iMyanmarHouse.com - Best Property Website for Myanmar
×

ခုေခတ္မွာ ေကာ္ဖီနဲ႔ ႏုိ႔ကဲ့သုိ႔ ဖုန္းနဲ႔ မနက္ခင္းက ခြဲလုိ႔မရပါဘူး။ မိမိ အင္စတာဂရမ္၊ ေဖ့စ္ဘြတ္ခ္၊ တြစ္တာနဲ႔ ဂူဂဲလ္သတင္းေတြ ၾကည့္ခ်င္၊ စစ္ခ်င္ေဇာေတြ အလုိအေလ်ာက္ကို ျဖစ္ေနၾကတာပါ။ လတ္တေလာျဖစ္ပ်က္တဲ့ သတင္းအေၾကာင္းအရာေတြ အမွီလုိက္ဖုိ႔နဲ႔ မိမိအိပ္ေနတုန္း ကုိယ္တင္ထားတဲ့ ဓာတ္ပုံေတြ like ဘယ္ေလာက္ျပီလဲ ၾကည့္ခ်င္စိတ္ဟာ ပုံမွန္လုိျဖစ္ေနတတ္တာမုိ႕ မနက္အိပ္ရာထထခ်င္း ဖုန္းေကာက္ကိုင္ျပီး ပြတ္ေနတာမ်ိဳးဟာ သင့္စိတ္က်န္းမာေရးအေပၚ အႏုတ္လကၡဏာေဆာင္တဲ့ အက်ဳိးသက္ေရာက္မႈ အမွန္တကယ္ ျဖစ္ေစႏုိင္ပါတယ္။

အီးေမးလ္နဲ႔ ဆုိရွယ္မီဒီယာႏုိတီေတြ ပုံမွန္လက္ခံရရိွတာက စိတ္ဖိစီးမႈ ျဖစ္ပြားေစႏုိင္တယ္လုိ႔ သုေတသနေလ့လာမႈက ေဖာ္ျပခဲ့ပါတယ္။ ယူေကႏုိင္ငံက အလုပ္သမား အေယာက္ ၂,၀၀၀ နီးပါး စစ္တမ္းေကာက္ယူရာကေန အီးေမးလ္ႏုိတီေတြဟာ စိတ္ပူပန္မႈပမာဏ ပိုျမင့္တက္ေစခဲ့ေၾကာင့္ ေလ့လာေတြ႔ရိွခဲ့ပါတယ္။

အရင္ဆုံး ဖုန္းၾကည့္ျခင္းရဲ႕ ေနာက္ထပ္ အက်ဳိးဆက္တစ္ခုက ေလ့က်င့္ခန္းလုပ္ျခင္း၊ တရားထုိင္ျခင္း သုိ႔မဟုတ္ ေရမုိးခ်ဳိးျခင္းနဲ႔ ရထားခ်ိန္မီျခင္းစသျဖင့္ မနက္ခင္း ပုံမွန္လုပ္ရုိးလုပ္စဥ္ေတြ ထိန္းသိမ္းလုပ္ေဆာင္ဖုိ႔ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ဒါေတြေၾကာင့္ မိမိကုိယ္ကိုယ္ ေႏွာင့္ယွက္ခြင့္ေပးပါက အခ်ိန္ အလဟသျဖစ္ျပီး တစ္ေန႔တာလုံးအတြက္ အာရုံစူးစုိက္မႈနဲ႔ လုပ္အား နစ္နာေစႏုိင္ပါတယ္။

