iMyanmarHouse.com - Best Property Website for Myanmar
×

မုဒိန္းမႈလိုျဖစ္ရပ္မ်ိဳး ပို႕စ္ေအာက္တိုင္းမွာ အၿမဲျမင္ရတတ္တဲ့ စာသားအခ်ိဳ႕ရွိတယ္။
‘အဲ့မိန္းကေလးက အတိုဝတ္ထားလို႕ေနမွာေပါ့၊

သူကိုက အေနထိုင္မတတ္လို႕ ေနမွာေပါ့ ဆိုတဲ့ ေပါ့……ေပါ့’ ဆိုတဲ့ နွမခ်င္းမစာနာ၊ လူသားခ်င္းမစာနာ၊ အမဆိုတာနဲ႕ အျပစ္ေျပာခ်င္တဲ့သူေတြရဲ႕ စကားလံုးႀကီးေတြကို မျမင္ခ်င္မွ အဆံုး ျမင္ရတတ္တယ္။
အံ့ၾသစရာက အဲ့လုိေျပာတဲ့သူေတြထဲမွာ ေယာက်္ားေလးေတြအျပင္ မိန္းကေလးအခ်င္းခ်င္း ပါပါေနတာကိုပဲ။
ဟုတ္ၿပီ။ မိန္းကေလးက အတုိဝတ္ထားလို႕ မုဒိန္းမႈျဖစ္တာထားပါေတာ့။
ထဘီေတြ၊ ရင္ဖံုးေတြ၊ ဂ်င္းေဘာင္းဘီရွည္ လံုလံုေတြ ဝတ္ထားရင္းနဲ႕ေတာင္ ဘာေၾကာင့္မ်ား
မုဒိန္းက်င့္ခံရတဲ့ အမႈေတြ ရွိေနရေသးတာလဲ ???
ဘတ္စ္ကားေပၚမွာ မိန္းကေလးေတြ အသားယူခံရတယ္။ တဏွာမ်က္လံုးေတြနဲ႕ စားေတာ့မတတ္၊

ဝါးေတာ့မတတ္ အၾကည့္ခံရတယ္။ အတိုဝတ္ထားတဲ့ မိန္းကေလးေတြပဲ အဲ့လိုခံရတာလား။
နိုး….. မဟုတ္ပါ။ ျမန္မာဆန္ဆန္ဝတ္ထားတဲ့ ေကာင္မေလးေတြပါ အဲ့လိုအသားယူတာေတြ ခံရတာပါ။
ဒါေၾကာင့္ မိန္းကေလးေတြက မေဖာ္သင့္တာေတြေဖာ္လို႕ မေနနိုင္လို႕ ၾကည့္ရပါတယ္ဆိုသူေတြ

ေျဖၾကည့္ၾကပါ။ လံုလံုျခံဳျခံဳေကာင္မေလးေတြကိုေကာ ရွင္တို႕ မျပစ္မွားၾကဘူးတဲ့လား။
ရွင္တို႕ ေျပာၾကတယ္၊ လူႀကီးေတြကက ေျပာၾကတယ္။ ‘အဲ့လို အၾကည့္မခံခ်င္ လံုလံုျခံဳျခံဳဝတ္’ တဲ့။
ဟုတ္ၿပီ။ အဲ့စကားကုိ ကၽြန္မ အေမလည္း ကၽြန္မကို အၿမဲေျပာတယ္။ ကၽြန္မ အဝတ္အစားေရြးတိုင္း
“ ဟဲ့ အဲ့ဒါတိုတယ္ မဝတ္နဲ႕၊ အဲ့ဒါဟိုက္တယ္ မဝတ္နဲ႕၊ အဲ့ဒါ လက္အရမ္းျပတ္တယ္ မဝတ္စမ္းနဲ႕၊

