iMyanmarHouse.com - Best Property Website for Myanmar
×

တကၠသုိလ္ဟာ စာသင္ရုံသက္သက္မဟုတ္ဘဲ လူမႈေရး၊ တစ္ကုိယ္ရည္အေရးအေသြးနဲ႔ စတဲ့ အရည္အခ်င္းေတြကို ေလ့က်င့္ေပးရာေနရာလည္း ျဖစ္ပါတယ္။ လူၾကီးတစ္ပိုင္းျဖစ္ေနျပီျဖစ္တဲ့ ေက်ာင္းသားေတြဟာ ဒီအခ်ိန္မွာ အစစအရာရာ ကိုယ္တုိင္ထိေတြ႕ ေလ့လာသင္ယူၾကရပါတယ္။ ပညာေရးကအစ ဒီလိုအခါမွာ ေငြေၾကးမျဖစ္မေန သံုးစြဲရပါတယ္။ တကၠသိုလ္ေက်ာင္းသားဘဝမွာ ေငြေၾကး သံုးစြဲရဆံုး အရာငါးခုကို ေဖာ္ျပထားပါတယ္။ သင့္အတြက္ေတာ့ ေငြေၾကးကုန္က်ရတဲ့ အျခားအေၾကာင္းအရာေတြ ရွိေနႏုိင္ပါတယ္။ ဥပမာ - နယ္ကလာတက္တာေၾကာင့္ အေဆာင္စရိတ္နဲ႔ စားစရိတ္ကုန္ျခင္းမ်ိဳးပါ။

၁ - က်ဴရွင္

က်ဴရွင္ခဟာ မူရင္းေက်ာင္းတက္စရိတ္ထက္ ေစ်းၾကီးႏုိင္ပါတယ္။ ပိုက္ဆံကုန္က်တာေၾကာင့္  မိဘေတြ အျငီးဆံုးဟာလည္း က်ဴရွင္လခပဲ ျဖစ္ပါတယ္။ ျပည္ပမွာေတာ့ ပညာသင္ဆု အျပည့္ရတဲ့အခါ ခံသာေပမဲ့ ဒီမွာေတာ့ ဒီလုိေပးတာမ်ိဳး နည္းပါးပါေသးတယ္။ ၾကီးမားလွတဲ့ က်ဴရွင္ခကို ျပန္ကာမိဖို႔အတြက္ ေက်ာင္းသားကိုယ္တုိင္ စာျပန္ျပတာမ်ိဳးပဲ ရွိျပီး အျခားေက်ာင္းစရိတ္ရွာေဖြႏုိင္ဖို႔ နည္းလမ္းေတြ နည္းပါးေနပါေသးတယ္။

၂ - ေထာက္ပံ့ေရးပစၥည္း

ေက်ာင္းစတက္ခ်ိန္ကစျပီး ေက်ာင္းျပီးတဲ့အခ်ိန္ထိ ဝယ္ေနရမယ့္ စာအုပ္နဲ႔ ေဘာပင္လို အေသးအဖြဲ႕ေလးေတြ ျဖစ္ပါတယ္။ အက်ႌ၊ ေက်ာပိုးအိတ္နဲ႔ မိတ္ကပ္ထိ ပါဝင္တဲ့ ဒီကုန္က်စရိတ္ဟာ အေသးအဖြဲ႕လို႔ထင္ရေပမဲ့ ျပန္တြက္ၾကည့္ရင္ မနည္းပါဘူး။

၃ - လူမႈေရး

အေပါင္းအသင္းေတြနဲ႔ ေက်ာင္းတြင္း၊ေက်ာင္းျပင္ပ အတူရွိေနတဲ့အခါမ်ိဳးမွာ သံုးရတဲ့ ပိုက္ဆံပမာဏျဖစ္ပါတယ္။ ပိုက္ဆံျဖဳန္းတာမ်ိဳး မဟုတ္ဘဲ ေခၽြတာသံုးေပမယ့္လည္း သူငယ္ခ်င္း အေပါင္းအသင္းၾကားထဲ ကိုယ့္ဘက္က စိုက္ထုတ္ဖို႔လည္း လိုပါတယ္။ ဟိုသြားမယ္၊ ဒီသြားမယ္ဆိုတာေတြဟာ ေငြေၾကးမသံုးစြဲဘဲ ျဖစ္မလာပါဘူး။

၄ - အပိုပစၥည္း

မလိုအပ္ဘဲ ဝယ္ထားတဲ့ ပစၥည္းေတြ ျဖစ္ပါတယ္။ ဖုန္းနဲ႔ ကြန္ျပဳတာရွိေပမဲ့ တက္ဘလက္ ထပ္ဝယ္တာမ်ိဳးပါ။ ဖိနပ္ေလးငါးရံနဲ႔ ေက်ာပိုးအိတ္ ေလးငါးလံုးဝယ္တာ ျဖစ္ပါတယ္။ အဝတ္အစားအမ်ိဳးမ်ိဳးကို ေစ်းၾကီးေပးဝယ္တာမ်ိဳး ျဖစ္ပါတယ္။ တကၠသိုလ္ေက်ာင္းသားဘဝမွာကတည္းက ဒီလုိလက္မေႏွးဘဲ ဝယ္တဲ့အက်င့္ကို ေဖ်ာက္ထားသင့္ပါတယ္။

