iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူစံုတြဲဆက္ဆံေရးတိုင္းမွာ အဆင္ေျပေခ်ာေမြ႕ေနတယ္ဆိုတာ ရွားပါတယ္။ တစ္ဖက္ဖက္မွာ ျပႆနာတစ္ခုခုေတာ့ ရွိေနတတ္ပါတယ္။ အမ်ိဳးသားေတြအတြက္ ကိုယ္နဲ႔မသင့္ေတာ္တဲ့ မိန္းကေလးတစ္ေယာက္နဲ႔ ဆက္ဆံေရးကို ထိန္းသိမ္းရင္း တန္ဖိုးရွိတဲ့အခ်ိန္ေတြ အက်ိဳးမဲ့ကုန္ဆံုးမသြားေစဖို႔ အေရးႀကီးပါတယ္။ သူမအႀကိဳက္ကို အလိုက္ေဆာင္ရင္း သင့္ရဲ႕တိုးတက္မႈေတြ ေႏွာင့္ေႏွးမသြားရေအာင္ အခ်ိန္ကုန္ စိတ္ညစ္ခံၿပီး မထိန္းသိမ္းသင့္တဲ့ ဆက္ဆံေရးလကၡဏာေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ အျမဲတမ္း သူမအေၾကာင္းပဲ စိတ္၀င္စားျခင္း

သင္က အလုပ္မွာ ရာထူးတိုးျမင့္ခံရလို႔ ေပ်ာ္ေနေပမယ့္ သင့္မိန္းကေလးကေတာ့ ဒီေလာက္စိတ္မ၀င္စားတတ္တာမ်ိဳး။ အလုပ္အတြက္ ဘ၀အတြက္ ရည္မွန္းခ်က္ပန္းတိုင္ေတြနဲ႔ ပတ္သက္ၿပီး သင့္က စိတ္လႈပ္ရွားေျပာဆိုေနေပမယ့္ သူမကေတာ့ သူမႀကိဳက္တဲ့ ႐ုပ္ရွင္ဇာတ္ကားအေၾကာင္းကို စကားလမ္းေၾကာင္းလႊဲတာမ်ိဳးေတြက သင့္ကို ဂ႐ုမစိုက္တဲ့လကၡဏာေတြပဲျဖစ္ပါတယ္။ ဒီလို မိန္းကေလးမ်ိဳးက တကိုယ္ေကာင္းဆန္တဲ့ မိန္းကေလးျဖစ္တဲ့အတြက္ ေရရွည္လက္တြဲေနဖို႔ မသင့္ေတာ္ပါဘူး။ သင္နဲ႔ သင့္အေၾကာင္းကို ဂ႐ုမစိုက္တတ္သူတစ္ေယာက္အတြက္ ဘာေၾကာင့္ အခ်ိန္ကုန္ခံေနမွာလဲ။

၂။ အျမင္ခ်င္း၊ အႀကိဳက္ခ်င္းမတူျခင္း

အျမင္ေတြ၊ အႀကိဳက္ေတြ မတူတာက ဆြဲေဆာင္မႈရွိခ်င္ရွိလို႔ရပါလိမ့္မယ္။ တစ္ခ်ိဳ႕ကိစၥေတြမွာလည္း ညွိယူလို႔ ရေကာင္းရႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ကိစၥေတြမွာေတာ့ ျပႆနာအႀကီးအက်ယ္ ရွိလာႏိုင္ပါတယ္။ ဥပမာ ယုံၾကည္ကိုးကြယ္ရာ ဘာသာမတူတာ ဒါမွမဟုတ္ ေငြေၾကးနဲ႔ အသံုးစရိတ္ စီမံခန္႔ခြဲပံုခ်င္း မတူတာေတြ ျဖစ္ပါတယ္။ ဒီလို အျမင္မတူတာေတြ၊ ယုံၾကည္မႈမတူညီတာေတြက ေနာက္ဆက္တြဲျပႆနာေတြ အမ်ားႀကီး ရွိလာႏိုင္ပါတယ္။

