iMyanmarHouse.com - Best Property Website for Myanmar
×

Android စမတ္ဖုန္းနဲ႔ တက္ဘလက္ေတြမွာ ဘုံတူညီတဲ့ အခ်က္တခ်ဳိ႕ရိွျပီး ပါဝါခလုတ္ (power button) နဲ႔ အသံအတုိး/ေလ်ာ့ (volume buttons) ခလုတ္ေတြက တူညီတဲ့အထဲမွာ ပါဝင္ပါတယ္။ ထင္ရွားတဲ့လုပ္ေဆာင္ခ်က္ေတြအျပင္ ေနာက္ထပ္ ဘယ္လုိ အသုံးျပဳႏုိင္ေသးလဲ ၾကည့္ၾကရေအာင္။

၁။ လက္မခံလုိတဲ့ ဖုန္းေခၚဆုိမႈ လ်စ္လ်ဳိရွဴရန္

တကယ္လုိ႔ အဝင္ဖုန္းေခၚဆုိမႈ (incoming call) လက္မခံႏုိင္ရင္ သုိ႔မဟုတ္ မကိုင္ခ်င္ရင္ ဖုန္းျမည္သံဆုံးတဲ့အထိ ေစာင့္စရာ မလုိပါဘူး။ အသံအတုိး/ေလ်ာ့ခလုတ္ (volume button) ေအာက္ဘက္ကို တစ္ခ်က္ဖိျပီး ဖုန္းသံတိတ္ေအာင္ ထိန္းသိမ္းႏုိင္ပါတယ္။

၂။ စခရင္ဓာတ္ပုံရုိက္ရန္

လက္ရိွဖြင့္ထားတဲ့ ဖုန္းစခရင္ကို တစ္ေယာက္ေယာက္ဆီ ရွယ္ဖုိ႔ ဓာတ္ပုံရုိက္ခ်င္ပါသလား။ လုိုခ်င္တဲ့ စခရင္ေနရာ အတိအက်ခ်ိန္ုျပီး ပါဝါခလတ္နဲ႔ အသံအတုိး/ေလ်ာ့ခလုတ္ေအာက္ဘက္ (Power+Volume Down button) ကို တစ္ခ်က္တည္း တြဲႏိွပ္ရပါမယ္။ Gallery ထဲမွာ စခရင္ေရွာ့(Screenshot) ေတြ ေတြ႔ရမွာ ျဖစ္ပါတယ္။

မွတ္ခ်က္ - ပါဝါခလုတ္ (Power) သုိ႔မဟုတ္ အသံအတုိး/ေလ်ာ့ခလုတ္ေအာက္ဘက္ (Volume Down button) တစ္ခုခုကို ေစာႏွိပ္မိပါက ဖန္သားျပင္ပိတ္သြားတာ သို႔မဟုတ္ ဖုန္းျမည္သံ တုိးသြားတာေတြ ျဖစ္ပါလိမ့္မယ္။

၃။ ဖုန္း restart လုပ္ရန္

ဖုန္းတစ္ခုခုျဖစ္တဲ့အခါ restart လုပ္တာက ပုံမွန္အေနအထား ျပန္ေရာက္ေစေလ့ရိွပါတယ္။ ၾကက္ေသ ေသ ေၾကာင္ေနတဲ့ဖုန္းကို မျဖစ္မေန restart လုပ္ဖုိ႔ လုိေကာင္းလုိႏုိင္ပါတယ္။ ဒီလုိလုပ္ဖုိ႔အတြက္ ပါဝါနဲ႔ အသံအတုိး/ေလ်ာ့ခလုတ္အေပၚဘက္ (Power+Volume Up buttons) အတူတူတြဲႏွိပ္ျပီး ဖုန္းကို ပိတ္ (shut down) ခ်ရပါမယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Android စမတ်ဖုန်းနဲ့ တက်ဘလက်တွေမှာ ဘုံတူညီတဲ့ အချက်တချို့ရှိပြီး ပါဝါခလုတ် (power button) နဲ့ အသံအတိုး/လျော့ (volume buttons) ခလုတ်တွေက တူညီတဲ့အထဲမှာ ပါဝင်ပါတယ်။ ထင်ရှားတဲ့လုပ်ဆောင်ချက်တွေအပြင် နောက်ထပ် ဘယ်လို အသုံးပြုနိုင်သေးလဲ ကြည့်ကြရအောင်။

၁။ လက်မခံလိုတဲ့ ဖုန်းခေါ်ဆိုမှု လျစ်လျိုရှူရန်

တကယ်လို့ အဝင်ဖုန်းခေါ်ဆိုမှု (incoming call) လက်မခံနိုင်ရင် သို့မဟုတ် မကိုင်ချင်ရင် ဖုန်းမြည်သံဆုံးတဲ့အထိ စောင့်စရာ မလိုပါဘူး။ အသံအတိုး/လျော့ခလုတ် (volume button) အောက်ဘက်ကို တစ်ချက်ဖိပြီး ဖုန်းသံတိတ်အောင် ထိန်းသိမ်းနိုင်ပါတယ်။

၂။ စခရင်ဓာတ်ပုံရိုက်ရန်

လက်ရှိဖွင့်ထားတဲ့ ဖုန်းစခရင်ကို တစ်ယောက်ယောက်ဆီ ရှယ်ဖို့ ဓာတ်ပုံရိုက်ချင်ပါသလား။ လိုချင်တဲ့ စခရင်နေရာ အတိအကျချိန်ုပြီး ပါဝါခလတ်နဲ့ အသံအတိုး/လျော့ခလုတ်အောက်ဘက် (Power+Volume Down button) ကို တစ်ချက်တည်း တွဲနှိပ်ရပါမယ်။ Gallery ထဲမှာ စခရင်ရှော့(Screenshot) တွေ တွေ့ရမှာ ဖြစ်ပါတယ်။

မှတ်ချက် - ပါဝါခလုတ် (Power) သို့မဟုတ် အသံအတိုး/လျော့ခလုတ်အောက်ဘက် (Volume Down button) တစ်ခုခုကို စောနှိပ်မိပါက ဖန်သားပြင်ပိတ်သွားတာ သို့မဟုတ် ဖုန်းမြည်သံ တိုးသွားတာတွေ ဖြစ်ပါလိမ့်မယ်။

၃။ ဖုန်း restart လုပ်ရန်

ဖုန်းတစ်ခုခုဖြစ်တဲ့အခါ restart လုပ်တာက ပုံမှန်အနေအထား ပြန်ရောက်စေလေ့ရှိပါတယ်။ ကြက်သေ သေ ကြောင်နေတဲ့ဖုန်းကို မဖြစ်မနေ restart လုပ်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ပါဝါနဲ့ အသံအတိုး/လျော့ခလုတ်အပေါ်ဘက် (Power+Volume Up buttons) အတူတူတွဲနှိပ်ပြီး ဖုန်းကို ပိတ် (shut down) ချရပါမယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top