iMyanmarHouse.com - Best Property Website for Myanmar
×

သင့္စိတ္ထဲမွာ ခံစားေနရတဲ့ အေတြးေတြနဲ႔ ခံစားခ်က္တိုင္းကုိ ခႏၶာကိုယ္က တစ္နည္းနည္းနဲ႔ ပုံေဖာ္ေလ့ရွိတယ္ဆိုတာကို သင္သိပါသလား။ အေၾကာင္းကေတာ့ သင့္ရဲ႕ စိတ္ခံစားခ်က္ေပၚမူတည္ျပီး ခႏၶာကိုယ္က အမ်ဳိးမ်ဳိးေသာ ဓာတုပစၥည္းေတြကို ထုတ္ေပးတာေၾကာင့္ျဖစ္ပါတယ္။ ေပ်ာ္ေနတဲ့အခ်ိန္မွာ ခံစားခ်က္ေကာင္းတဲ့ ဓာတုပစၥည္းေတြထြက္ျပီး စိတ္ပူပန္မႈမ်ားတဲ့အခ်ိန္ေတြမွာ စိတ္ဖိစီးမႈေဟာ္မုန္းေတြကို ထုတ္ေပးေလ့ရွိပါတယ္။

စိတ္ခံစားခ်က္ေၾကာင့္ျဖစ္တဲ့ ခႏၶာကိုယ္နာက်င္မႈေတြကို ပညာရွင္ေတြက သုေတသနျပဳျပီး ေလ့လာေတြ႔ရွိထားပါတယ္။ ဘယ္လိုေနရာက နာက်င္ရင္ ဘယ္လိုစိတ္ခံစားမႈေၾကာင့္ျဖစ္တယ္ဆုိတာ ေယဘုယ်က်က် သိႏုိင္မွာျဖစ္ပါတယ္။

နာက်င္တဲ့ေနရာေတြနဲ႔ ျဖစ္ႏုိင္ေခ်ရွိတဲ့ အေၾကာင္းရင္းမ်ား

လည္ပင္း- အေၾကာင္းရင္းတစ္ခုရဲ႕ အျခားတစ္ဖက္ကို ၾကည့္ဖုိ႔ ျငင္းဆန္တာေၾကာင့္ျဖစ္တတ္ပါတယ္။ ေခါင္းမာတာ၊ ေျပာင္းလဲျပင္ဆင္လိုစိတ္မရွိတဲ့ စိတ္ေၾကာင့္ျဖစ္တတ္ပါတယ္။
ပခုံး- ဘဝကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းႏုိင္တဲ့အစြမ္းနဲ႔ ဆုိင္ပါတယ္။ ကိုယ့္ဘဝကို ဝန္ထုတ္ဝန္ပိုးတစ္ခုလို ခံစားမိတဲ့အခ်ိန္ေတြမွာ ပခုံးတဝိုက္နာက်င္မႈကို ခံစားရေလ့ရွိပါတယ္။
ေက်ာရိုး(အေပၚပိုင္း)- စိတ္ခံစားခ်က္ပိုင္းဆိုင္ရာ ပံ့ပိုးေပးမႈမရွိရင္၊ အခ်စ္မခံရဘူးလို႔ ခံစားရရင္၊ အထီးက်န္ေနတဲ့ခံစားရတဲ့အခ်ိန္ေတြမွာ နာက်င္ေလ့ရွိတဲ့ေနရာပါ။
ေက်ာရိုး(အလယ္ပိုင္း)- အျပစ္ရွိတယ္လို႔ ခံစားရတဲ့အခါ၊ အတိတ္ကေန ရုန္းမထြက္ႏုိင္တဲ့အခါ နာက်င္တတ္ပါတယ္။
ေက်ာရိုး(ေအာက္ပိုင္း)- ေငြေၾကာင့္ စိုးရိမ္ပူပင္ရတဲ့အခ်ိန္၊ ေငြေရးေၾကးေရး အခက္အခဲေတြ႔ခ်ိန္ေတြမွာ ေက်ာရိုးေအာက္ပိုင္းတစ္ေလွ်ာက္ နာက်င္တတ္ပါတယ္။
တံေတာင္ဆစ္- လႈပ္ရွားမႈကုိ ကိုယ္စားျပဳသလို စိတ္သက္သာမႈမရွိတာကိုလည္း ကိုယ္စားျပဳတတ္ပါတယ္။
တင္ပါး- အေရးၾကီးတဲ့ဆုံးျဖတ္ခ်က္ျပီးေနာက္ ေရွ႕ဆက္ဖို႔ေၾကာက္ရြ႔ံ႔ေနတဲ့အခါမွာ နာက်င္မႈျဖစ္တတ္ပါတယ္။
ဒူးေခါင္း- မာနေတြ၊ အတၱေတြ အရမ္းျပင္းထန္ေနတဲ့အခ်ိန္မ်ဳိး၊ ေခါင္းမာျပီး ဘာကိုမွ အေလွ်ာ့မေပးခ်င္တဲ့ အခ်ိန္မ်ိဳးေတြမွာ ဒူးေခါင္းနားတစ္ဝိုက္နာက်င္မႈျဖစ္ေလ့ရွိပါတယ္။


Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်စိတ်ထဲမှာ ခံစားနေရတဲ့ အတွေးတွေနဲ့ ခံစားချက်တိုင်းကို ခန္ဓာကိုယ်က တစ်နည်းနည်းနဲ့ ပုံဖော်လေ့ရှိတယ်ဆိုတာကို သင်သိပါသလား။ အကြောင်းကတော့ သင့်ရဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး ခန္ဓာကိုယ်က အမျိုးမျိုးသော ဓာတုပစ္စည်းတွေကို ထုတ်ပေးတာကြောင့်ဖြစ်ပါတယ်။ ပျော်နေတဲ့အချိန်မှာ ခံစားချက်ကောင်းတဲ့ ဓာတုပစ္စည်းတွေထွက်ပြီး စိတ်ပူပန်မှုများတဲ့အချိန်တွေမှာ စိတ်ဖိစီးမှုဟော်မုန်းတွေကို ထုတ်ပေးလေ့ရှိပါတယ်။

စိတ်ခံစားချက်ကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်နာကျင်မှုတွေကို ပညာရှင်တွေက သုတေသနပြုပြီး လေ့လာတွေ့ရှိထားပါတယ်။ ဘယ်လိုနေရာက နာကျင်ရင် ဘယ်လိုစိတ်ခံစားမှုကြောင့်ဖြစ်တယ်ဆိုတာ ယေဘုယျကျကျ သိနိုင်မှာဖြစ်ပါတယ်။

နာကျင်တဲ့နေရာတွေနဲ့ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းများ

လည်ပင်း- အကြောင်းရင်းတစ်ခုရဲ့ အခြားတစ်ဖက်ကို ကြည့်ဖို့ ငြင်းဆန်တာကြောင့်ဖြစ်တတ်ပါတယ်။ ခေါင်းမာတာ၊ ပြောင်းလဲပြင်ဆင်လိုစိတ်မရှိတဲ့ စိတ်ကြောင့်ဖြစ်တတ်ပါတယ်။
ပခုံး- ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်တဲ့အစွမ်းနဲ့ ဆိုင်ပါတယ်။ ကိုယ့်ဘဝကို ဝန်ထုတ်ဝန်ပိုးတစ်ခုလို ခံစားမိတဲ့အချိန်တွေမှာ ပခုံးတဝိုက်နာကျင်မှုကို ခံစားရလေ့ရှိပါတယ်။
ကျောရိုး(အပေါ်ပိုင်း)- စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုမရှိရင်၊ အချစ်မခံရဘူးလို့ ခံစားရရင်၊ အထီးကျန်နေတဲ့ခံစားရတဲ့အချိန်တွေမှာ နာကျင်လေ့ရှိတဲ့နေရာပါ။
ကျောရိုး(အလယ်ပိုင်း)- အပြစ်ရှိတယ်လို့ ခံစားရတဲ့အခါ၊ အတိတ်ကနေ ရုန်းမထွက်နိုင်တဲ့အခါ နာကျင်တတ်ပါတယ်။
ကျောရိုး(အောက်ပိုင်း)- ငွေကြောင့် စိုးရိမ်ပူပင်ရတဲ့အချိန်၊ ငွေရေးကြေးရေး အခက်အခဲတွေ့ချိန်တွေမှာ ကျောရိုးအောက်ပိုင်းတစ်လျှောက် နာကျင်တတ်ပါတယ်။
တံတောင်ဆစ်- လှုပ်ရှားမှုကို ကိုယ်စားပြုသလို စိတ်သက်သာမှုမရှိတာကိုလည်း ကိုယ်စားပြုတတ်ပါတယ်။
တင်ပါး- အရေးကြီးတဲ့ဆုံးဖြတ်ချက်ပြီးနောက် ရှေ့ဆက်ဖို့ကြောက်ရွံ့နေတဲ့အခါမှာ နာကျင်မှုဖြစ်တတ်ပါတယ်။
ဒူးခေါင်း- မာနတွေ၊ အတ္တတွေ အရမ်းပြင်းထန်နေတဲ့အချိန်မျိုး၊ ခေါင်းမာပြီး ဘာကိုမှ အလျှော့မပေးချင်တဲ့ အချိန်မျိုးတွေမှာ ဒူးခေါင်းနားတစ်ဝိုက်နာကျင်မှုဖြစ်လေ့ရှိပါတယ်။



Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top