၃။ အလုပ္မ်ားလြန္းျခင္း

အလုပ္က အေရးႀကီးပါတယ္။ မိသားစုကိစၥေတြကလည္း လစ္လ်ဴ႐ႈထားလို႔ မရပါဘူး။ ဒါေပမယ့္ သင့္ေကာင္မေလးက သင့္ကို အခ်ိန္မေပးႏိုင္ေလာက္ေအာင္ အျမဲတေစအလုပ္မ်ားေနမယ္ဆိုရင္ေတာ့ မဟုတ္ေသးပါဘူး။ မိန္းကေလးတစ္ေယာက္ဟာ သူမ ခ်စ္တဲ့ေယာကၤ်ားေလးတစ္ေယာက္အတြက္ ဘယ္လိုပဲျဖစ္ေနပါေစ အခ်ိန္ေပးႏိုင္ပါတယ္။ သင့္ကို အခ်ိန္ေပးဖို႔ထက္ အျခားကိစၥေတြကို ဦးစားေပးေနတယ္ဆိုရင္ေတာ့ သူမစိတ္ထဲမွာ သင့္အတြက္ ေနရာသိပ္မရွိဘူးဆိုတာကို သေဘာေပါက္လိုက္ပါေတာ့။

၄။ အဆက္ေဟာင္းအေၾကာင္း မၾကာခဏေျပာျခင္း

သူမရဲ႕ အရင္ရည္းစားေဟာင္းအေၾကာင္းကို ၾကားရတာ ဘယ္လိုနည္းနဲ႔မွ အဆင္ေျပမွာမဟုတ္ပါဘူး။ တိုက္ဆိုင္မႈရွိတိုင္း ရည္းစားေဟာင္းအေၾကာင္းကို ထုတ္ေျပာေနတတ္တာက သူမစိတ္မကုန္ေသးလို႔ ျဖစ္ႏိုင္ပါတယ္။ ဒါထက္ပိုဆိုးတာက သင့္ကို အစားထိုးတဲ့အေနနဲ႔ ေရြးခ်ယ္ထားတတ္တာမ်ိဳးျဖစ္ပါတယ္။ သင့္ကို အမွန္တကယ္ခ်စ္ခင္စံုမက္လို႔ မဟုတ္ပဲ သူမရဲ႕ အတိတ္က နာက်င္မႈကို ေျဖေဖ်ာက္ဖို႔ အသံုးခ်ေနတာ ျဖစ္ပါတယ္။

၅။ အျမဲတမ္း စၿပီး ဆက္သြယ္ရျခင္း

မိန္းကေလးေတြက သူတို႔ကို အမ်ိဳးသားေတြက အရင္စၿပီး ဆက္သြယ္တာကို သေဘာက်တာမွန္ပါတယ္။ ဒါေပမယ့္ သူမက သင့္ကို အမွန္တကယ္စိတ္၀င္တစားရွိမယ္ဆိုရင္ အခ်ိန္က်လာတာနဲ႔ သူမဘက္က စၿပီး ဆက္သြယ္ဖို႔ကိုလည္း ေႏွာင့္ေႏွးၾကန္႔ၾကာေနမွာ မဟုတ္ပါဘူး။ တစ္ဦးနဲ႔တစ္ဦး အမွန္တကယ္ ခ်စ္ခင္စံုမက္ၿပီး ေလးစားသမႈရွိတဲ့ စံုတြဲေတြတိုင္းမွာ အျပန္အလွန္ဆက္သြယ္မႈေတြ ရွိပါတယ္။ ဒီလိုမဟုတ္ပဲ သင္ကခ်ည္းပဲ စၿပီးဆက္သြယ္ေနရတယ္ဆိုရင္ေတာ့ သင္တို႔ႏွစ္ဦးၾကားဆက္ဆံေရးက မူမမွန္ဘူးဆိုတာ သိသင့္ပါတယ္။

