iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Trend Myanmar

ပို့သပေးပါတယ်။


Unicode Version

သန္ဓေတားဆေးတွေဆိုတာ ခန္ဓာကိုယ်အတွင်း ဟော်မုန်းပမာဏ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းဖို့ ဖန်တီးထားတာပါ။ ဒါ့ကြောင့် ဆေးကို နေတိုင်း ပုံမှန်အချိန်တိတိကျကျ သောက်ပြီး တစ်ရက်မှ မပျက်ကွက်ဖို့ အရေးကြီးပါတယ်။ ဆေးသောက်ဖို့မေ့တာ သို့မဟုတ် နောက်ကျတာတို့က ခန္ဓာကိုယ်အတွင်း ဟော်မုန်းပမာဏ လျော့ကျစေတယ်။ ပြီးတော့ ရာသီလာချိန်ပေါ်မူတည်ပြီး သားအိမ်မှာ ဥတည်နိုင်ပါတယ်။ တစ်ရက်တည်း ချစ်တင်းနှောမှု ပြုလုပ်ပါက ကိုယ်ဝန်ရနိုင်ပါတယ်။ ဒီလိုမတော်တဆဖြစ်ပွားမှုတွေ ရှောင်ရှားချင်ရင် နေ့တိုင်း အချိန်တိကျစွာ ဆေးသောက်ပေးဖို့ မမေ့ပါနဲ့။

အမျိုးသမီးတွေ အာနိသင်မရှိတဲ့ ဆေး placebo သောက်တာ ရှောင်ကြပါတယ်။ အာနိသင်မရှိတဲ့ ဆေးတွေက ဘာမှ မလုပ်ပေးပေမယ့် ပုံမှန်အလေ့အကျင့်ဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဆေးပြတ်တော့မယ်ဆိုရင် နောက်တစ်သုတ် အသင့်ဆောင်ထားသင့်ပါတယ်။

သန္ဓေတားဆေးတွေ မထိရောက်တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုက အရက်သောက်တာများရင် ဆေးရဲ့ဟော်မုန်းစုပ်ယူမှု ထိခိုက်စေနိုင်ပါတယ်။ ဆေးသောက်ပြီးချင်း အန်ရင်လည်း ထိရောက်မှုရှိမှာ မဟုတ်ပါဘူး။

သန္ဓေတားဆေးသုံးပြီး ကိုယ်ဝန်မရှိအောင် လုပ်ချင်ရင် တစ်ခုတည်းသောနည်းလမ်းက ပုံမှန်အလေ့အထကို မပြတ်ထိန်းသိမ်းပြီး တစ်ရက်မျှ ဆေးသောက်မပျက်ပါနဲ့။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top