နင္ကားေပၚမွာ အၾကည့္ခံခ်င္လို႕လား၊ အနႈိက္ခံခ်င္လို႕လား’’ ေပါ့ေလ။
နားညည္းမခံခ်င္တဲ့ ကၽြန္မ မ်ားေသာအားျဖင့္ အေမ့စိတ္တိုင္းက် ျမန္မာဝတ္စံုပဲ ေရြးဝတ္ျဖစ္တယ္။
အိမ္ကေန ကားဂိတ္ကို လမ္းေလ်ွာက္တဲ့လမ္းမွာ ေယာက်ားအခ်ိဳ႕ရဲ႕ မ်က္လံုးအစံုေတြက
ကၽြန္မရဲ႕ တင္ပါး၊ ရင္အစံုက မခြာဘူး။ အဟက္ ကၽြန္မ တစ္ခ်က္ ခနဲ႕မိတယ္။
ကားေပၚေရာက္ေတာ့ ကားက်ပ္တာကို အခြင့္ေကာင္းယူၿပီး ထိကပါး၊ ရိကပါး လာလုပ္တယ္။
ဘယ္ရမလဲ ေဒါက္နဲ႕ မာန္ပါပါ တက္နင္းေပးလိုက္တာ ငနဲသား ‘အား’ ခနဲ ေနသြားတာ။
ဟင္းဟင္း…. ဒါ ကၽြန္မ ျမန္မာဝတ္စံုဝတ္ထားရင္းနဲ႕ေတာင္ အဲ့လို လာလုပ္တာေနာ္။
ကားဂိတ္ကေန ရံုးကို လမ္းေလ်ွာက္တဲ့လမ္းမွာ ကားေပၚက လူအခ်ိဳ႕
ကၽြန္မကို ဟိုလိုလိုဒီလိုလိုနဲ႕ သားေျပာမယားေျပာ မထိတထိ ေျပာၿပီၚ ပါးစပ္အရသာခံသြားၾကတယ္။

အိုးေလးလႈပ္ပါဦးဆိုတဲ့ သီခ်င္းေတာင္ ဆိုသြားလိုက္ၾကေသး။
ကၽြန္မေလ အဲ့ငနာေတြကို ခဲနဲ႕ကို ထုပစ္ခ်င္တာ။ မနည္း ထိန္းထားလိုက္ရတယ္။
ကၽြန္မေလ ရွင္တို႕ ေျပာေျပာေနတဲ့ ျမန္မာဝတ္စံုကို ဝတ္ထားတာပါ။
ရွင္တို႕ အျပစ္ဖို႕ေနက် အတိုအျပတ္တစ္ခုမွမပါဘူး။
အဲ့အေၾကာင္း အိမ္မွာ အေမ့ကို ျပန္ေျပာေတာ့ ဘာေျပာတယ္မွတ္လဲ။
နင့္မ်က္နွာေပးက ဘယ္လိုျဖစ္ေနလဲမွ မသိဘဲ တဲ့။
ကၽြန္မ ေတာ္ေတာ္ အံ့ၾသသြားမိတယ္။ အေမလိုလူမ်ိဳးကေတာင္ သူစိမ္းေယာက္်ားေတြထက္

သမီးမိန္းကေလးျဖစ္တဲ့ ကၽြန္မကို အရင္အျပစ္တင္တယ္ဆိုေတာ့ က်န္တဲ့သူေတြကိုလည္း

အျပစ္မေျပာလိုေတာ့ပါဘူးေလ။
ရွင္တို႕နဲ႕ ဆန္႕က်င္ဘက္ လိင္အျဖစ္ေမြးဖြားလာတဲ့ ကၽြန္မတို႕ပဲ မွားတာပါ။
ရွင္တို႕ပဲ ေျပာၾကပါ။ အတို ဝတ္တဲ့ ကၽြန္မတို႕ပဲ မွားသလား၊ ဆန္႕က်င္ဘက္ ျမင္တာနဲ႕

ေတာင္တတ္တဲ့ ရွင္တို႕ အခ်ိဳ႕ ပုရိသေတြပဲ မွန္သလားဆိုတာ။
ေက်းဇူးျပဳၿပီး လူကို လူလို႕ပဲ ျမင္ၾကပါ။ ေယာက္်ားရယ္ မိန္းမရယ္ဆိုၿပီး ခြဲမျမင္ၾကပါနဲ႕။
ေယာက္်ားတိုင္းကို မဆိုလိုပါ။ အခ်ိဳ႕ေသာ အခ်ိဳ႕ေသာ ဝင္းေသာ္လို