၆။ အေျပာင္းအလဲမ်ားလြန္းျခင္း

ႏွစ္ဦးသားဆက္ဆံေရးမွာ ဒီေန႔မွာ အေျခအေနေကာင္းေနေပမယ့္ ေနာက္တစ္ေန႔မွာ ဘာမွန္းမသိ ေအးစက္သြားတတ္တာမ်ိဳး ျဖစ္ေနတတ္ပါတယ္။ ၿပီးေတာ့ ဒီလို ျဖစ္ရတဲ့အေၾကာင္းရင္းကလည္း သင့္အမွားအျဖစ္ အျမဲတမ္း အျပစ္တင္ခံေနရတတ္ပါတယ္။ ဒါကလည္း ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ပါဘူး။

၇။ ခ်စ္စႀကိဳက္စနဲ႔ တျခားစီျဖစ္သြားျခင္း

စေတြ႕တုန္းက မန္ယူအသင္းကို ႀကိဳက္ပါတယ္ ဆိုတဲ့ မိန္းကေလးက ရြန္းနီ ဘယ္သူဆိုတာ မသိေတာ့တာမ်ိဳးပါ။ တစ္ခါတစ္ေလမွာ မိန္းကေလးေတြက သင့္ကို ဆြဲေဆာင္ႏိုင္ဖို႔အတြက္ သင့္အႀကိဳက္ေတြကို ေလ့လာၿပီး အႀကိဳက္တူခ်င္ေယာင္ေဆာင္တတ္ၾကပါတယ္။ ဒါေပမယ့္ အခ်ိန္ၾကာၾကာ ဟန္မေဆာင္ႏိုင္ၾကပါဘူး။ အခ်ိန္အတိုင္းအတာတစ္ခုမွာ သူမရဲ႕ ပင္ကိုယ္စိတ္က ေပၚထြက္လာၿပီး ေျပာင္းလဲသြားပါလိမ့္မယ္။ ဒီလိုေျပာင္းလဲသြားၿပီဆိုရင္ အရင္လိုျပန္ျဖစ္ဖို႔ ေမွ်ာ္လင့္မေနပါနဲ႔။

၈။ သူမနဲ႔ပတ္သက္ၿပီး စိတ္မခ်မ္းသာရျခင္း

သူမရဲ႕ အက်င့္စ႐ုိက္ေၾကာင့္ သင္စိတ္ညစ္ရမယ္၊ သင့္ရဲ႕အားနည္းခ်က္ေတြကိုပဲ ေထာက္ျပေနမယ္။ အျမဲတမ္း စိတ္ဓာတ္က်ေအာင္ပဲလုပ္ေနမယ္ဆိုရင္ သင္တိုးတက္လာဖို႔အတြက္ သူမက ကူညီေပးႏိုင္မွာမဟုတ္ပါဘူး။ အျမဲတမ္း စကားမ်ားရန္ျဖစ္ေနရၿပီး စိတ္ညစ္ရမယ္ဆိုရင္ သူမက သင္နဲ႔ ေရွ႕ဆက္ဖို႔ မျဖစ္ႏိုင္ပါဘူး။ သူမ တစ္ခုခု ေျပာလိုက္တိုင္းမွာ သင္အတြက္ စိုးရိမ္စရာျဖစ္ေနမယ္ဆိုရင္ ေရရွည္အတြက္ မေကာင္းႏိုင္ပါဘူး။

၉။ အျမဲတမ္းအကူအညီလိုေနျခင္း

သူမရဲ႕ ကိုယ္ပိုင္ျပႆနာေတြအတြက္ အျမဲတမ္းလိုက္ကူညီေပးေနရတာမ်ိဳးျဖစ္ပါတယ္။ သင္က သူမရဲ႕ သူရဲေကာင္းျဖစ္ခ်င္ေနတယ္ဆိုရင္ေတာင္ ဒီလိုဆက္ဆံေရးမ်ိဳးက စစ္မွန္တဲ့ အခ်စ္မျဖစ္ႏိုင္ပါဘူး။

၁၀။ သစၥာမေစာင့္ျခင္း

Game Over ျဖစ္သြားပါၿပီ။ တတ္ႏိုင္သမွ်ျမန္ျမန္ ႐ုန္းထြက္ဖို႔ လိုပါတယ္။ ယုံၾကည္မႈမရွိပဲ အခ်စ္ဆိုတာ ရွိမလာႏိုင္ပါဘူး။ သူမက သင့္ကို သစၥာေဖာက္လွည့္စားမယ္ဆိုရင္ သင့္စိတ္ထဲမွာ နာက်ည္းေနၿပီး ဆက္ဆံေရးအတြက္ ဘယ္လိုမွေကာင္းလာမွာမဟုတ္ပါဘူး။