၅ - စာေမးပြဲက်ျခင္း

ဘာသာရပ္ကို စိတ္မဝင္စားတာနဲ႔ အျခားအေၾကာင္းေၾကာင္းေတြေၾကာင့္ စာေမးပြဲ ခဏခဏ က်ပါတယ္။ ဒီေတာ့ ကုန္သင့္တာထက္ ပိုကုန္ပါတယ္။ ေငြေၾကးအင္အားမေတာင့္တင္းဘူးဆုိရင္ေတာ့ တကၠသိုလ္မတက္ခင္ ဆံုးျဖတ္ခ်က္ မွန္ကန္ဖို႔ လိုပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Verison

တက္ကသိုလ်ဟာ စာသင်ရုံသက်သက်မဟုတ်ဘဲ လူမှုရေး၊ တစ်ကိုယ်ရည်အရေးအသွေးနဲ့ စတဲ့ အရည်အချင်းတွေကို လေ့ကျင့်ပေးရာနေရာလည်း ဖြစ်ပါတယ်။ လူကြီးတစ်ပိုင်းဖြစ်နေပြီဖြစ်တဲ့ ကျောင်းသားတွေဟာ ဒီအချိန်မှာ အစစအရာရာ ကိုယ်တိုင်ထိတွေ့ လေ့လာသင်ယူကြရပါတယ်။ ပညာရေးကအစ ဒီလိုအခါမှာ ငွေကြေးမဖြစ်မနေ သုံးစွဲရပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝမှာ ငွေကြေး သုံးစွဲရဆုံး အရာငါးခုကို ဖော်ပြထားပါတယ်။ သင့်အတွက်တော့ ငွေကြေးကုန်ကျရတဲ့ အခြားအကြောင်းအရာတွေ ရှိနေနိုင်ပါတယ်။ ဥပမာ - နယ်ကလာတက်တာကြောင့် အဆောင်စရိတ်နဲ့ စားစရိတ်ကုန်ခြင်းမျိုးပါ။

၁ - ကျူရှင်

ကျူရှင်ခဟာ မူရင်းကျောင်းတက်စရိတ်ထက် ဈေးကြီးနိုင်ပါတယ်။ ပိုက်ဆံကုန်ကျတာကြောင့်  မိဘတွေ အငြီးဆုံးဟာလည်း ကျူရှင်လခပဲ ဖြစ်ပါတယ်။ ပြည်ပမှာတော့ ပညာသင်ဆု အပြည့်ရတဲ့အခါ ခံသာပေမဲ့ ဒီမှာတော့ ဒီလိုပေးတာမျိုး နည်းပါးပါသေးတယ်။ ကြီးမားလှတဲ့ ကျူရှင်ခကို ပြန်ကာမိဖို့အတွက် ကျောင်းသားကိုယ်တိုင် စာပြန်ပြတာမျိုးပဲ ရှိပြီး အခြားကျောင်းစရိတ်ရှာဖွေနိုင်ဖို့ နည်းလမ်းတွေ နည်းပါးနေပါသေးတယ်။

၂ - ထောက်ပံ့ရေးပစ္စည်း

ကျောင်းစတက်ချိန်ကစပြီး ကျောင်းပြီးတဲ့အချိန်ထိ ဝယ်နေရမယ့် စာအုပ်နဲ့ ဘောပင်လို အသေးအဖွဲ့လေးတွေ ဖြစ်ပါတယ်။ အကျႌ၊ ကျောပိုးအိတ်နဲ့ မိတ်ကပ်ထိ ပါဝင်တဲ့ ဒီကုန်ကျစရိတ်ဟာ အသေးအဖွဲ့လို့ထင်ရပေမဲ့ ပြန်တွက်ကြည့်ရင် မနည်းပါဘူး။

၃ - လူမှုရေး

အပေါင်းအသင်းတွေနဲ့ ကျောင်းတွင်း၊ကျောင်းပြင်ပ အတူရှိနေတဲ့အခါမျိုးမှာ သုံးရတဲ့ ပိုက်ဆံပမာဏဖြစ်ပါတယ်။ ပိုက်ဆံဖြုန်းတာမျိုး မဟုတ်ဘဲ ချွေတာသုံးပေမယ့်လည်း သူငယ်ချင်း အပေါင်းအသင်းကြားထဲ ကိုယ့်ဘက်က စိုက်ထုတ်ဖို့လည်း လိုပါတယ်။ ဟိုသွားမယ်၊ ဒီသွားမယ်ဆိုတာတွေဟာ ငွေကြေးမသုံးစွဲဘဲ ဖြစ်မလာပါဘူး။

၄ - အပိုပစ္စည်း

မလိုအပ်ဘဲ ဝယ်ထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဖုန်းနဲ့ ကွန်ပြုတာရှိပေမဲ့ တက်ဘလက် ထပ်ဝယ်တာမျိုးပါ။ ဖိနပ်လေးငါးရံနဲ့ ကျောပိုးအိတ် လေးငါးလုံးဝယ်တာ ဖြစ်ပါတယ်။ အဝတ်အစားအမျိုးမျိုးကို ဈေးကြီးပေးဝယ်တာမျိုး ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝမှာကတည်းက ဒီလိုလက်မနှေးဘဲ ဝယ်တဲ့အကျင့်ကို ဖျောက်ထားသင့်ပါတယ်။

၅ - စာမေးပွဲကျခြင်း

ဘာသာရပ်ကို စိတ်မဝင်စားတာနဲ့ အခြားအကြောင်းကြောင်းတွေကြောင့် စာမေးပွဲ ခဏခဏ ကျပါတယ်။ ဒီတော့ ကုန်သင့်တာထက် ပိုကုန်ပါတယ်။ ငွေကြေးအင်အားမတောင့်တင်းဘူးဆိုရင်တော့ တက္ကသိုလ်မတက်ခင် ဆုံးဖြတ်ချက် မှန်ကန်ဖို့ လိုပါတယ်။
Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top