ပုရိသေယာက္်ားသားမ်ိဳးကိုသာ ဆိုလိုပါသည္။

ဒီလိုကိစၥမ်ိဳးနဲ႕ ပက္သက္ၿပီး ပ်ိဳေမတို႕မွာလည္း ရင္ဖြင့္ခ်င္တာရွိရင္ အျခားပ်ိဳေမတို႕နဲ႕အတူ ရင္ဖြင့္ခဲ့နိုင္ပါတယ္။
FHM ပ်ိဳေမတို႕အတြက္ ခ်စ္ျခင္းမ်ားစြာျဖင့္

Credit:Jasmine (Forhermyanmar)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မုဒိန်းမှုလိုဖြစ်ရပ်မျိုး ပို့စ်အောက်တိုင်းမှာ အမြဲမြင်ရတတ်တဲ့ စာသားအချို့ရှိတယ်။
‘အဲ့မိန်းကလေးက အတိုဝတ်ထားလို့နေမှာပေါ့၊

သူကိုက အနေထိုင်မတတ်လို့ နေမှာပေါ့ ဆိုတဲ့ ပေါ့……ပေါ့’ ဆိုတဲ့ နှမချင်းမစာနာ၊ လူသားချင်းမစာနာ၊ အမဆိုတာနဲ့ အပြစ်ပြောချင်တဲ့သူတွေရဲ့ စကားလုံးကြီးတွေကို မမြင်ချင်မှ အဆုံး မြင်ရတတ်တယ်။
အံ့သြစရာက အဲ့လိုပြောတဲ့သူတွေထဲမှာ ယောကျ်ားလေးတွေအပြင် မိန်းကလေးအချင်းချင်း ပါပါနေတာကိုပဲ။
ဟုတ်ပြီ။ မိန်းကလေးက အတိုဝတ်ထားလို့ မုဒိန်းမှုဖြစ်တာထားပါတော့။
ထဘီတွေ၊ ရင်ဖုံးတွေ၊ ဂျင်းဘောင်းဘီရှည် လုံလုံတွေ ဝတ်ထားရင်းနဲ့တောင် ဘာကြောင့်များ
မုဒိန်းကျင့်ခံရတဲ့ အမှုတွေ ရှိနေရသေးတာလဲ ???
ဘတ်စ်ကားပေါ်မှာ မိန်းကလေးတွေ အသားယူခံရတယ်။ တဏှာမျက်လုံးတွေနဲ့ စားတော့မတတ်၊

ဝါးတော့မတတ် အကြည့်ခံရတယ်။ အတိုဝတ်ထားတဲ့ မိန်းကလေးတွေပဲ အဲ့လိုခံရတာလား။
နိုး….. မဟုတ်ပါ။ မြန်မာဆန်ဆန်ဝတ်ထားတဲ့ ကောင်မလေးတွေပါ အဲ့လိုအသားယူတာတွေ ခံရတာပါ။
ဒါကြောင့် မိန်းကလေးတွေက မဖော်သင့်တာတွေဖော်လို့ မနေနိုင်လို့ ကြည့်ရပါတယ်ဆိုသူတွေ

ဖြေကြည့်ကြပါ။ လုံလုံခြုံခြုံကောင်မလေးတွေကိုကော ရှင်တို့ မပြစ်မှားကြဘူးတဲ့လား။
ရှင်တို့ ပြောကြတယ်၊ လူကြီးတွေကက ပြောကြတယ်။ ‘အဲ့လို အကြည့်မခံချင် လုံလုံခြုံခြုံဝတ်’ တဲ့။
ဟုတ်ပြီ။ အဲ့စကားကို ကျွန်မ အမေလည်း ကျွန်မကို အမြဲပြောတယ်။ ကျွန်မ အဝတ်အစားရွေးတိုင်း
“ ဟဲ့ အဲ့ဒါတိုတယ် မဝတ်နဲ့၊ အဲ့ဒါဟိုက်တယ် မဝတ်နဲ့၊ အဲ့ဒါ လက်အရမ်းပြတ်တယ် မဝတ်စမ်းနဲ့၊

