iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူစံုတြဲေတြအေနနဲ႕ ဘာမဟုတ္တဲ့ ျငင္းခုံမႈကေန ထိန္းမရတဲ့ အေျခအေနထိ ျဖစ္ဖူးၾကမွာပါ။ ဘာျဖစ္ေနမွန္း မသိေသးခင္ေတာင္ ပါးစပ္က်ည္ဆံေတြ ရိွေသးတာပဲ။ ဒါေၾကာင့္ ေနာက္တစ္ၾကိမ္ မိမိလက္တြဲေဖာ္နဲ႔ ရန္ျဖစ္စကားမ်ားတဲ့အခါ ေဒါသကို ခ်ဳပ္တည္း ပါးစပ္ဇစ္ပိတ္ထားပါ။ သုိ႔မဟုတ္ပါက အႏၱရာယ္ဇုန္ထဲ ဧကန္က်ေရာက္ပါလိမ့္မယ္။ အဲဒီအႏၱရာယ္ဇုန္ထဲ ေရာက္သြားျပီဆိုတာနဲ႔ လုံးဝ မလုပ္သင့္၊ မေျပာသင့္တဲ့ အခ်က္တခ်ဳိ႕ရိွပါတယ္။ ေယာက်္ားေလးတုိ႔… ဒါေတြ အသုံးလိုမွာမို႔ မွတ္သားေစခ်င္ပါတယ္။

၁။ "မင္းက အဲဒီလုိ…….ပဲ"လုိ႔ ဘယ္ေတာ့မွ မေျပာပါနဲ႔

နာမည္တပ္ ေအာ္ဟစ္ေျပာဆုိမႈ မလုပ္ပါနဲ႔။ အဆုံးသတ္ မေကာင္းတတ္ပါ။ ရန္ျဖစ္ျပီးေနာက္ လုပ္သင့္တာက မိမိကုိုယ္ကိုယ္ စိတ္ျငိမ္ေအာင္ ထားဖုိ႔ပါပဲ။

၂။ "ဘာျဖစ္ျဖစ္၊ ေကာင္းတယ္" လုိ႔ လုံးဝမေျပာပါနဲ႔

ဒါက ဘာကို ဆုိုလုိသလဲဆုိတာ လူတုိင္းသိပါတယ္။ ရန္ပဲြအေပၚ ေဒါသမေျပေသး၊ မေမ့ပစ္ႏုိင္ေသးတဲ့ အဓိပၸါယ္သက္ေရာက္ပါတယ္။ "ေကာင္းပါတယ္" ဆိုတဲ့စကားသာ စြဲစြဲျမဲျမဲသုံးေနရင္ အက်ဳိးယုတ္ေစဖုိ႔သာ ရိွပါတယ္။

၃။ "အားလုံးျပီးျပီ" လုိ႔ မေျပာမိေစနဲ႔

ေသြးဆူေနတဲ့အခ်ိန္မွာ "ငါတုိ႔လမ္းခြဲသင့္တယ္" သုိ႔မဟုတ္ "မခ်ိန္းေတြ႔ခဲ့သင့္ဘူး" စတဲ့စကားေတြ ေျပာမိေကာင္း ေျပာမိပါလိမ့္မယ္။ မိန္းကေလးေတြ ဒီကိစၥေတြကို လြယ္လြယ္နဲ႔ မေမ့တတ္ဘူးဆိုတာ သတိရပါ။ သင္ အခ်စ္ေရး ဘယ္လုိမေသမခ်ာျဖစ္ေနသလဲဆိုတာ သတိရေစျပီး အဲဒီအခ်က္နဲ႔ပဲ သင့္ကို သူမအျမဲတမ္း အတုိက္အခံလုပ္ပါလိမ့္မယ္။

၄။ "မင္းက ငါ့အရင္တစ္ေယာက္လုိပဲ" လုိ႔ လုံးဝမေျပာပါနဲ႔

ဒါ လုံးဝ မေျပာသင့္တဲ့စကားပါ။ သင့္လက္ရိွခ်စ္သူကို အျခားဘယ္သူနဲ႔မွ ႏိႈင္းမေျပာပါနဲ႔။ ျပီးျပီးတဲ့အခ်စ္ေရးကိစၥေတြ ျပန္ေျပာတာဟာ မီးေလာင္ရာေလပင့္သလုိသာ ျဖစ္ေစပါလိမ့္မယ္။

၅။ "ငါ သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္မယ္" လုိ႔ ဘယ္ေတာ့မွ မေျပာပါနဲ႔