ဒီလိုလကၡဏာေတြ ရင္ဆိုင္ၾကံဳေတြ႕ေနရၿပီဆိုရင္ေတာ့ သင့္ရဲ႕အခ်ိန္ေတြကို ေပးဆပ္ၿပီး လက္တြဲေနရမယ့္ မိန္းကေလးမ်ိဳးမဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္။ ေရရည္အတြက္ အက်ိဳးမရွိတဲ့ ဆက္ဆံေရးမ်ိဳးမွာ တန္ဖိုးရွိတဲ့ အခ်ိန္ေတြကို မရင္းႏွီးပါနဲ႔။ ျမန္ျမန္သာ ႐ုန္းထြက္ႏိုင္ဖို႔ ႀကိဳးစားလိုက္ပါ။
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Gentleman Magazine

#Unicode Version
ချစ်သူစုံတွဲဆက်ဆံရေးတိုင်းမှာ အဆင်ပြေချောမွေ့နေတယ်ဆိုတာ ရှားပါတယ်။ တစ်ဖက်ဖက်မှာ ပြဿနာတစ်ခုခုတော့ ရှိနေတတ်ပါတယ်။ အမျိုးသားတွေအတွက် ကိုယ်နဲ့မသင့်တော်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရင်း တန်ဖိုးရှိတဲ့အချိန်တွေ အကျိုးမဲ့ကုန်ဆုံးမသွားစေဖို့ အရေးကြီးပါတယ်။ သူမအကြိုက်ကို အလိုက်ဆောင်ရင်း သင့်ရဲ့တိုးတက်မှုတွေ နှောင့်နှေးမသွားရအောင် အချိန်ကုန် စိတ်ညစ်ခံပြီး မထိန်းသိမ်းသင့်တဲ့ ဆက်ဆံရေးလက္ခဏာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ အမြဲတမ်း သူမအကြောင်းပဲ စိတ်ဝင်စားခြင်း

သင်က အလုပ်မှာ ရာထူးတိုးမြင့်ခံရလို့ ပျော်နေပေမယ့် သင့်မိန်းကလေးကတော့ ဒီလောက်စိတ်မဝင်စားတတ်တာမျိုး။ အလုပ်အတွက် ဘဝအတွက် ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ပတ်သက်ပြီး သင့်က စိတ်လှုပ်ရှားပြောဆိုနေပေမယ့် သူမကတော့ သူမကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းကို စကားလမ်းကြောင်းလွှဲတာမျိုးတွေက သင့်ကို ဂရုမစိုက်တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒီလို မိန်းကလေးမျိုးက တကိုယ်ကောင်းဆန်တဲ့ မိန်းကလေးဖြစ်တဲ့အတွက် ရေရှည်လက်တွဲနေဖို့ မသင့်တော်ပါဘူး။ သင်နဲ့ သင့်အကြောင်းကို ဂရုမစိုက်တတ်သူတစ်ယောက်အတွက် ဘာကြောင့် အချိန်ကုန်ခံနေမှာလဲ။

၂။ အမြင်ချင်း၊ အကြိုက်ချင်းမတူခြင်း

အမြင်တွေ၊ အကြိုက်တွေ မတူတာက ဆွဲဆောင်မှုရှိချင်ရှိလို့ရပါလိမ့်မယ်။ တစ်ချို့ကိစ္စတွေမှာလည်း ညှိယူလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စတွေမှာတော့ ပြဿနာအကြီးအကျယ် ရှိလာနိုင်ပါတယ်။ ဥပမာ ယုံကြည်ကိုးကွယ်ရာ ဘာသာမတူတာ ဒါမှမဟုတ် ငွေကြေးနဲ့ အသုံးစရိတ် စီမံခန့်ခွဲပုံချင်း မတူတာတွေ ဖြစ်ပါတယ်။ ဒီလို အမြင်မတူတာတွေ၊ ယုံကြည်မှုမတူညီတာတွေက နောက်ဆက်တွဲပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။