နင်ကားပေါ်မှာ အကြည့်ခံချင်လို့လား၊ အနှိုက်ခံချင်လို့လား’’ ပေါ့လေ။
နားညည်းမခံချင်တဲ့ ကျွန်မ များသောအားဖြင့် အမေ့စိတ်တိုင်းကျ မြန်မာဝတ်စုံပဲ ရွေးဝတ်ဖြစ်တယ်။
အိမ်ကနေ ကားဂိတ်ကို လမ်းလျှောက်တဲ့လမ်းမှာ ယောကျားအချို့ရဲ့ မျက်လုံးအစုံတွေက
ကျွန်မရဲ့ တင်ပါး၊ ရင်အစုံက မခွာဘူး။ အဟက် ကျွန်မ တစ်ချက် ခနဲ့မိတယ်။
ကားပေါ်ရောက်တော့ ကားကျပ်တာကို အခွင့်ကောင်းယူပြီး ထိကပါး၊ ရိကပါး လာလုပ်တယ်။
ဘယ်ရမလဲ ဒေါက်နဲ့ မာန်ပါပါ တက်နင်းပေးလိုက်တာ ငနဲသား ‘အား’ ခနဲ နေသွားတာ။
ဟင်းဟင်း…. ဒါ ကျွန်မ မြန်မာဝတ်စုံဝတ်ထားရင်းနဲ့တောင် အဲ့လို လာလုပ်တာနော်။
ကားဂိတ်ကနေ ရုံးကို လမ်းလျှောက်တဲ့လမ်းမှာ ကားပေါ်က လူအချို့
ကျွန်မကို ဟိုလိုလိုဒီလိုလိုနဲ့ သားပြောမယားပြော မထိတထိ ပြောပြီါ် ပါးစပ်အရသာခံသွားကြတယ်။

အိုးလေးလှုပ်ပါဦးဆိုတဲ့ သီချင်းတောင် ဆိုသွားလိုက်ကြသေး။
ကျွန်မလေ အဲ့ငနာတွေကို ခဲနဲ့ကို ထုပစ်ချင်တာ။ မနည်း ထိန်းထားလိုက်ရတယ်။
ကျွန်မလေ ရှင်တို့ ပြောပြောနေတဲ့ မြန်မာဝတ်စုံကို ဝတ်ထားတာပါ။
ရှင်တို့ အပြစ်ဖို့နေကျ အတိုအပြတ်တစ်ခုမှမပါဘူး။
အဲ့အကြောင်း အိမ်မှာ အမေ့ကို ပြန်ပြောတော့ ဘာပြောတယ်မှတ်လဲ။
နင့်မျက်နှာပေးက ဘယ်လိုဖြစ်နေလဲမှ မသိဘဲ တဲ့။
ကျွန်မ တော်တော် အံ့သြသွားမိတယ်။ အမေလိုလူမျိုးကတောင် သူစိမ်းယောက်ျားတွေထက်

သမီးမိန်းကလေးဖြစ်တဲ့ ကျွန်မကို အရင်အပြစ်တင်တယ်ဆိုတော့ ကျန်တဲ့သူတွေကိုလည်း

အပြစ်မပြောလိုတော့ပါဘူးလေ။
ရှင်တို့နဲ့ ဆန့်ကျင်ဘက် လိင်အဖြစ်မွေးဖွားလာတဲ့ ကျွန်မတို့ပဲ မှားတာပါ။
ရှင်တို့ပဲ ပြောကြပါ။ အတို ဝတ်တဲ့ ကျွန်မတို့ပဲ မှားသလား၊ ဆန့်ကျင်ဘက် မြင်တာနဲ့

တောင်တတ်တဲ့ ရှင်တို့ အချို့ ပုရိသတွေပဲ မှန်သလားဆိုတာ။
ကျေးဇူးပြုပြီး လူကို လူလို့ပဲ မြင်ကြပါ။ ယောက်ျားရယ် မိန်းမရယ်ဆိုပြီး ခွဲမမြင်ကြပါနဲ့။
ယောက်ျားတိုင်းကို မဆိုလိုပါ။ အချို့သော အချို့သော ဝင်းသော်လို

ပုရိသယောက်ျားသားမျိုးကိုသာ ဆိုလိုပါသည်။

ဒီလိုကိစ္စမျိုးနဲ့ ပက်သက်ပြီး ပျိုမေတို့မှာလည်း ရင်ဖွင့်ချင်တာရှိရင် အခြားပျိုမေတို့နဲ့အတူ ရင်ဖွင့်ခဲ့နိုင်ပါတယ်။
FHM ပျိုမေတို့အတွက် ချစ်ခြင်းများစွာဖြင့်


Credit:Jasmine (Forhermyanmar)


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top