပဲ ..။
ဒီေနရာမွာ တစ္ခု ေျပာခ်င္တာကတခ်ဳီ႔ကိစၥေတြကုိ ဥပါဒါန္ေၾကာင့္ ဥပါဒ္ မျဖစ္ေစခ်င္တာပါပဲ ..။


Credit:ေရႊအုိး (မုိမုိေလး)


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

န်းကလေး ပဲ ဖြစ်ဖြစ် ၊ ယောကျ်ားလေး ပဲ ဖြစ်ဖြစ် ..ကိုယ်နဲ့ နဖူးစာ ပါ၊ မပါ တွက်ကြည့်လို့ရပါတယ်။

ဒီနည်းလမ်းလေး ဟာ နာမည်ကျော် ဗေဒင် ဆရာ စံဇာဏီဘို ရဲ့ တွက်ချက်နည်း ၊ နည်းလမ်းလေး နဲ့ အကျိုးဆက်ကို ရယူထားတာ ဖြစ်ပါတယ်။

သူ ရဲ့ မွေးနေ့သက္ကရာဇ်အားလုံးပေါင်းကြည့် ၊
နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးက အဖြေဖြစ်ပါတယ်။
.
ဥပမာ
.
သင်က 23.4.1991
သင့်ချစ်သူက 14.7.1992
.
သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ
.
23 + 4 + 1991 + 14 + 7 + 1992 =4031
မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ
.
4 + 0 + 3 + 1 = 8
.
အဖြေက 8 ပေါ့။
Jfoytbxtk9dyo8qxd3bv

= ၁
(၁) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့် သူ့အတွက်ကတော့ ရည်းစားဟောင်းကပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့ Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ။ သင်နဲ့အ တူနေတဲ့အချိန်မှာ သူဟာပျော်ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့သူ့အကျင့်က သင့်ထက်သာမယ့်သူကို အမြဲတမ်းရှာဖွေနေလို့ ပဲဖြစ်တယ်။ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဟာ မျောက်တစ်ကောင် သစ်ပင်ပေါ်ကြ ပုတ်ကျတာနဲ့ အတူတူလိုဖြစ်နေတာပါ။ နောင် Bus ကားအသစ်ဟာသူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါ တည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို သင့်ကိုဘယ်လိုဖြစ်ပြီး ကျန်ခဲ့မှာလဲဆိုပြီး ခေါင်းပြန်ေ စာင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး။

= ၂
(၂) ရတဲ့သူကတော့ သင်နဲ့သူဟာ ချစ်တော့ချစ်ကြပါတယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ ချစ်ခြင်းဖြစ်တယ်။တူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ။ အကျ င့်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက် ကလည်း အလျှော့ပေးမှာမဟုတ်ဘူး။ဒါတောင်မှ သင်တို့မှာသုံးပွင့်ဆိုင်မရှိသေးဘူးနော်။ တစ်နေ့ကျရင် သူကခဏဝေးဝေးလောက် နေကြည့်ကြရအောင် လို့ပြောလာခဲ့ရင်သင်သူ့ကိုနားလည်ပေးလိုက်ပါ။ သူက သင့်ကိုမချစ်တာမဟုတ်ပါဘူး။တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်တဲ့အချိန်တစ်ခုလောက်တော့ ထားပေးလိုက်ကြပေါ့နော့

= ၃
(၃) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်း သင်က အစစ်အမှန်ကိုတွေ့တာပဲလေ။ သင်တို့နှစ်ယောက် ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ်တူညီနေတာပဲ။ အကျင့်၊ အကြိုက်၊ညစ်ပတ်ခြင်း ၊ ပေါခြင်း၊ အရူးထခြင်းတွေပေါ့။ ဒါကြောင့် သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ။ သင်တို့အချစ်ဟာ ဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ။ ကြည့်လိုက်တာနဲ့နှလုံးသားထိြ မင်ရတယ်ဆိုတာပေါ့။ အဲ..တစ်ခုတော့ရှိတယ်။ သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ၊ သင့်အတွက်သူ ဟာ ငြီးငွေ့စရာကောင်းနေတယ်။ ဒါကြောင့်သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ် ။ နောက်ဆုံးတော့လည်း ဘယ်လူမှ သင့်ရဲ့အခုလိုအရသာမရှိတဲ့ ပေါရွှတ်ရွှတ်လူထက် ပိုပြီးကောင်းမှာ မဟုတ်ဘူးဆိုတာသင်သိလိမ့်မယ်။ မသိနိုင်ဘူးလေ။ အဲဒီအချိန် ရောက်ခဲ့ရင် နှောင်းချင်လည်းနှောင်း သွားမှာပေါ့။

