လူအမ်ားစုက ၾကက္အေရခြံစားရင္ ကိုလက္စထေရာပမာဏမ်ားေစတယ္၊ ေသြးေပါင္တက္ေစတယ္၊ ေနာက္ျပီးႏွလုံးေရာဂါ ျဖစ္ေစႏုိင္တယ္လို႔ ထင္ၾကပါတယ္။ ဒါက လုံးဝမွားပါတယ္လို႔ ဟားဗတ္တကၠသိုလ္က က်န္းမာေရးပညာရွင္ေတြက ဆိုလိုက္ပါတယ္။ ၾကက္အေရခြံ႔ကို မွ်တစြာစားသုံးျခင္းက အႏၱရာယ္ မျဖစ္ေစတဲ့အျပင္ က်န္းမာေရးအတြက္ ေကာင္းက်ဳိးေတြေတာင္ ရေစႏုိင္တဲ့အတြက္ ၾကက္သားစားတဲ့အခါ အေရခြံကို မဖယ္သင့္ဘူးလို႔ သုေတသီေတြက ေျပာပါတယ္။
ၾကက္အေရခြံမွာ ႏွလုံးအတြက္လုိအပ္တဲ့ မျပည့္ဝတဲ့အဆီနဲ႔ ထပ္တူတူညီတဲ့အဆီဓာတ္တစ္မ်ဳိးပါတာေၾကာင့္ ႏွလုံးကိုေကာင္းက်ဳိးျပဳပါတယ္။ ေသြးေပါင္ခ်ိန္ကို က်ေစႏုိင္ျပီး ကုိလက္စထေရာပမာဏကိုလည္း ထိန္းေပးႏုိင္ပါတယ္။ ျပီးေတာ့ ေဟာ္မုန္းပမာဏကိုလည္း ညီမွ်ေစပါတယ္။ ၾကက္အေရခြံက ကယ္လိုရီလည္း အမ်ားၾကီးမပါဝင္တဲ့အတြက္ ဝိတ္တက္မွာကိုလည္း ပူစရာမလိုပါဘူး။
ေနာက္တစ္ခ်က္က ဆားအလြန္အကၽြံစားသုံးျခင္းက က်န္းမာေရးအတြက္ အႏၱရာယ္ေပးႏုိင္တယ္လုိ႔ သိထားၾကပါတယ္။ ၾကက္အေရခြံရဲ႕အရသာက ထူးျခားတဲ့အတြက္ ၾကက္အေရခြံကုိ စားတဲ့အခါမွာ ဆားနဲ႔ ဟင္းခတ္မႈန္႔သုံးစရာမလိုဘဲ အရသာရွိေစတာေၾကာင့္ ေဘးထြက္ဆုိးက်ဳိးနည္းေစႏုိင္ပါတယ္။ ၾကက္သားခ်က္တဲ့အခါ အေရခြံကို မစားဘူးဆုိရင္ေတာင္ အေရခြံနဲ႔ တြဲခ်က္ရင္ ဆီစုပ္ယူမႈမရွိေစတာေၾကာင့္ က်န္းမာေရးအတြက္ ပိုေကာင္းေစပါတယ္။ သူ႔အေရျပားက အနားသားတစ္ခုလိုျဖစ္ေစျပီး အစိုဓာတ္ကိုလည္း ထိန္းေပးတာေၾကာင့္ အဆီသိပ္မစုပ္တာျဖစ္ပါတယ္။
ဒါေပမဲ့ သတိထားရမွာတစ္ခုကေတာ့ ၾကက္အေရခြံ႔ကို သင့္တင့္သေလာက္သာစားျပီး အလြန္အကၽြံ မျဖစ္ေစဖို႔ပါပဲ။ သူ႔မွာ အက်ဳိးျပဳ အုိမီဂါ ၃ အဆီထက္ အိုမီဂါ ၆ အဆီက ပိုျပီးပါဝင္တာေၾကာင့္ အမ်ားအျပား စားသုံးမိရင္ က်န္းမာေရးနဲ႔ မညီညြတ္တဲ့အဆီဓာတ္အခ်ိဳးကို ျဖစ္ေစျပီး ခႏၶာကိုယ္မွာ ေယာင္ရမ္းျခင္းကို ျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္ အလြန္အကၽြံမျဖစ္ေစဖို႔ အေရးၾကီးပါတယ္။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : trend myanmar
#Unicode Version
