iMyanmarHouse.com - Best Property Website for Myanmar
×
၎။ Brightness လျော့ချပါ
Credit : trend myanmar
Unicode Version
မိမိတို့  စမတ်ဖုန်းကို ဘယ်လောက်ထိ အသုံးပြုကြသလဲ စဉ်းစားရင် မနက်နိုးတဲ့အချိန်ကနေ ညအိပ်ပျော်ခါနီး စက္ကန့်ပိုင်းအထိ အသုံးပြုကြပါတယ်။ ဆိုတော့ ဖုန်းဘက်ထရီ မကြာခဏ လျော့တာ သိပ်မဆန်းပါဘူး။
ကိုယ့်ကိုယ်ကို တစ်ချိန်လုံး ဖုန်းအားပဲ သွင်းနေရတယ်လို့ ခံစားရပါက ဖုန်းဘက်ထရီအားအသုံးခံမှု ထိန်းသိမ်းရန် လုပ်ဆောင်နိုင်တဲ့ အချက်တွေရှိပါတယ်။ Computer Repair Doctor ပိုင်ရှင် Matt Ham မှ ဖုန်းအားသွင်းမှု လျော့နည်းစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်း (၅) ခု အကြံပြုထားပါတယ်။
၁။ Airplane mode ကောင်းစွာ အသုံးချပါ
ဖုန်းမသုံးတဲ့အချိန် airplane mode ဖွင့်ထားပါ။ အဲဒါက မိုဘိုင်းလ်ဖုန်း signal အဆက်မပြတ်ရှာဖွေခြင်းနဲ့ ဖုန်းဘက်ထရီလျော့နည်းကုန်ခန်းမှု ရပ်တန့်စေတယ်လို့ Ham က ဆိုပါတယ်။
၂။ ဖွင့်ထားတဲ့ apps တွေ ပြန်ပိတ်ပါ
အသုံးပြုပြီးတဲ့ app တွေနဲ့ အသုံးမပြုတော့တဲ့ app တွေအားလုံးပိတ်ပစ်လိုက်ခြင်းက apps တွေနေက နောက်ကွယ်က ဘက်ထရီအားအသုံးပြုမှု လျော့နည်းစေပါလိမ့်မယ်။
၃။ တစ်ပတ်တစ်ကြိမ် ဖုန်း restart လုပ်ပါ
ဒီလို တစ်ပတ်တစ်ကြိမ် ဖုန်း restart ပြုလုပ်ခြင်းက ယာယီဖိုင်နဲ့ နောက်ကွယ်က လုပ်ဆောင်ချက်တွေ ရှင်းလင်းပေးပါလိမ့်မယ်လို့ Ham က ဆိုပါတယ်။
၄။ Brightness လျော့ချပါ
ခရင်လင်းလေ၊ ဘက်ထရီကုန်မြန်လေပါပဲလို့ Ham က ပြောပါတယ်။
၅။ Low battery mode settings  အသုံးပြုပါ
စမတ်ဖုန်းတွေမှာ ဘက်ထရီထိခိုက်စေနိုင်တဲ့ အရာများစွာပါရှိပါတယ်။ Low battery mode က အဓိကလိုအပ်ချက်တွေကိုပဲ ကန့်သတ်ထိန်းချုပ်ပေးသွားမှာ ဖြစ်ပါတယ်။  
Credit : trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top