မနက္အိပ္ရာႏုိးဖုိ႔ ဖုန္းရဲ႕ႏႈိးစက္ကို သင္ အားကိုးေနႏုိင္တာမို႔ ဖုန္းကို အိပ္ခန္းနဲ႔ ေဝးေဝးမွာ ထားပါလို႔ အၾကံမျပဳရက္ပါဘူး။ ဒါေပမယ့္ အီးေမးလ္ သုိ႔မဟုတ္ ဆုိရွယ္မီဒီယာကို အလုပ္မဝင္မခ်င္း မစစ္ဘဲ ေနႏုိင္ရင္ သင့္ရဲ႕ တစ္ေန႔တာကို ပိုမိုေအးေအးခ်မ္းခ်မ္းနဲ႔ အစျပဳႏုိင္ပါလိမ့္မယ္။
Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခုခေတ်မှာ ကော်ဖီနဲ့ နို့ကဲ့သို့ ဖုန်းနဲ့ မနက်ခင်းက ခွဲလို့မရပါဘူး။ မိမိ အင်စတာဂရမ်၊ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ ဂူဂဲလ်သတင်းတွေ ကြည့်ချင်၊ စစ်ချင်ဇောတွေ အလိုအလျောက်ကို ဖြစ်နေကြတာပါ။ လတ်တလောဖြစ်ပျက်တဲ့ သတင်းအကြောင်းအရာတွေ အမှီလိုက်ဖို့နဲ့ မိမိအိပ်နေတုန်း ကိုယ်တင်ထားတဲ့ ဓာတ်ပုံတွေ like ဘယ်လောက်ပြီလဲ ကြည့်ချင်စိတ်ဟာ ပုံမှန်လိုဖြစ်နေတတ်တာမို့ မနက်အိပ်ရာထထချင်း ဖုန်းကောက်ကိုင်ပြီး ပွတ်နေတာမျိုးဟာ သင့်စိတ်ကျန်းမာရေးအပေါ် အနုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှု အမှန်တကယ် ဖြစ်စေနိုင်ပါတယ်။

အီးမေးလ်နဲ့ ဆိုရှယ်မီဒီယာနိုတီတွေ ပုံမှန်လက်ခံရရှိတာက စိတ်ဖိစီးမှု ဖြစ်ပွားစေနိုင်တယ်လို့ သုတေသနလေ့လာမှုက ဖော်ပြခဲ့ပါတယ်။ ယူကေနိုင်ငံက အလုပ်သမား အယောက် ၂,၀၀၀ နီးပါး စစ်တမ်းကောက်ယူရာကနေ အီးမေးလ်နိုတီတွေဟာ စိတ်ပူပန်မှုပမာဏ ပိုမြင့်တက်စေခဲ့ကြောင့် လေ့လာတွေ့ရှိခဲ့ပါတယ်။

အရင်ဆုံး ဖုန်းကြည့်ခြင်းရဲ့ နောက်ထပ် အကျိုးဆက်တစ်ခုက လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း သို့မဟုတ် ရေမိုးချိုးခြင်းနဲ့ ရထားချိန်မီခြင်းစသဖြင့် မနက်ခင်း ပုံမှန်လုပ်ရိုးလုပ်စဉ်တွေ ထိန်းသိမ်းလုပ်ဆောင်ဖို့ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါတွေကြောင့် မိမိကိုယ်ကိုယ် နှောင့်ယှက်ခွင့်ပေးပါက အချိန် အလဟသဖြစ်ပြီး တစ်နေ့တာလုံးအတွက် အာရုံစူးစိုက်မှုနဲ့ လုပ်အား နစ်နာစေနိုင်ပါတယ်။

မနက်အိပ်ရာနိုးဖို့ ဖုန်းရဲ့နှိုးစက်ကို သင် အားကိုးနေနိုင်တာမို့ ဖုန်းကို အိပ်ခန်းနဲ့ ဝေးဝေးမှာ ထားပါလို့ အကြံမပြုရက်ပါဘူး။ ဒါပေမယ့် အီးမေးလ် သို့မဟုတ် ဆိုရှယ်မီဒီယာကို အလုပ်မဝင်မချင်း မစစ်ဘဲ နေနိုင်ရင် သင့်ရဲ့ တစ်နေ့တာကို ပိုမိုအေးအေးချမ်းချမ်းနဲ့ အစပြုနိုင်ပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top