iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အေနနဲ႔ ခရီးထြက္အနားယူၿပီး အလုပ္ကို ျပန္လာတဲ့အခါမွာ အရာရာ အသစ္ေတြလိုျဖစ္ေနမွာပါ။ သင့္ရဲ႕အီးေမးလ္မွာလည္း ေမးလ္ေပါင္းမ်ားစြာ၀င္ေနၿပီးေတာ့ အေတာမသတ္တဲ့ အလုပ္ေတြကို ျပန္လုပ္ရေတာ့မွာပါ။ ရံုးတက္ရမွာ အစိမ္းသက္သက္ျဖစ္ေနၿပီးေတာ့ အခ်ိန္ေတြကလည္း ခက္ခဲေနတတ္ပါတယ္။ စိတ္မပူပါနဲ႔။ ဒီမွာ ခရီးကေနျပန္လာလာခ်င္း စိတ္ဖိစီးမႈကင္းတဲ့ ရံုးပထမေန႔ေလးျဖစ္ဖို႔ အခ်က္တစ္ခ်ိဳ႕ရွိေနပါတယ္။

ေစာေစာထပါ။
သင္အေနနဲ႔ အရမ္းပင္ပန္းမေနဘူးဆိုရင္ ရံုးကိုတစ္နာရီေလာက္ နည္းနည္းေစာသြားလိုက္ၿပီး သင္လုပ္ဖုိ႔ လိုအပ္ေနတာကိုစစ္ပါ။ သင္မသိေသးတဲ့ ရံုးတြင္းေျပာင္းလဲမႈေတြ၊ သတင္းေတြကို နည္းနည္းေလာက္ စပ္စုလိုက္ပါ။ သင္လုပ္ရမယ့္အလုပ္ေတြရွိေနရင္ ၾကိဳျပင္ဆင္ထားလိုက္ပါ။“

လုပ္ရမယ့္အခ်က္ေတြကိုခ်ေရးပါ။
သင့္အေနနဲ႔ ခရီးက ျပန္လာလာခ်င္းလုပ္ရမယ့္အေရးၾကီးအခ်က္ေတြထဲမွာ တစ္ေန႔တာ လုပ္ရမွာေတြကို ခ်ေရးထားတာလည္း ပါပါတယ္။ သင့္မွာလုပ္ရမယ့္အလုပ္ေၾကြးေတြရွိေနႏုိင္ပါတယ္ ။ဒါေၾကာင့္ အကုန္လံုးကို ခ်ေရးထားၿပီးတစ္ခုခ်င္းစီ ျပီးျပတ္ေအာင္လုပ္ေဆာင္ပါ။ အလုပ္တစ္ခုၿပီးတိုင္း ၾကတ္ေျခခတ္ေလးေတြျခစ္ထားပါ။ မ်ားမ်ားျခစ္ၿပီးသြားေလ ပိုေပ်ာ္ၿပီး အလုပ္ပိုလုပ္ခ်င္ေလပါပဲ။

အီးေမးလ္ေတြကို ခြဲပါ။
သင့္မွာအီးေမးလ္ေတြ ေတာင္ပံုယာပံုျဖစ္ေနၿပီဆိုရင္ တစ္ခါတည္းနဲ႔တန္းၿပီး respond မလုပ္ပါနဲ႔။ သင့္ကို ပိုၿပီးေခါင္းေနာက္ေစပါတယ္။ သင္မလိုတာေတြကို တစ္ခါတည္းဖ်က္ပါ ျပန္ၿပီး respondလုပ္ရမွာေတြကို မွတ္ထားပါ။ ခ်က္ခ်င္းျပန္ပို႔ဖို႔ လိုအပ္တာေတြကို တစ္ခါတည္း အေၾကာင္းျပန္ပါ။

ပေရာဂ်က္ေတြကို ျပန္ၾကည့္ပါ။
သင္ရံုးမွာ မရွိေနလည္း ရံုးက သူ႔ဟာသူ လည္ပတ္ေနမွာပါ။ သင္ရဲ႕လုပ္လက္စပေရာဂ်က္ေတြ ဘယ္လုိ အေျခအေနမွာရွိလဲ၊ တိုးတက္လာလားဆိုတာ ဆန္းစစ္ပါ။ တစ္ေယာက္ေယာက္က ကိုယ္စားလုပ္ေပးထားမယ္ဆိုရင္လည္း လုပ္ေပးထားလား ၿပီးသြားၿပီလားဆိုတာ ၾကည့္ပါ။ လိုအပ္မယ္ဆိုရင္ သူတို႔ရဲ႕ အလုပ္ေပၚကိုျပန္ၿပီး feedbackေပးဖို႔ noteထုတ္ပါ။

သူေဌးနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကို သင္ျပန္ေရာက္လာၿပီဆိုတာျပပါ။
သင့္သူေဌးနဲ႔ အလုပ္တူလုပ္ေနတဲ့ ပါတနာေတြကို ေလးစားတဲ့အေနနဲ႔ သင္ျပန္ေရာက္လာၿပီဆိုတာ အေၾကာင္းၾကားပါ။ သင္သတိျပဳရမယ့္ စည္းမ်ဥ္းအသစ္ေတြ ရွိရင္လည္း တစ္ခါတည္းေမးပါ။

