iMyanmarHouse.com - Best Property Website for Myanmar
×

မနက်ပိုင်း နေမကောင်းချင်သလိုဖြစ်တာ၊ အချိုတွေ ချဉ်ခြင်းတပ်တာနဲ့ ကိုယ်ဝန်ပုံစံက ဖရဲသီးပုံစံတွေ ရှိနေရင် မိန်းကလေးမွေးမယ်ဆိုတာ ပြောလို့ရပါတယ်။ ဒါပေမဲ့ လေ့လာတွေ့ရှိမှုအသစ်တစ်ခုအရ သားလေး မွေးမလား၊ သမီးလေးမွေးမှာလားဆိုတာကို ကိုယ်ဝန်မရှိခင်ကတည်းက ကြိုပြီးသိနိုင်တယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံက သိပ္ပံပညာရှင်တွေက ကိုယ်ဝန်မဆောင်ခင် ၂၆ ပတ်ခန့်အလိုက အမျိုးသမီးရဲ့ သွေးပေါင်ချိန်ကို ကြည့်ပြီး ဘာလေးမွေးမလဲဆိုတာ ခန့်မှန်းနိုင်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ အပေါ်သွေး တက်ခြင်းက ယောက်ျားလေးမွေးနိုင်ချေရှိတာကိုပြပြီး အပေါ်သွေးကျရင် မိန်းကလေးမွေးနိုင်ချေများတာကို ပြပါတယ်လို့ ဆိုပါတယ်။

သုတေသနအဖွဲ့အနေနဲ့ လေ့လာမှုပေါင်းများစွာကို ပြုလုပ်ခဲ့ကြပြီး ယောက်ျားလေး၊ မိန်းကလေး မွေးဖွားမှုကို လွှမ်းမိုးနိုင်တဲ့အချက်တွေကိုလည်း လေ့လာခဲ့ကြပါတယ်။ စစ်ပွဲတွေ၊ သဘာဝ ဘေးအန္တရာယ်တွေ နဲ့ စီးပွားရေးကျဆင်းမှုလို စိတ်ဖိစီးမှုများစေတဲ့အဖြစ်အပျက်တွေက ယောက်ျားလေး၊ မိန်းကလေးမွေးဖွားတဲ့ ဦးရေအချိုးကို ပြောင်းလဲစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်ဖို့အတွက် ကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေတဲ့ လက်ထပ်ပြီးကာစ တရုတ်အမျိုးသမီး ၁၄၁၁ ယောက်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ရဲ့သွေးပေါင်ချိန်ကို ကိုယ်ဝန်မရမီ ၂၆ ပတ်လောက်ကစပြီး စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ အဆိုပါအမျိုးသမီးတွေက ယောက်ျားလေး ၇၃၉ ယောက်နဲ့ မိန်းကလေး ၆၇၂ ယောက် မွေးဖွားခဲ့ပါတယ်။

အသက်အရွယ်၊ ပညာရေး၊ ဆေးလိပ်သောက်မသောက်၊ ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း၊ ခါး၊ ကိုလက်စထရော၊ဂလူးကို့စ်တွေနဲ့ ချိန်ညှိပြီးနောက်မှာ ကိုယ်ဝန်မဆောင်မီ အပေါ်သွေးများတဲ့သူတွေက မိန်းကလေးထက် ယောက်ျားလေးမွေးတာပိုများတာကို တွေ့ရှိခဲ့ပါတယ်။ ယောက်ျားလေးမွေးတဲ့ မိခင်တွေရဲ့ ပျမ်းမျှသွေးပေါင်ချိန်က ၁၀၆ မီလီမီတာ/မာကျူရီ ရှိပြီး မိန်းကလေးမွေးတဲ့ မိခင်တွေက ၁၀၃ မီလီမီတာ/မာကျူရီရှိပါတယ်။

လန်ဒန်မြို့အနောက်ပိုင်း Hammersmith Hospital ဆေးရုံရှိ မျိုးပွားခြင်းဆိုင်ရာ ဆေးဝါးနှင့် ခွဲစိတ်ကု ဌာနမှာ အတိုင်ပင်ခံ တစ်ဦးဖြစ်သူ Geoffrey Trew က ကျွန်တော်အရင်က ဒီလိုမျိုးတစ်ခါမျှ မကြားဖူးခဲ့ဘူး။ အပြောင်းအလဲများတဲ့ သွေးပေါင်ချိန်ကို ကြည့်ပြီး မွေးဖွားမယ့်ကလေးကို ၂၆ ပတ်အလိုတည်းက ခန့်မှန်းနိုင်တယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော် အရမ်း အံ့အားသင့်ခဲ့ရတယ်။ တချို့ တွားသွားသတ္တဝါတွေမှာ သန္ဓေ သားလောင်းစပြီးဖွံ့ဖြိုးချိန်မှာ အပူချိန် အပြောင်း အလဲကြောင့် လိင်ပြောင်းလဲမှုဖြစ်နိုင်တယ်ဆိုပေမဲ့ ၂၆ ပတ်တော့ ကြိုပြီးမသိနိုင်ပါဘူးလို့ ပြောပြခဲ့ပါတယ်။
Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top