Rj9sq7j8pchryxnzwl8c

= ၄
(၄) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ်။ ဘယ်လို ခွာခွာ ခွာလို့မရတဲ့ပုံစံ၊ ဘဝကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ ပုံစံနဲ့တူနေတယ်။ သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့ သူ့ကိုချစ်တယ် လို့ ဖွင့်ပြောဖို့မရဲဘူးဖြစ်နေတယ်။ ဒါကြောင့် ဟိုဖက်ကိုလည်းမသွား၊ ဒီဖက်ကိုလည်း မရောက်ဖြစ်နေတာေ ပါ့။ အကောင်းဆုံးကတော့ သင်တို့နှစ်ယောက်ခေါင်းချင်း ဆိုင်ပြီး ပြဿနာကိုတူတူဖြေရှင်းကြတာအေ ကာင်းဆုံးပဲလေ။ မဟုတ်ရင်တော့ သင်တို့ထဲကတစ်ယောက်မဟုတ်တစ်ယောက်ဟာ အသစ်တွေ့ပြီး သင်တို့ရဲ့ဇာတ်လမ်းလေးက ဇာတ်သိမ်းသွားလိမ့်မယ်နော်။

= ၅
(၅) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့။ဘာဂိုဏ်းညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းေ တွလိုက်ရင်းအသက်လုပြီးဖြစ်ပေါ်လာတဲ့အချစ်စစ်။
သင်တို့အချစ်လမ်းကြောင်းမှာဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့ကတစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်နဲ့အမှန်ချစ်တာဖြစ်တယ်။သင်တို့နှစ်ယောက်က ခုချိန်မှာချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး။ နှစ်လွှာပေါင်းမှတစ်ရွက်ဆိုပြီးဖြစ်နေကြပါပြီ။အသက်ပေးပြီးချစ်ကြတဲ့ သူတွေအဆင့် ရောက်နေကြပါပြီ။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံသင်္ကာမဖြစပါနဲ့။ ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ။ သင်ဟာ ဘုရားကပေးလာတဲ့ ဖူးစာရှင်အစစ်လို့....။

= ၆
(၆) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစားသကြားထည့်ဖု့ိတောငမလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်တို့အ ချစ်ရဲ့ချိုမြိန်ခြင်းက သကြားရဲ့အချိုဓာတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီပျောရွှင်မှုဟာ မပြည့်စုံသေးဘူးလို့သင်ခံစားရမယ်။ ရေမြောင်းပုပ်မှာ လရိပကိုမြင်ရသလိုပေါ့။ သင်ဟာ သင့်ချစ်သူနဲ့ဒီလိုအမှတ်တရအချိန်လေးတွေကိုဘယ်လောက်ကြာကြာခံစားရဦးမလဲဆိုတာ မသေချာသေးဘူး။သို့ပေ မယ့်လည်း သင်ဟာ ခုချိန်မှာအရမ်းပျော်နေတယ်လို့တော့ ပြောနိုင်တယ်လေ။ အကယ်လို့ သူ့ပြဿနာ တစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က ဘာမှမသိသလိုနေမှာအသေအချာပဲ။ သင်ဟာသူ့ရဲ့ေ နာက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့ သင့်ရဲ့အစွမ်းအစပေါ်မှာမူတည်ပါတယ်။ ပြီးတော့ သူ့ရဲ့ခိုင်မာမှု နဲ့လည်းဆိုင်တယ်လေ။ သူ့ရဲ့ပြဿနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ.