၃။ အလုပ်များလွန်းခြင်း

အလုပ်က အရေးကြီးပါတယ်။ မိသားစုကိစ္စတွေကလည်း လစ်လျူရှုထားလို့ မရပါဘူး။ ဒါပေမယ့် သင့်ကောင်မလေးက သင့်ကို အချိန်မပေးနိုင်လောက်အောင် အမြဲတစေအလုပ်များနေမယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။ မိန်းကလေးတစ်ယောက်ဟာ သူမ ချစ်တဲ့ယောင်္ကျားလေးတစ်ယောက်အတွက် ဘယ်လိုပဲဖြစ်နေပါစေ အချိန်ပေးနိုင်ပါတယ်။ သင့်ကို အချိန်ပေးဖို့ထက် အခြားကိစ္စတွေကို ဦးစားပေးနေတယ်ဆိုရင်တော့ သူမစိတ်ထဲမှာ သင့်အတွက် နေရာသိပ်မရှိဘူးဆိုတာကို သဘောပေါက်လိုက်ပါတော့။

၄။ အဆက်ဟောင်းအကြောင်း မကြာခဏပြောခြင်း

သူမရဲ့ အရင်ရည်းစားဟောင်းအကြောင်းကို ကြားရတာ ဘယ်လိုနည်းနဲ့မှ အဆင်ပြေမှာမဟုတ်ပါဘူး။ တိုက်ဆိုင်မှုရှိတိုင်း ရည်းစားဟောင်းအကြောင်းကို ထုတ်ပြောနေတတ်တာက သူမစိတ်မကုန်သေးလို့ ဖြစ်နိုင်ပါတယ်။ ဒါထက်ပိုဆိုးတာက သင့်ကို အစားထိုးတဲ့အနေနဲ့ ရွေးချယ်ထားတတ်တာမျိုးဖြစ်ပါတယ်။ သင့်ကို အမှန်တကယ်ချစ်ခင်စုံမက်လို့ မဟုတ်ပဲ သူမရဲ့ အတိတ်က နာကျင်မှုကို ဖြေဖျောက်ဖို့ အသုံးချနေတာ ဖြစ်ပါတယ်။

၅။ အမြဲတမ်း စပြီး ဆက်သွယ်ရခြင်း

မိန်းကလေးတွေက သူတို့ကို အမျိုးသားတွေက အရင်စပြီး ဆက်သွယ်တာကို သဘောကျတာမှန်ပါတယ်။ ဒါပေမယ့် သူမက သင့်ကို အမှန်တကယ်စိတ်ဝင်တစားရှိမယ်ဆိုရင် အချိန်ကျလာတာနဲ့ သူမဘက်က စပြီး ဆက်သွယ်ဖို့ကိုလည်း နှောင့်နှေးကြန့်ကြာနေမှာ မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး အမှန်တကယ် ချစ်ခင်စုံမက်ပြီး လေးစားသမှုရှိတဲ့ စုံတွဲတွေတိုင်းမှာ အပြန်အလှန်ဆက်သွယ်မှုတွေ ရှိပါတယ်။ ဒီလိုမဟုတ်ပဲ သင်ကချည်းပဲ စပြီးဆက်သွယ်နေရတယ်ဆိုရင်တော့ သင်တို့နှစ်ဦးကြားဆက်ဆံရေးက မူမမှန်ဘူးဆိုတာ သိသင့်ပါတယ်။

၆။ အပြောင်းအလဲများလွန်းခြင်း

နှစ်ဦးသားဆက်ဆံရေးမှာ ဒီနေ့မှာ အခြေအနေကောင်းနေပေမယ့် နောက်တစ်နေ့မှာ ဘာမှန်းမသိ အေးစက်သွားတတ်တာမျိုး ဖြစ်နေတတ်ပါတယ်။ ပြီးတော့ ဒီလို ဖြစ်ရတဲ့အကြောင်းရင်းကလည်း သင့်အမှားအဖြစ် အမြဲတမ်း အပြစ်တင်ခံနေရတတ်ပါတယ်။ ဒါကလည်း ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။