သူမကို ေက်ာ္ျပီး သင့္သူငယ္ခ်င္းေတြကိုသာ ေရြးရင္ သူငယ္ခ်င္းအေပါင္းအသင္းေတြကို သူမထက္ ပိုတန္ဖုိးထားတယ္လုိ႔ အေတြးေရာက္ျပီး အဲ့မွာတင္ ေနာက္ထပ္တစ္ခါ ရန္ပဲြအၾကီးအက်ယ္ ထပ္ႏႊဲရပါလိမ့္မယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူစုံတွဲတွေအနေနဲ့ ဘာမဟုတ်တဲ့ ငြင်းခုံမှုကနေ ထိန်းမရတဲ့ အခြေအနေထိ ဖြစ်ဖူးကြမှာပါ။ ဘာဖြစ်နေမှန်း မသိသေးခင်တောင် ပါးစပ်ကျည်ဆံတွေ ရှိသေးတာပဲ။ ဒါကြောင့် နောက်တစ်ကြိမ် မိမိလက်တွဲဖော်နဲ့ ရန်ဖြစ်စကားများတဲ့အခါ ဒေါသကို ချုပ်တည်း ပါးစပ်ဇစ်ပိတ်ထားပါ။ သို့မဟုတ်ပါက အန္တရာယ်ဇုန်ထဲ ဧကန်ကျရောက်ပါလိမ့်မယ်။ အဲဒီအန္တရာယ်ဇုန်ထဲ ရောက်သွားပြီဆိုတာနဲ့ လုံးဝ မလုပ်သင့်၊ မပြောသင့်တဲ့ အချက်တချို့ရှိပါတယ်။ ယောကျ်ားလေးတို့… ဒါတွေ အသုံးလိုမှာမို့ မှတ်သားစေချင်ပါတယ်။

၁။ "မင်းက အဲဒီလို…….ပဲ"လို့ ဘယ်တော့မှ မပြောပါနဲ့

နာမည်တပ် အော်ဟစ်ပြောဆိုမှု မလုပ်ပါနဲ့။ အဆုံးသတ် မကောင်းတတ်ပါ။ ရန်ဖြစ်ပြီးနောက် လုပ်သင့်တာက မိမိကိုယ်ကိုယ် စိတ်ငြိမ်အောင် ထားဖို့ပါပဲ။

၂။ "ဘာဖြစ်ဖြစ်၊ ကောင်းတယ်" လို့ လုံးဝမပြောပါနဲ့

ဒါက ဘာကို ဆိုလိုသလဲဆိုတာ လူတိုင်းသိပါတယ်။ ရန်ပွဲအပေါ် ဒေါသမပြေသေး၊ မမေ့ပစ်နိုင်သေးတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ "ကောင်းပါတယ်" ဆိုတဲ့စကားသာ စွဲစွဲမြဲမြဲသုံးနေရင် အကျိုးယုတ်စေဖို့သာ ရှိပါတယ်။

၃။ "အားလုံးပြီးပြီ" လို့ မပြောမိစေနဲ့

သွေးဆူနေတဲ့အချိန်မှာ "ငါတို့လမ်းခွဲသင့်တယ်" သို့မဟုတ် "မချိန်းတွေ့ခဲ့သင့်ဘူး" စတဲ့စကားတွေ ပြောမိကောင်း ပြောမိပါလိမ့်မယ်။ မိန်းကလေးတွေ ဒီကိစ္စတွေကို လွယ်လွယ်နဲ့ မမေ့တတ်ဘူးဆိုတာ သတိရပါ။ သင် အချစ်ရေး ဘယ်လိုမသေမချာဖြစ်နေသလဲဆိုတာ သတိရစေပြီး အဲဒီအချက်နဲ့ပဲ သင့်ကို သူမအမြဲတမ်း အတိုက်အခံလုပ်ပါလိမ့်မယ်။

၄။ "မင်းက ငါ့အရင်တစ်ယောက်လိုပဲ" လို့ လုံးဝမပြောပါနဲ့

ဒါ လုံးဝ မပြောသင့်တဲ့စကားပါ။ သင့်လက်ရှိချစ်သူကို အခြားဘယ်သူနဲ့မှ နှိုင်းမပြောပါနဲ့။ ပြီးပြီးတဲ့အချစ်ရေးကိစ္စတွေ ပြန်ပြောတာဟာ မီးလောင်ရာလေပင့်သလိုသာ ဖြစ်စေပါလိမ့်မယ်။

၅။ "ငါ သူငယ်ချင်းတွေနဲ့ အပြင်ထွက်မယ်" လို့ ဘယ်တော့မှ မပြောပါနဲ့

သူမကို ကျော်ပြီး သင့်သူငယ်ချင်းတွေကိုသာ ရွေးရင် သူငယ်ချင်းအပေါင်းအသင်းတွေကို သူမထက် ပိုတန်ဖိုးထားတယ်လို့ အတွေးရောက်ပြီး အဲ့မှာတင် နောက်ထပ်တစ်ခါ ရန်ပွဲအကြီးအကျယ် ထပ်နွှဲရပါလိမ့်မယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top