Z9rvnrbngt58sna7qh2c

= ၇
(၇) ရတဲ့သူက ဒီတစ်ယောက်ကသင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ အနိမ့်စား လူ တစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့၊ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်း ဆန်စိတ်၊ ကိုယ့်ကိုယ်ကိုအထင်ကြီးမှု၊ အများကြီး အများကြီးပေါ့။ သင့်ကိုတစ်ခုခုကူညီလိုက်ရင် ကျေးဇူး အတင်ခံချင်တာကအရင်ပေါ့။ကျေးဇူးမမေ့နဲ့၊ ကျေးဇူးမမေ့နဲ့ဆိုတာ သူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့ ။ပွေလည်းပွေတယ်။ ကပ်စေးလည်းနဲတယ်။ ဆိုးသောအရသာမျိုးစုံနဲ့ပြည့်စုံနေတဲ့သူပေါ့။ သင်နဲ့ရည်းစား လာဖြစ်တာကလည်း အထွေအထူးမဟုတ်ပါဘူး။super casanova ဆိုတဲ့ ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်။ သင်ဟာ ရုပ်မရှိရင်အဲဒီတစ်ယောက်က သင့်ကိုမျက်စောင်းလေးတောင် ထိုးကြည့်မှာမဟုတ်ဘူး။ ပြီးတော့ သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့အထိ၊ ဒါကြောင့် သူ့ရဲ့ေ နာက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော်။

= ၈
(၈) ရတဲ့သူက သူ့ရဲကနောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင်တို့အချစ်ဟာ ကြာပြီး အားလုံးနေရာကျနေပြီလေ။ တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ။ ဒါကြောင့် အတူနေတဲ့အချိန်ဆို စိတ်ချမ်းသာရတယ်။ အဲဒီစိတ်ချမ်းသာတာကချိုတာတွေ romatic တာတွေ မရှိတဲ့ ခံစားချက်၊ သဝန်တိုခြင်း၊ လိုချင်တပ်မက်မှုမရှိတဲ့အချစ်ဖြစ်နေပါတယ်။ ဒါကြောင့် သင်တို့အချစ်က သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ။ သင်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ။ တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက်နားလည်နိုင်စွမ်းရှိတယ်ဆိုတာ သူ့အပြင်သင့်အပေါ်မှာေ နာက်ထပ်နားလည်နိုင်မယ့်သူလည်း ရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ

= ၉
(၉) ရတဲ့သူက အားရိုးရိုး...သင်တို့အချစ်ကိုနှိုင်းရရင်တော့နံနက်နေထွက်ချိန်နဲ့ ညနေနေဝင်ချိန်၊ ကောင်း ကင်နဲ့မြေကြီး၊သူချမ်းသာနဲ့သူဆင်းရဲ့၊ နတ်ပန်းနဲ့ ငရဲပန်း စတာတွေပေါ့။ ဒါကြောင့် သင်တို့အချစ်ကို သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲဖြစ်နေရတယ်။နောက်ထပ် ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ်။ သင်တို့နှစ်ဦးကလည်းသိနေတယ်လေ။ ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့။ ခဏတစ်ဖြုတ်လေးလက်တွဲ တာကလည်း ကိုယ့်ဘဝမှာရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်တယ်။ သင်တို့နှစ်ဦးဟာအလွန်ြ ခားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့။ သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်လည်း သူငယ်ချင်းေ ကာင်းတွေဆက်ဖြစ်ဦးမှာပါ။

အပေါ်မှာ တွက်ချက်တဲ့ ပုံစံအတိုင်းဆိုရင် နံပါတ် ၈ ဂဏန်း ရဲ့ အကျိုးဆက်ကို ကြည့်ရှုလိုက်ရုံပါပဲ ..။
ဒီနေရာမှာ တစ်ခု ပြောချင်တာကတချီု့ကိစ္စတွေကို ဥပါဒါန်ကြောင့် ဥပါဒ် မဖြစ်စေချင်တာပါပဲ ..။


Credit:ရွှေအိုး (မိုမိုလေး)




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top