လူအများစုက ကြက်အရေခွံစားရင် ကိုလက်စထရောပမာဏများစေတယ်၊ သွေးပေါင်တက်စေတယ်၊ နောက်ပြီးနှလုံးရောဂါ ဖြစ်စေနိုင်တယ်လို့ ထင်ကြပါတယ်။ ဒါက လုံးဝမှားပါတယ်လို့ ဟားဗတ်တက္ကသိုလ်က ကျန်းမာရေးပညာရှင်တွေက ဆိုလိုက်ပါတယ်။ ကြက်အရေခွံ့ကို မျှတစွာစားသုံးခြင်းက အန္တရာယ် မဖြစ်စေတဲ့အပြင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေတောင် ရစေနိုင်တဲ့အတွက် ကြက်သားစားတဲ့အခါ အရေခွံကို မဖယ်သင့်ဘူးလို့ သုတေသီတွေက ပြောပါတယ်။
ကြက်အရေခွံမှာ နှလုံးအတွက်လိုအပ်တဲ့ မပြည့်ဝတဲ့အဆီနဲ့ ထပ်တူတူညီတဲ့အဆီဓာတ်တစ်မျိုးပါတာကြောင့် နှလုံးကိုကောင်းကျိုးပြုပါတယ်။ သွေးပေါင်ချိန်ကို ကျစေနိုင်ပြီး ကိုလက်စထရောပမာဏကိုလည်း ထိန်းပေးနိုင်ပါတယ်။ ပြီးတော့ ဟော်မုန်းပမာဏကိုလည်း ညီမျှစေပါတယ်။ ကြက်အရေခွံက ကယ်လိုရီလည်း အများကြီးမပါဝင်တဲ့အတွက် ဝိတ်တက်မှာကိုလည်း ပူစရာမလိုပါဘူး။
နောက်တစ်ချက်က ဆားအလွန်အကျွံစားသုံးခြင်းက ကျန်းမာရေးအတွက် အန္တရာယ်ပေးနိုင်တယ်လို့ သိထားကြပါတယ်။ ကြက်အရေခွံရဲ့အရသာက ထူးခြားတဲ့အတွက် ကြက်အရေခွံကို စားတဲ့အခါမှာ ဆားနဲ့ ဟင်းခတ်မှုန့်သုံးစရာမလိုဘဲ အရသာရှိစေတာကြောင့် ဘေးထွက်ဆိုးကျိုးနည်းစေနိုင်ပါတယ်။ ကြက်သားချက်တဲ့အခါ အရေခွံကို မစားဘူးဆိုရင်တောင် အရေခွံနဲ့ တွဲချက်ရင် ဆီစုပ်ယူမှုမရှိစေတာကြောင့် ကျန်းမာရေးအတွက် ပိုကောင်းစေပါတယ်။ သူ့အရေပြားက အနားသားတစ်ခုလိုဖြစ်စေပြီး အစိုဓာတ်ကိုလည်း ထိန်းပေးတာကြောင့် အဆီသိပ်မစုပ်တာဖြစ်ပါတယ်။
ဒါပေမဲ့ သတိထားရမှာတစ်ခုကတော့ ကြက်အရေခွံ့ကို သင့်တင့်သလောက်သာစားပြီး အလွန်အကျွံ မဖြစ်စေဖို့ပါပဲ။ သူ့မှာ အကျိုးပြု အိုမီဂါ ၃ အဆီထက် အိုမီဂါ ၆ အဆီက ပိုပြီးပါဝင်တာကြောင့် အများအပြား စားသုံးမိရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီဓာတ်အချိုးကို ဖြစ်စေပြီး ခန္ဓာကိုယ်မှာ ယောင်ရမ်းခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အလွန်အကျွံမဖြစ်စေဖို့ အရေးကြီးပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : trend myanmar
Home
»
က်န္းမာေရး
»
စားေသာက္ဖြယ္
»
ဗဟုသုတ
» ၾကက္အေရခြံေတြက က်န္းမာေရးအတြက္ ေကာင္းက်ဳိးျပဳႏုိင္တယ္လို႔ ဆရာဝန္မ်ားကဆုိ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။