၇။ ချစ်စကြိုက်စနဲ့ တခြားစီဖြစ်သွားခြင်း

စတွေ့တုန်းက မန်ယူအသင်းကို ကြိုက်ပါတယ် ဆိုတဲ့ မိန်းကလေးက ရွန်းနီ ဘယ်သူဆိုတာ မသိတော့တာမျိုးပါ။ တစ်ခါတစ်လေမှာ မိန်းကလေးတွေက သင့်ကို ဆွဲဆောင်နိုင်ဖို့အတွက် သင့်အကြိုက်တွေကို လေ့လာပြီး အကြိုက်တူချင်ယောင်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် အချိန်ကြာကြာ ဟန်မဆောင်နိုင်ကြပါဘူး။ အချိန်အတိုင်းအတာတစ်ခုမှာ သူမရဲ့ ပင်ကိုယ်စိတ်က ပေါ်ထွက်လာပြီး ပြောင်းလဲသွားပါလိမ့်မယ်။ ဒီလိုပြောင်းလဲသွားပြီဆိုရင် အရင်လိုပြန်ဖြစ်ဖို့ မျှော်လင့်မနေပါနဲ့။

၈။ သူမနဲ့ပတ်သက်ပြီး စိတ်မချမ်းသာရခြင်း

သူမရဲ့ အကျင့်စရိုက်ကြောင့် သင်စိတ်ညစ်ရမယ်၊ သင့်ရဲ့အားနည်းချက်တွေကိုပဲ ထောက်ပြနေမယ်။ အမြဲတမ်း စိတ်ဓာတ်ကျအောင်ပဲလုပ်နေမယ်ဆိုရင် သင်တိုးတက်လာဖို့အတွက် သူမက ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ အမြဲတမ်း စကားများရန်ဖြစ်နေရပြီး စိတ်ညစ်ရမယ်ဆိုရင် သူမက သင်နဲ့ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။ သူမ တစ်ခုခု ပြောလိုက်တိုင်းမှာ သင်အတွက် စိုးရိမ်စရာဖြစ်နေမယ်ဆိုရင် ရေရှည်အတွက် မကောင်းနိုင်ပါဘူး။

၉။ အမြဲတမ်းအကူအညီလိုနေခြင်း

သူမရဲ့ ကိုယ်ပိုင်ပြဿနာတွေအတွက် အမြဲတမ်းလိုက်ကူညီပေးနေရတာမျိုးဖြစ်ပါတယ်။ သင်က သူမရဲ့ သူရဲကောင်းဖြစ်ချင်နေတယ်ဆိုရင်တောင် ဒီလိုဆက်ဆံရေးမျိုးက စစ်မှန်တဲ့ အချစ်မဖြစ်နိုင်ပါဘူး။

၁၀။ သစ္စာမစောင့်ခြင်း

Game Over ဖြစ်သွားပါပြီ။ တတ်နိုင်သမျှမြန်မြန် ရုန်းထွက်ဖို့ လိုပါတယ်။ ယုံကြည်မှုမရှိပဲ အချစ်ဆိုတာ ရှိမလာနိုင်ပါဘူး။ သူမက သင့်ကို သစ္စာဖောက်လှည့်စားမယ်ဆိုရင် သင့်စိတ်ထဲမှာ နာကျည်းနေပြီး ဆက်ဆံရေးအတွက် ဘယ်လိုမှကောင်းလာမှာမဟုတ်ပါဘူး။

ဒီလိုလက္ခဏာတွေ ရင်ဆိုင်ကြုံတွေ့နေရပြီဆိုရင်တော့ သင့်ရဲ့အချိန်တွေကို ပေးဆပ်ပြီး လက်တွဲနေရမယ့် မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ရေရည်အတွက် အကျိုးမရှိတဲ့ ဆက်ဆံရေးမျိုးမှာ တန်ဖိုးရှိတဲ့ အချိန်တွေကို မရင်းနှီးပါနဲ့။ မြန်မြန်သာ ရုန်းထွက်နိုင်ဖို့ ကြိုးစားလိုက်ပါ။
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Gentleman Magazine




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top