အခ်ိန္ယူပါ။
ပထမဆံုးေန႔လိုျဖစ္ေနတဲ့အတြက္ သင္ဘာလုပ္လုပ္ အခ်ိန္ယူပါ။ အရာရာကို ေခါင္းေအးေအးနဲ႔လုပ္ေဆာင္ၾကည့္ပါ။ အခ်ိန္ၾကာတာကျပႆနာမရွိပါဘူး။ သင္လုပ္ရမယ့္အလုပ္ေတြၿပီးေျမာက္ဖို႔ပဲ အာရံုစိုက္ပါ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သင့်အနေနဲ့ ခရီးထွက်အနားယူပြီး အလုပ်ကို ပြန်လာတဲ့အခါမှာ အရာရာ အသစ်တွေလိုဖြစ်နေမှာပါ။ သင့်ရဲ့အီးမေးလ်မှာလည်း မေးလ်ပေါင်းများစွာဝင်နေပြီးတော့ အတောမသတ်တဲ့ အလုပ်တွေကို ပြန်လုပ်ရတော့မှာပါ။ ရုံးတက်ရမှာ အစိမ်းသက်သက်ဖြစ်နေပြီးတော့ အချိန်တွေကလည်း ခက်ခဲနေတတ်ပါတယ်။ စိတ်မပူပါနဲ့။ ဒီမှာ ခရီးကနေပြန်လာလာချင်း စိတ်ဖိစီးမှုကင်းတဲ့ ရုံးပထမနေ့လေးဖြစ်ဖို့ အချက်တစ်ချို့ရှိနေပါတယ်။

စောစောထပါ။
သင်အနေနဲ့ အရမ်းပင်ပန်းမနေဘူးဆိုရင် ရုံးကိုတစ်နာရီလောက် နည်းနည်းစောသွားလိုက်ပြီး သင်လုပ်ဖို့ လိုအပ်နေတာကိုစစ်ပါ။ သင်မသိသေးတဲ့ ရုံးတွင်းပြောင်းလဲမှုတွေ၊ သတင်းတွေကို နည်းနည်းလောက် စပ်စုလိုက်ပါ။ သင်လုပ်ရမယ့်အလုပ်တွေရှိနေရင် ကြိုပြင်ဆင်ထားလိုက်ပါ။“

လုပ်ရမယ့်အချက်တွေကိုချရေးပါ။
သင့်အနေနဲ့ ခရီးက ပြန်လာလာချင်းလုပ်ရမယ့်အရေးကြီးအချက်တွေထဲမှာ တစ်နေ့တာ လုပ်ရမှာတွေကို ချရေးထားတာလည်း ပါပါတယ်။ သင့်မှာလုပ်ရမယ့်အလုပ်ကြွေးတွေရှိနေနိုင်ပါတယ် ။ဒါကြောင့် အကုန်လုံးကို ချရေးထားပြီးတစ်ခုချင်းစီ ပြီးပြတ်အောင်လုပ်ဆောင်ပါ။ အလုပ်တစ်ခုပြီးတိုင်း ကြတ်ခြေခတ်လေးတွေခြစ်ထားပါ။ များများခြစ်ပြီးသွားလေ ပိုပျော်ပြီး အလုပ်ပိုလုပ်ချင်လေပါပဲ။

အီးမေးလ်တွေကို ခွဲပါ။
သင့်မှာအီးမေးလ်တွေ တောင်ပုံယာပုံဖြစ်နေပြီဆိုရင် တစ်ခါတည်းနဲ့တန်းပြီး respond မလုပ်ပါနဲ့။ သင့်ကို ပိုပြီးခေါင်းနောက်စေပါတယ်။ သင်မလိုတာတွေကို တစ်ခါတည်းဖျက်ပါ ပြန်ပြီး respondလုပ်ရမှာတွေကို မှတ်ထားပါ။ ချက်ချင်းပြန်ပို့ဖို့ လိုအပ်တာတွေကို တစ်ခါတည်း အကြောင်းပြန်ပါ။

ပရောဂျက်တွေကို ပြန်ကြည့်ပါ။
သင်ရုံးမှာ မရှိနေလည်း ရုံးက သူ့ဟာသူ လည်ပတ်နေမှာပါ။ သင်ရဲ့လုပ်လက်စပရောဂျက်တွေ ဘယ်လို အခြေအနေမှာရှိလဲ၊ တိုးတက်လာလားဆိုတာ ဆန်းစစ်ပါ။ တစ်ယောက်ယောက်က ကိုယ်စားလုပ်ပေးထားမယ်ဆိုရင်လည်း လုပ်ပေးထားလား ပြီးသွားပြီလားဆိုတာ ကြည့်ပါ။ လိုအပ်မယ်ဆိုရင် သူတို့ရဲ့ အလုပ်ပေါ်ကိုပြန်ပြီး feedbackပေးဖို့ noteထုတ်ပါ။

သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို သင်ပြန်ရောက်လာပြီဆိုတာပြပါ။
သင့်သူဌေးနဲ့ အလုပ်တူလုပ်နေတဲ့ ပါတနာတွေကို လေးစားတဲ့အနေနဲ့ သင်ပြန်ရောက်လာပြီဆိုတာ အကြောင်းကြားပါ။ သင်သတိပြုရမယ့် စည်းမျဉ်းအသစ်တွေ ရှိရင်လည်း တစ်ခါတည်းမေးပါ။

အချိန်ယူပါ။
ပထမဆုံးနေ့လိုဖြစ်နေတဲ့အတွက် သင်ဘာလုပ်လုပ် အချိန်ယူပါ။ အရာရာကို ခေါင်းအေးအေးနဲ့လုပ်ဆောင်ကြည့်ပါ။ အချိန်ကြာတာကပြဿနာမရှိပါဘူး။ သင်လုပ်ရမယ့်အလုပ်တွေပြီးမြောက်ဖို့ပဲ အာရုံစိုက်ပါ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top